News

POST TYPE

ADVERTORIAL

ခေတ်မီမီနဲ့ Google Map ကို အကျိုးရှိရှိ သုံးကြမယ်
24-May-2018 tagged as


သင့်ဖုန်းထဲမှာ ရှိနေတဲ့ Google Map ဟာ သင်ထင်ထားတာထက် ပိုပြီးအသုံးတည့်တဲ့ Application တစ်ခုပါ။ အရင်တုန်းကတော့ Google Map ဟာလမ်းကြောင်းတွေ မစုံလင်တာ၊ လက်တွေ့မြေပြင် အခြေအနေနဲ့ ကင်းကွာတာမျိုးတွေ ရှိတတ်တဲ့အတွက် သိပ်အားကိုးလို့ မရခဲ့ပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Google Map ရဲ့ လမ်းကြောင်းတွေက မြန်မာတစ်နိုင်ငံလုံး အနေအထားနဲ့တောင် ပြည့်စုံတိကျလာပြီး ယာဉ်ကြော အခြေအနေတွေထိတောင် မှန်မှန်ကန်ကန် ဖော်ပြပေးနိုင်လာတာကြောင့် ကိုယ်သွားချင်တဲ့နေရာကို ဟိုမေး၊ ဒီမေးလုပ်နေဖို့ မလိုတော့ဘဲ Google Map အားကိုးနဲ့ သွားလို့ရနေပါပြီ။ Google Map မှာ ပုံမှန် မြေပုံကြည့်တာအပြင် တခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေလည်း ရှိနေပါသေးတယ်။

(၁) ကိုယ့်ရဲ့အိမ်နဲ့ရုံးလိပ်စာတွေကို Save ထားမယ်

ကိုယ့်ရဲ့ အိမ်နဲ့ ရုံးလိပ်စာတွေကို Google Map မှာ Save ထားလိုက်မယ်ဆိုရင် အိမ်ကနေ၊ ဒါမှမဟုတ် ရုံးကနေ တစ်နေရာရာကို သွားချင်ရင်ပဲဖြစ်ဖြစ်၊ တစ်နေရာရာကနေ ပြန်တဲ့အခါမှာပဲဖြစ်ဖြစ် အနီးဆုံးလမ်းကြောင်းကို အလွယ်တကူ ရှာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို အိမ်နဲ့ ရုံးလိပ်စာကို Save ထားဖို့အတွက် ဖုန်းမျက်နှာပြင်ရဲ့ အပေါ်၊ ဘယ်ဘက်ထောင့်နားက မျဉ်း ၃ ကြောင်းပုံကိုနှိပ်ပြီး Menu ကိုဖော်ပါ။ အဲဒီနောက်ပေါ်လာတဲ့ Menu ထဲက Your Places ကိုနှိပ်လိုက်ရင် Home နဲ့ Work ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒီထဲကိုဝင်ပြီး ကိုယ့်ရဲ့လိပ်စာကို ထည့်လိုက်ရင်ရပပြီ။

(၂) ကိုယ်ရောက်နေတဲ့နေရာကို တခြားသူတွေကို ပြမယ်

ကိုယ်လက်ရှိရောက်နေတဲ့နေရာကို လိပ်စာရေးပေးနေတာထက် Google Map မှာတစ်ခါတည်း Location ကိုပြလိုက်တာ ပိုပြီးတိကျသလို၊ ရှာရမယ့်လူအတွက်လည်းပိုပြီး လွယ်ကူစေပါတယ်။ ကိုယ်ပြချင်တဲ့ Location တစ်ခုကို Screenshot ဖမ်းစရာမလိုဘဲ တခြားသူတွေကို အလွယ်တကူ Share လို့ရပါတယ်။ Google Map မှာ ကိုယ်လက်ရှိရောက်နေတဲ့နေရာကို ပြနေတဲ့ အပြာရောင်အစက်လေးရှိပါတယ်။ အဲဒါလေးကို ဖိလိုက်တဲ့အခါ ပေါ်လာတဲ့စာရင်းထဲက Share Your Location ကို နှိပ်လိုက်ရင် မက်ဆေ့ခ်ျ၊ Facebook ၊ Messenger ၊​Email စတဲ့နည်းလမ်းတွေထဲက ကိုယ်နှစ်သက်ရာ နည်းလမ်းကိုရွေးပြီး တခြားသူတွေကို Share လို့ရပါပြီ။

(၃) လမ်းကြောင်းခပ်မြန်မြန်ရှာမယ်

ကိုယ်ရောက်နေတဲ့နေရာကနေ ကိုယ်သွားချင်တဲ့နေရာကို အနီးဆုံး၊ အမြန်ဆုံးဖြစ်မယ့်လမ်းကြောင်းကို Google Map က ပြပေးနိုင်ပါတယ်။ အခုဆိုရင် Satellite ပုံရိပ်တွေကတဆင့် ယာဉ်ကြောပိတ်ဆို့မှုတွေကိုတောင် Google Map က ပြပေးနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်သွားချင်တဲ့နေရာကို အမြန်ဆုံး ရောက်နိုင်မယ့်လမ်းကြောင်းကို Google Map ကနေ ခပ်မြန်မြန်ကြည့်ဖို့ဆိုရင် ဘယ်ဘက်အောက်ထောင့်နားက Go ဆိုတာလေးကို နှိပ်လိုက်ပါ။ အဲဒီနောက် From နေရာမှာ Your Location လို့ အလိုလိုပေါ်နေမှာဖြစ်ပြီး To နေရာမှာတော့ ကိုယ်သွားချင်တဲ့နေရာကို ထည့်လိုက်ရုံပါပဲ။ ဒါဆိုရင် Google Map က အနီးဆုံးနဲ့ အမြန်ဆုံးရောက်မယ့် လမ်းကြောင်းကို ပြပေးပါလိမ့်မယ်။

ကဲဒါတွေကတော့ Google Map ကို ထိထိရောက်ရောက် သုံးနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးခဲ့တာပါ။ Google Map ကို အကျိုးရှိရှိသုံးနိုင်ဖို့ မရှိမဖြစ် လိုအပ်တာကတော့ မြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာတဲ့ အင်တာနက်ပါပဲ။ ဒီအတွက် အားကိုးနိုင်တာက မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၂၂၀ ကျော်အထိ လွှမ်းခြုံထားပြီး လိုင်းဆွဲအားတည်ငြိမ်ကောင်းမွန်တဲ့ အူရီဒူးမြန်မာရဲ့ 4G Plus ကွန်ရက်ပါပဲ။ အူရီဒူးရဲ့ 4G Plus ကွန်ရက်ကို အသုံးပြုဖို့အတွက် ဆင်းမ်ကဒ် လဲစရာမလိုသလို တခြားအလုပ်ပိုတွေလည်း ဘာမှလုပ်စရာ မလိုပါဘူး။ ကိုယ်ရဲ့ Handset မှာ 4G ကို Enable လုပ်လိုက်ရုံနဲ့ အဆင်သင့် အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အူရီဒူးမြန်မာက အထူးပရိုမိုးရှင်းတွေကိုလည်း သုံးစွဲသူတွေအတွက် အမြဲတမ်း ဖန်တီးပေးအပ်နေတာကြောင့် ဖုန်းဘေလ် အကုန်အကျများမှာကိုလည်း ပူနေစရာမလိုပါဘူး။ ကဲ ... Google Map ရယ်၊ အူရီဒူးရဲ့ 4G Plus ရယ်နဲ့ မြန်မာနိုင်ငံအနှံ့ ခြေဆန့်လိုက်ကြရအောင်။

  • TAGS