News

POST TYPE

ADVERTORIAL

စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ အင်တာနက်သုံးဖို့၊ ဖုန်းပြောဖို့ ဖုန်းဘေလ် အပိုရရှိနိုင်တဲ့နည်းလမ်း
23-May-2018

စနေ၊တနင်္ဂနွေပိတ်ရက်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ ဖုန်းသုံးရင်း အေးဆေးနှပ်တတ်တဲ့သူတွေရှိလား။ ရှိတယ်ဆိုရင်တော့ ပိတ်ရက်မှာ ဖုန်းသုံးဖို့ ဖုန်းဘေလ် အပိုလေး၊ ဘာလေးရရင်ကောင်းမှာပေါ့နော်။

အူရီဒူးမြန်မာရဲ့ Special Friday E Load Top Up Bonus က အဲဒီလို ပိတ်ရက်မှာ ဖုန်းလေးသုံးပြီး အေးဆေးနှပ်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ။

Special Friday E Load Top Up Bonus ဆိုတာက သောကြာနေ့မှာ E Load နဲ့ ငွေဖြည့်တဲ့သူတွေကို ၂၅ ရာခိုင်နှုန်း ငွေဖြည့် အပိုလက်ဆောင်ပေးတဲ့ အူရီဒူးရဲ့ အထူးပရိုမိုးရှင်းပါ။

ဒီပရိုမိုးရှင်းကို ဖေဖော်ဝါရီ (၂) ရက်နေ့ကစတင်ပြီး အူရီဒူးက သောကြာနေ့တိုင်း ပေးနေတာပဲ ဖြစ်ပါတယ်။

Special Friday E Load Top Up Bonus ကနေ ရရှိလာတဲ့ ငွေဖြည့် အပိုလက်ဆောင်တွေကို သုံးစွဲသူတွေအနေနဲ့ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုတာ၊ SMS ပို့တာနဲ့ သုံးသလောက်ပေး အင်တာနက်တို့အတွက် အသုံးပြုနိုင်ပြီး သက်တမ်းကလည်း (၃) ရက် ရရှိတာကြောင့် ပိတ်ရက်မှာ ဖုန်းလေးသုံးပြီး အေးဆေးနှပ်ဖို့ ကွက်တိပါပဲ။

နောက်ပြီး သောကြာနေ့မှာ E Load နဲ့ငွေဘယ်နှစ်ကြိမ်ဖြည့်ဖြည့် ဖြည့်တဲ့အကြိမ်တိုင်းအတွက် (၂၅) ရာခိုင်နှုန်း အပိုလက်ဆောင် ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ကိုယ်ဖြည့်တဲ့ ဖုန်းဘေလ် ပမာဏအလိုက်ရရှိမယ့် (၂၅) ရာခိုင်နှုန်း ငွေဖြည့်အပိုလက်ဆောင်တွေကတော့ (၅၀၀) ကျပ်ဖြည့်ရင် (၁၂၅) ကျပ်၊ (၁၀၀၀) ကျပ်ဖြည့်ရင် (၂၅၀) ကျပ်၊ (၃၀၀၀) ကျပ်ကို (၇၅၀) ကျပ်၊ (၅၀၀၀) ကျပ်ကို (၁၂၅၀) ကျပ်၊ (၁၀၀၀၀) ကျပ်ကို (၂၅၀၀) ကျပ်နဲ့ (၂၀၀၀၀) ကျပ်ဖြည့်ရင် (၅၀၀၀) ကျပ်တို့ပဲ ဖြစ်ပါတယ်။