News

POST TYPE

ADVERTORIAL

ဖုန်း ၁ မိနစ်ခေါ်ဆိုတိုင်း ကလေးတွေရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ အကူအညီပေးနေတဲ့ အူရီဒူးက မေလအတွင်း မွန်ပြည်နယ်မှာ ငွေကျပ်သိန်း ၄၀၀ ကျော်လှူဒါန်းခဲ့
15-May-2018 tagged as အူရီဒူး


အနာဂတ် မျိုးဆက်သစ် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အူရီဒူးကနေပြီး မိနစ်များများပြောလေ၊ များများလှူပေးလေ အစီအစဉ်အရ လှူဒါန်းမှုတွေ လုပ်လျက်ရှိရာ မေလအတွင်းမှာလည်း မွန်ပြည်နယ်မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ငွေကျပ်သိန်း ၄၀၀ နဲ့ အထောက်အကူပြု ပစ္စည်းတွေ လှူဒါန်းသွားခဲ့ပါတယ်။

မွန်ပြည်နယ်က မြို့ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ဟံသာဝတီတိုက်သစ် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို တစ်ကျောင်းကို ငွေကျပ်သိန်း ၂၀၀ စီ၊ Laptop ၃ လုံးစီ၊ ပရင်တာနဲ့ စကင်နာ ၁ လုံးစီ မိုဒန်းတစ်လုံးစီ လှူဒါန်းခဲ့တာပါ။

အူရီဒူးရဲ့ မိနစ်များများပြောလေ၊ များများလှူပေးလေ အစီအစဉ်ဟာဆိုရင် အူရီဒူးဖုန်းနဲ့ ဖုန်းခေါ်ဆိုမှု ၁ မိနစ်တိုင်းအတွက် ငွေ ၁ ကျပ်နှုန်း လှူဒါန်းပေးလျက်ရှိတာပဲ ဖြစ်ပါတယ်။

အူရီဒူးဖုန်း အချင်းချင်း ခေါ်ဆိုမှုတွေအတွက်သာ လှူဒါန်းပေးတာ မဟုတ်ဘဲ အူရီဒူးဖုန်းကနေ မြန်မာနိုင်ငံတဝှမ်းလုံးက ဘယ်အော်ပရေတာရဲ့ဖုန်းကိုပဲခေါ်ခေါ် တစ်မိနစ်ကို တစ်ကျပ်နှုန်းနဲ့ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

တစ်မိနစ်ကို တစ်ကျပ်နှုန်းနဲ့ လှူဒါန်းတယ်ဆိုတဲ့နေရာမှာ သုံးစွဲသူတွေဆီကနေ ပိုက်ဆံ ပိုမိုဖြတ်တောက်ပြီး လှူဒါန်းတာမျိုး မဟုတ်ဘဲ အူရီဒူးက စိုက်ထုတ် လှူဒါန်းပေးခြင်း ဖြစ်ပါတယ်။

မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ အစီအစဉ်ကနေတစ်ဆင့် အူရီဒူးကနေပြီး ကျပ်သန်း တစ်ထောင်ကျော်အထိ လှူဒါန်းသွားဖို့ ရည်မှန်းထားတယ်လို့ အူရီဒူးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်မှာ မကွေး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွေမှာ စုစုပေါင်း ကျပ်သိန်း ၃၀၀၀ ကျော်အထိ လှူဒါန်းထားပြီးပြီ ဖြစ်ပါတယ်။

အဲဒီလိုလှူဒါန်းတဲ့နေရာမှာ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာရေး ထောက်ပံ့ပေးနိုင်ဖို့ အဓိကဦးတည်ပြီး လှူဒါန်းလျက်ရှိတာပါ။

လှူဒါန်းရမယ့်နေရာတွေ၊ ကျောင်းတွေကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားအကြံပြုချက်အရ ရွေးချယ်လှူဒါန်းတာပဲဖြစ်ပါတယ်။