News

POST TYPE

ADVERTORIAL

ဘာကြောင့် 4G ကွန်ရက်ကို ရွေးချယ်အသုံးပြုသင့်တာလဲ...
29-Apr-2018 tagged as

ဆက်သွယ်ရေး နည်းပညာတွေဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတာ အားလုံးအသိပါပဲ။ အဲဒီလို တိုးတက်ပြောင်းလဲနေတဲ့ ဆက်သွယ်ရေး နည်းပညာတွေကို နားလည်သိရှိပြီး အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် နယ်ပယ်အသီးသီးမှာ သူများတွေထက် အမြဲခြေတစ်လှမ်းဦးနေမှာပါ။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ရရှိနိုင်နေပြီဖြစ်တဲ့ တစ်ဆင့်မြင့် ဆက်သွယ်ရေးကွန်ယက်စနစ် 4G အကြောင်းနဲ့ ဘယ်လို အားသာချက်တွေ ရရှိနိုင်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

4G ကွန်ရက်ဆိုတာဘာလဲ 

4G ဆိုတာက စတုတ္ထမျိုးဆက် ကွန်ယက်ချိတ်ဆက်မှု နည်းပညာဖြစ်ပြီး 4 ကတော့ Fourth ကိုဆိုလိုတာဖြစ်ကာ 4 ရဲ့နောက်က G က Generation လို့ အဓိပ္ပါယ်ရပါတယ်။

သူ့ရှေ့က ဆက်သွယ်ရေး နည်းပညာမျိုးဆက်ဖြစ်တဲ့ 3G ပြီးနောက် နောက်တစ်ဆင့်မြင့်လာတဲ့ ဆက်သွယ်ရေး နည်းပညာမျိုးဆက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ 4G ကို ပထမဆုံး ထောက်ပံ့ပေးခဲ့တဲ့ အော်ပရေတာကတော့ Ooredoo ဖြစ်ပြီး မနှစ်ကတည်းက သူ့ရဲ့သုံးစွဲသူတွေကို 4G ကွန်ရက် ထောက်ပံ့ပေးနိုင်ခဲ့တာပါ။

3G နဲ့ 4G ဘာကွာသလဲ

အလွယ်ဆုံး ပြောရရင်တော့ အမြန်နှုန်းကွာပါတယ်။ 3G နဲ့သုံးနေရတာနဲ့ 4G ကွန်ရက်မှာသုံးရတာ လုံးဝကို သိသာကွဲပြားနေမှာဖြစ်ပါတယ်။ 4G နဲ့ Download ဆွဲမယ်ဆိုရင် မိုဘိုင်းလ် အော်ပရေတာအပေါ် မူတည်​ပြီး အမြန်နှုန်းက 3G နဲ့ Download ဆွဲတာထက် ၁၀ ဆလောက်အထိ ပိုမိုမြန်ဆန်နိုင်ပါတယ်။

သုံးစွဲသူအတွက် ဘာတွေ အကျိုးရှိမှာလဲ

4G ကွန်ရက်ဟာ အသုံးပြုသူတွေကို စမတ်ဖုန်း၊ တက်ဘလက်၊ လက်တော့ပ်စတဲ့ ကိရိယာတွေကနေတစ်ဆင့် မိုဘိုင်းလ်အင်တာနက်ကို ပိုပြီး လျင်လျင်မြန်မြန်၊ တည်တည်ငြိမ်ငြိမ်နဲ့ သုံးစွဲခွင့်ရစေတဲ့အပြင် ဖုန်းပြောတဲ့ အသံအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် 4G ဟာ သူ့ရှေ့မျိုးဆက် 3G ထက် ၅ ဆခန့် ပိုမြန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် မိုဘိုင်းလ်ဒေတာနဲ့ Facebook နဲ့ အခြားလူမှုကွန်ယက်တွေ သုံးစွဲတာ၊ အင်တာနက် အသုံးပြုတာ၊ အွန်လိုင်းဂိမ်းတွေ ကစားတာနဲ့ အွန်လိုင်းပေါ်မှာ ရုပ်ရှင်ကြည့်တာတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ 4G ကွန်ရက်ကို အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအား အကောင်းဆုံး ထောက်ပံ့ပေးနေတဲ့ ဆက်သွယ်ရေး အော်ပရေတာကတော့ Ooredoo ပါပဲ။ Ooredoo ရဲ့ 4G Plus ကွန်ရက်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၂၂၁ မြို့အထိ လွှမ်းခြုံထားနိုင်တာကြောင့် ဘယ်နေရာရောက်ရောက် 4G ကွန်ရက်ရဲ့ အားသာချက်တွေကို အပြည့်အဝ အကောင်းဆုံး အသုံးချနိုင်မှာပါ။

Ooredoo ရဲ့ 4G Plus ကွန်ရက်ကို အသုံးပြုဖို့အတွက် ဆင်းမ်ကဒ်လဲစရာ မလိုသလို တခြား အလုပ်ပိုတွေလည်း ဘာမှလုပ်စရာ မလိုပါဘူး။ ကိုယ်ရဲ့ Handset မှာ 4G ကို Enable လုပ်လိုက်ရုံနဲ့ အဆင်သင့် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

  • TAGS