POST TYPE

ADVERTORIAL

1 MB ကို ၁ကျပ်ခွဲလောက်ပဲ ကျပြီး နေ့၊ ညမရွေး စိတ်ကြိုက်အင်တာနက်သုံးလို့ရတဲ့ ဒေတာအစီအစဉ်မျိုး မြန်မာနိုင်ငံမှာရှိလား
26-Apr-2018


အင်တာနက်ဆိုတာ ဒီနေ့ခေတ်မှာလူတိုင်းနီးပါးရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ဈေးသက်သက်သာသာနဲ့ စိတ်ကြိုက် Unlimited သုံးစွဲနိုင်တဲ့ Wifi ဝန်ဆောင်မှုတွေ၊ အခမဲ့ ဝိုင်ဖိုင်ဝန်ဆောင်မှုတွေက လူတိုင်းအတွက် ဖြစ်မလာသေးတာကြောင့် အများစုက မိုဘိုင်းလ်အင်တာနက်ကိုပဲ အားပြုသုံးစွဲနေကြရပါတယ်။

အဲဒီလိုသုံးစွဲတဲ့နေရာမှာလည်း မိုဘိုင်းလ်အင်တာနက်နှုန်းထားတွေက Package မဝယ်ဘဲသုံးမယ်ဆိုရင် အတော်လေး ဈေးကြီးတာကြောင့် တွက်ချေမကိုက်လှပါဘူး။ ဒါကြောင့် 1 MB ကို ၁ကျပ်ခွဲလောက်ပဲကျပြီး နေ့၊ညမရွေး စိတ်ကြိုက်အင်တာနက်သုံးလို့ရတဲ့ ဒေတာအစီအစဉ်မျိုး မြန်မာနိုင်ငံမှာရှိလားလို့ လိုက်ရှာကြည့်လိုက်တော့ အူရီဒူးရဲ့ ဒေတာလိုက်ပွဲ အစီအစဉ်ကိုသွားတွေ့ပါတယ်။

ဒေတာလိုက်ပွဲ အစီအစဉ်ဟာဆိုရင် ကိုယ်ဝယ်ယူတဲ့ ဒေတာပမာဏအလိုက် ဒေတာအပိုလက်ဆောင်တွေ ရရှိတာကြောင့် တွက်ကြည့်လိုက်မယ်ဆိုရင် ပျမ်းမျှ 1MB ကို ၁ကျပ်ခွဲလောက်ပဲ ကျသင့်သလို နေ့၊ ည အချိန်မရွေး သုံးနိုင်ပြီး ဘာအတွက်ပဲသုံးသုံး အင်တာနက်ကို စိတ်ကြိုက်သုံးစွဲခွင့်ရှိလို့ အတော်လေး အဆင်ပြေပါတယ်။

သုံးစွဲခွင့်သက်တမ်းကလည်း ဝယ်ယူတဲ့ အစီအစဉ်အလိုက် ရက်ပေါင်း ၃၀ ထိတောင် ရရှိနိုင်တာကြောင့် သက်တမ်းကုန်မှာစိုးလို့ မသုံးချင်ဘဲနဲ့ကုန်အောင် သုံးပစ်ရတဲ့ဒုက္ခမျိုးက ကင်းဝေးမှာပါ။
ဝယ်ယူတဲ့ဒေတာ အစီအစဉ်အလိုက် ကျသင့်မယ့်ဈေးနှုန်း ရရှိနိုင်တဲ့ စုစုပေါင်း ဒေတာပမာဏတွေကတော့ 400 MB ကို ၆၉၉ ကျပ်၊ 650 MB ကို ၉၉၉ ကျပ်၊ 1GB ကို ၁၄၉၉ ကျပ်၊ 2 GB ကို ၂၉၉၉ ကျပ်၊ 3.5 GB ကို ၄၉၉၉ ကျပ်တို့ပဲ ဖြစ်ပါတယ်။

အလုပ်အတွက် အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ တခြား ဘာကိစ္စအတွက်ပဲဖြစ်ဖြစ် ဒေတာပမာဏများများ ဝယ်ယူလိုသူတွေအနေနဲ့လည်း 7 GB ကို ၉၉၉၉ ကျပ်၊ 14 GB ကို ၁၉၉၉၉ ကျပ်၊ 30 GB ကို ၃၉၉၉၉ ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။

ဒေတာလိုက်ပွဲ အစီအစဉ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ *140# ကိုနှိပ်ပြီး နှစ်သက်ရာ ဒေတာပမာဏကိုရွေးချယ် ဝယ်ယူရုံပါပဲ။

အူရီဒူးဟာ မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံးနဲ့ လိုင်းဆွဲအား အတည်ငြိမ်ဆုံး 4G Plus ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားတာကြောင့် မိုဘိုင်းလ်အင်တာနက်ကို အားပြုသုံးစွဲနေရတဲ့သူတွေအတွက် တကယ့်ကို အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။