News

POST TYPE

ADVERTORIAL

ကျေးလက်နှင့် မြို့စွန်နေ ပြည်သူလူထုတွေကို ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ပေးနိုင် အူရီဒူးမြန်မာက UNOPS နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ
26-Apr-2018


မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်းလ်အော်ပရေတာ တစ်ခုဖြစ်တဲ့ အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံအတွင်း တစ်ဖက်တစ်လမ်းကနေ လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ဆောင်လျက်ရှိရာမှာ ကုလသမဂ္ဂစီမံကိန်း လုပ်ငန်းများရုံး (UNOPS) နဲ့ပူးပေါင်းပြီး ကျေးလက်နှင့် မြို့စွန်နေ ပြည်သူလူထုတွေကို ကျန်းမာရေး စောင့်ရှောက်မှုများ တိုးမြှင့်ပေးနိုင်ရေး အကူအညီတွေကိုလည်း ပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်နဲ့ မြို့စွန်နေ ပြည်သူလူထုတွေအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ ရရှိနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာကြောင့် အူရီဒူးမြန်မာကနေပြီး ၂၀၁၄ ခုနှစ်ကတည်းက UNOPS နဲ့ သဘောတူစာချုပ် ချုပ်ဆိုကာ အကူအညီတွေ ပေးနိုင်ဖို့ ဆောင်ရွက်ခဲ့တာပါ။

အဲဒီလို UNOPS နဲ့ပူးပေါင်းပြီး ကျေးလက်နဲ့ မြို့စွန်နေ ပြည်သူလူထုတွေ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိနိုင်ရေး ဆောင်ရွက်ဖို့အတွက် အူရီဒူးမြန်မာက အမေရိကန်ဒေါ်လာ ၃.၁ သန်း မ,တည်ကာ ကျန်းမာရေးစောင့်ရှောက်မှု ကွန်ရက်ကို တည်ဆောက်ပေးလျက်ရှိပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုကွန်ရက်တွေကနေတစ်ဆင့် အထူးသဖြင့် ကျေးလက်ဒေသတွေက မိခင်နှင့်ကလေးတွေအတွက် ကျန်းမရေးစောင့်ရှောက်မှုတွေနဲ့ ကူးစက်ရောဂါတွေ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိတာလည်း ဖြစ်ပါတယ်။

အူရီဒူးမြန်မာက ဆောက်လုပ်လှူဒါန်းတဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အဦတွေမှာ နိုင်ငံတကာအဆင့်မီ ကုလသမဂ္ဂ စံနှုန်းတွေအတိုင်း ဆိုလာစနစ်တွေ၊ ကျန်းမာရေး ဝန်ထမ်းများ နေထိုင်ရန် အဆောင်တွေ၊ ရေသိုလှောင်ကန်တွေ၊ ပတ်ဝန်းကျင် မထိခိုက်စေမယ့် စွန့်ပစ်စနစ်တွေ၊ ဆေးသိုလှောင်ခန်းကြီးတွေ အပြည့်အစုံပါဝင်ပြီး အင်တာနက်လိုင်းတွေကိုပါ တပ်ဆင်ပေးထားပါတယ်။

အူရီဒူးမြန်မာဟာ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အဦတွေကို ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အတိုင်း မြန်မာနိုင်ငံထဲက လိုအပ်တဲ့နေရာ အများအပြားမှာ ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်း စုစုပေါင်း ၁၇ ခုအထိ ဆောက်လုပ်လှူဒါန်းသွားဖို့ ရည်မှန်းထားကြောင်း အူရီဒူးမြန်မာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။