News

POST TYPE

ADVERTORIAL

သက်တမ်း အရှည်ဆုံး ဒေတာအပိုလက်ဆောင်ရတဲ့ ဒေတာလိုက်ပွဲ အစီအစဉ် ဝယ်ယူသူတွေကို ဖုန်းပြောဖို့ မိနစ်အပိုလက်ဆောင်တွေပါ ပေးတဲ့အစီအစဉ်ကို အူရီဒူးက သက်တမ်းတိုးမြှင့်ပေးထား
25-Apr-2018


မြန်မာနိုင်ငံမှာ အကျယ်ပြန့်ဆုံးနဲ့ လိုင်းအတည်ငြိမ်ဆုံး 4G ကွန်ယက်ကိုပိုင်ဆိုင်ထားတဲ့ အူရီဒူးကနေပြီး သူတို့ရဲ့ဒေတာလိုက်ပွဲ အစီအစဉ် ဝယ်ယူအသုံးပြုသူတွေကို ကိုယ်ချစ်ခင်ရသူတွေထံ ဖုန်းခေါ်ဆိုဖို့ မိနစ်အပိုလက်ဆောင်တွေပါ ပေးတဲ့အစီအစဉ်ကို သုံးစွဲသူတွေအတွက် သက်တမ်းထပ်တိုးပေးထားပါတယ်။

ဒေတာလိုက်ပွဲ အစီအစဉ်ဟာဆိုရင် ကိုယ်ဝယ်ယူတဲ့ ဒေတာပမာဏအလိုက် ဒေတာအပိုလက်ဆောင်တွေရရှိပြီး သုံးစွဲခွင့် သက်တမ်းကလည်း ရက်ပေါင်း ၃၀ ထိရရှိနိုင်တာကြောင့် သက်တမ်းအရှည်ဆုံးဒေတာအပိုလက်ဆောင်ရတဲ့ ဒေတာအစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒေတာလိုက်ပွဲ အစီအစဉ် ဝယ်ယူသူတွေကို ပရိုမိုးရှင်းအဖြစ် အူရီဒူးကနေပြီး ဧပြီလ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကိုယ်ချစ်ခင်ရသူတွေနဲ့ အချိန်ကြာကြာ ဖုန်းပိုပြောနိုင်စေဖို့ အူရီဒူး အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ်အပိုလက်ဆောင်တွေ ပေးအပ်ခဲ့ကာ ယခုအခါမှာ တောင်းဆိုသူတွေ များတာကြောင့် မိနစ်အပိုလက်ဆောင်ပေးတဲ့ ပရိုမိုးရှင်းကို မေလ ၃၁ ရက်နေ့အထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်တာပါ။

ဝယ်ယူတဲ့ ဒေတာအစီအစဉ်အလိုက် လက်ဆောင်ရရှိမယ့် ၃ ရက်သက်တမ်းရှိ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ်အပိုလက်ဆောင်တွေကတော့ ၆၉၉ ကျပ်နဲ့ 400 MB ဝယ်ယူရင် ၁၀ မိနစ်၊ ၉၉၉ ကျပ်နဲ့ 650 MB ဝယ်ယူရင် ၁၅ မိနစ်၊ 1499 ကျပ်နဲ့ 1GB ဝယ်ယူရင် ၂၀ မိနစ်၊ ၂၉၉၉ ကျပ်နဲ့ 2 GB ဝယ်ယူရင် ၃၀ မိနစ်၊ ၄၉၉၉ ကျပ်နဲ့ 3.5 GB ဝယ်ယူရင် ၆၀ မိနစ်တို့ပဲ ဖြစ်ပါတယ်။

၉၉၉၉ ကျပ်နဲ့ 7 GB ဝယ်ယူရင် ၉၀ မိနစ်၊ ၁၉၉၉၉ ကျပ်နဲ့ 14 GB ဝယ်ယူရင် ၁၂၀ မိနစ်  ၊ ၃၉၉၉၉ ကျပ်နဲ့ 30 GB ဝယ်ယူရင် ၁၅၀ မိနစ်ထိ ၇ ရက်သက်တမ်းရှိအူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ်အပိုလက်ဆောင်တွေ ရရှိမှာပဲ ဖြစ်ပါတယ်။

ဒေတာလိုက်ပွဲ အစီအစဉ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ *140# ကိုနှိပ်ပြီး နှစ်သက်ရာ ဒေတာပမာဏကို ရွေးချယ်ဝယ်ယူရုံပါပဲ။

အူရီဒူးရဲ့ ဒေတာလိုက်ပွဲ အစီအစဉ်ဟာ ရရှိတဲ့ဒေတာတွေကို အင်တာနက် အသုံးပြုမှု အားလုံးအတွက် အသုံးပြုနိုင်တဲ့ အားသာချက်အပြင် အချိန်မရွေး သုံးစွဲခွင့်ရှိတဲ့ အားသာချက်လည်း ရှိတာကြောင့် အင်တာနက် ဒေတာများများသုံးစွဲဖို့ လိုအပ်သူတွေ၊ သုံးစွဲလေ့ရှိသူတွေအတွက် အထူးသင့်လျော်တဲ့ ဒေတာအစီအစဉ် တစ်ခုပါပဲ။ အင်တာနက် ဒေတာတွေနဲ့အတူ ချစ်ခင်ရသူတွေနဲ့ ဖုန်းပြောဖို့ မိနစ်အပိုလက်ဆောင်တွေပါ ရရှိဖို့ဆိုရင်တော့ ပရိုမိုးရှင်းကာလမကုန်ခင်  ခပ်မြန်မြန်ဝယ်ယူဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။