News

POST TYPE

ADVERTORIAL

ဖုန်းခေါ်ဆိုမှု ၁ မိနစ်လျှင် ငွေတစ်ကျပ်နှုန်းဖြင့် အူရီဒူးက မြန်မာနိုင်ငံမှ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် လှူဒါန်းပေးလျက်ရှိ
21-Apr-2018


အူရီဒူးကနေပြီး မြန်မာနိုင်ငံက သုံးစွဲသူတွေ ဖုန်းပြောရင်း ကုသိုလ်ရစေမယ့် မိနစ်များများပြောလေ၊ အူရီဒူးက များများလှူပေးလေ ဆိုတဲ့အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါတယ်။

ဒီအစီအစဉ်အရ အူရီဒူးဖုန်းနဲ့ ဖုန်းခေါ်ဆိုမှု တစ်မိနစ်လျှင် ငွေ တစ်ကျပ်နှုန်းနဲ့ အူရီဒူးက မြန်မာနိုင်ငံမှ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ လူမှုဝန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် လှူဒါန်းပေးလျက်ရှိတာပါ။

အူရီဒူးဖုန်းအချင်းချင်း ခေါ်ဆိုမှုတွေအတွက်သာ လှူဒါန်းပေးတာ မဟုတ်ဘဲ အူရီဒူးဖုန်းကနေ မြန်မာနိုင်ငံတဝှမ်းလုံးက ဘယ်အော်ပရေတာရဲ့ဖုန်းကိုပဲခေါ်ခေါ် တစ်မိနစ်ကို တစ်ကျပ်နှုန်းနဲ့ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

တစ်မိနစ်ကို တစ်ကျပ်နှုန်းနဲ့ လှူဒါန်းတယ်ဆိုတဲ့နေရာမှာ သုံးစွဲသူတွေဆီကနေ ပိုက်ဆံ ပိုမိုဖြတ်တောက်ပြီး လှူဒါန်းတာမျိုး မဟုတ်ဘဲ အူရီဒူးက စိုက်ထုတ်လှူဒါန်းပေးခြင်း ဖြစ်ပါတယ်။

မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ အစီအစဉ်ကနေတဆင့် အူရီဒူးကနေပြီး ကျပ်သန်း တစ်ထောက်ကျော်အထိ လှူဒါန်းသွားဖို့ ရည်မှန်းထားပါတယ်။

လက်ရှိအချိန်မှာ မကွေး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွေမှာ စုစုပေါင်း ကျပ်သိန်း ၂၆၀၀ ကျော်အထိ လှူဒါန်းထားပြီးပြီ ဖြစ်ပါတယ်။

အဲဒီလိုလှူဒါန်းတဲ့နေရာမှာ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာရေး ထောက်ပံ့ပေးနိုင်ဖို့ အဓိက ဦးတည်ပြီး လှူဒါန်းလျက်ရှိတာပါ။

လှူဒါန်းရမယ့် နေရာတွေ၊ ကျောင်းတွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားအကြံပြုချက်အရ ရွေးချယ်လှူဒါန်းတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အူရီဒူးဖုန်းနံပါတ်နဲ့ ဖုန်းခေါ်ဆိုတဲ့ မိနစ်တိုင်းဟာ မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ လူမှုဝန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေရဲ့ လိုအပ်နေတဲ့ နေရာတွေကို ကူညီထောက်ပံ့ ဖြည့်ဆည်းပေးလျက် ရှိတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။