News

POST TYPE

ADVERTORIAL

မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ အစီအစဉ်ဖြင့် ပညာရေးနှင့် လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကျပ်သန်းပေါင်း တစ်ထောင်ကျော်အထိ လှူဒါန်းရန် အူရီဒူးရည်မှန်းထား
21-Apr-2018 tagged as


မိနစ်များများပြောလေ အူရီဒူးက များများလှူပေးလေ ဆိုတဲ့ အစီအစဉ်ကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကျပ်သန်းပေါင်း တစ်ထောင်ကျော်အထိ လှူဒါန်းသွားဖို့ အူရီဒူးက ရည်မှန်းထားကြောင်း အူရီဒူးမြန်မာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိနစ်များများပြောလေ အူရီဒူးကများများ လှူပေးလေ ဆိုတဲ့အတိုင်း  အူရီဒူးကနေပြီး မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အူရီဒူးဖုန်းနံပါတ်နဲ့ ဖုန်းခေါ်ဆိုမှု ၁ မိနစ်စာတိုင်းအတွက် ငွေ ၁ ကျပ်နှုန်းနဲ့ လှူဒါန်းလျက်ရှိတာပါ။

ဖုန်းခေါ်ဆိုမှု ၁ မိနစ်ရှိတိုင်း ၁ ကျပ်လှူဒါန်းတယ်ဆိုတဲ့နေရာမှာ ဖုန်းခေါ်ဆို အသုံးပြုသူတွေဆီကနေ ပိုက်ဆံပိုမိုဖြတ်တောက်ပြီး လှူဒါန်းတာမဟုတ်ဘဲ အူရီဒူးက စိုက်ထုတ် လှူဒါန်းခြင်းသာ ဖြစ်ပါတယ်။

ဒီလိုလှူဒါန်းတဲ့နေရာမှာ အူရီဒူးဖုန်း အချင်းချင်း ခေါ်ဆိုမှုတွေအတွက်သာ လှူဒါန်းတာမျိုး မဟုတ်ဘဲ အူရီဒူးဖုန်းနဲ့ အခြား အော်ပရေတာတွေရဲ့ နံပါတ်တွေနဲ့ မြန်မာတစ်နိုင်ငံလုံး ဘယ်ဖုန်းကိုခေါ်ခေါ် လှူဒါန်းပေးလျက်ရှိတာပါ။

လက်ရှိအချိန်မှာ မကွေး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ လူငယ်ဖွံ့ဖြိုးရေးကျောင်းတွေမှာ စုစုပေါင်း ကျပ်သိန်း ၂၆၀၀ ကျော်အထိ လှူဒါန်းထားပြီးပြီ ဖြစ်ပါတယ်။

အဲဒီလိုလှူဒါန်းတဲ့နေရာမှာ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်တွေကို ပညာရေး ထောက်ပံ့ပေးနိုင်ဖို့ အဓိက ဦးတည်ပြီး လှူဒါန်းလျက်ရှိတာပါ။

လှူဒါန်းရမယ့်နေရာတွေ၊ ကျောင်းတွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားအကြံပြုချက်အရ ရွေးချယ်လှူဒါန်းတာပဲ ဖြစ်ပါတယ်။

ကျပ်သန်းပေါင်း တစ်ထောင်ကျော်အထိ လှူဒါန်းသွားဖို့ ရည်မှန်းထားတယ်ဆိုတာကြောင့် အူရီဒူးဖုန်းနဲ့ ဖုန်းခေါ်ဆိုမှု ၁ မိနစ်စာကို ၁ ကျပ်နှုန်းနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက နောက်ထပ် လိုအပ်နေတဲ့ နေရာတွေ အများကြီးကို ပံ့ပိုးလှူဒါန်းသွားနိုင်ဦးမှာ ဖြစ်တာကြောင့် မြန်မာ့ပညာရေးနဲ့ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကို အများကြီး အထောက်အကူပြုနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

  • TAGS