News

POST TYPE

ADVERTORIAL

သေနတ်နဲ့ အပစ်ခံရပေမယ့် စမတ်ဖုန်းခံနေလို့ တောင်အာဖရိက နိုင်ငံသားတစ်ဦး အသက်ချမ်းသာရာ ရခဲ့
16-Sep-2016 tagged as ဖုန်း သေနတ်

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့သား တစ်ယောက်ဟာ လုယက်သူတွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပေမဲ့ သူ့အင်္ကျီအိပ်ကပ်ထဲမှာ ထည့်ထားတဲ့ စမတ်ဖုန်းကိုသာ သေနတ်ကျည်ဆံက ထိမှန်သွားခဲ့တဲ့အတွက် အသက်ချမ်းသာရာ ရသွားခဲ့ပါတယ်။

အီဗရာဟင်မ်လို့ အမည်ရတဲ့ အသက် ၄၁ နှစ်အရွယ် အိုင်တီလုပ်ငန်းရှင် အဆိုပါ ကိပ်တောင်းမြို့သားရဲ့ အင်္ကျီရင်ဘက်ထဲက ဖုန်းက Huawei ရဲ့ P8 lite ဖုန်း ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ယင်းစမတ်ဖုန်းသာ ခံမနေရင် ဒါမှမဟုတ် ဖုန်းက ကျည်ဆန်ကို တားဆီးထားနိုင်လောက်အောင် မမာကျောခဲ့ရင် ကျည်ဆံဟာ အဆိုပါ ကိပ်တောင်းမြို့သားရဲ့ ရင်ဘက်ကို ဖောက်ဝင်သွားမှာပါ။

ကလေး ၅ ယောက်ရဲ့ ဖခင်ဖြစ်တဲ့ အေဘရာဟင်မ်ဟာ ပြီးခဲ့တဲ့ စနေနေ့ ညတုန်းက မွေးနေ့ပါတီတစ်ခုကနေ ပြန်အလာမှာ သူ့အိမ်ရှေ့ အနီးမှာပဲ ဓါးပြတွေရဲ့ လုယက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး သေနတ်နဲ့ပါ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျည်ဆံထိမှန်တဲ့ အချိန်မှာ Huawei P8 lite ဖုန်းဟာ ကွဲကြေသွားခဲ့ပေမယ့် ကျည်ဆံကို ပေါက်ထွက်မသွားအောင် ထိန်းထားနိုင်ခဲ့တာကြောင့် အေဘရာဟင်မ်ဟာ သတိလစ်ရုံပဲ လစ်သွားခဲ့ပြီး အသက်ချမ်းသာရာ ရခဲ့ပါတယ်။

အေဘရာဟင်မ် မတိုင်ခင်ကလည်း Huawei၊ Samsung၊ Apple စတဲ့ စမတ်ဖုန်းတွေရဲ့ အကာအကွယ်ကြောင့် သေနတ်နဲ့ ပစ်ခံရပြီး မသေတဲ့ ဇာတ်လမ်းမျိုးတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒီနေ့ခေတ်မှာ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီကြီးတွေဟာ သူတို့ ဖုန်းတွေကို အကြမ်းခံသည်ထက် ပိုခံနိုင်အောင် ကြိုးစားထုတ်လုပ်လာနေကြတဲ့ အတွက် ဈေးကွက်ထဲက သတ္ထုကိုယ်ထည်နဲ့ စမတ်ဖုန်းအချို့ဟာ ကျည်ဆံဒဏ်ကို ခံနိုင်တဲ့ အထိတောင် အကြမ်းခံလာတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်နှစ် အတွင်းမှာတင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ကို စမတ်ဖုန်း အလုံးပေါင်း သန်း ၁၀၀ ထိ တင်ပို့ထားပြီး ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၃ ခု မှာ တစ်ခုအပါအဝင် ဖြစ်တဲ့ Huawei ကုမ္ပဏီဟာလည်း အဲဒီလိုဖုန်းတွေကို အကြမ်းခံသည်ထက် ခံနိုင်အောင် ကြိုးစားနေတဲ့ ဖုန်းကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

Ref : malaysiandigest.com