News

POST TYPE

ADVERTORIAL

တရုတ်နှစ်ကူး အထူးအစီအစဉ်အဖြစ် FORD ကနေပြီး FORD FIESTA 2018 ကားအသစ်တစ်စီး ကံစမ်းမဲ ဖောက်ပေးမယ်
05-Mar-2018


ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး မြန်မာပြည်မှာလည်း တရားဝင် အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချလျက်ရှိတဲ့ FORD ကနေပြီး တရုတ်နှစ်ကူး အထူး အစီအစဉ်အဖြစ် ၂၀၁၈ မော်ဒယ် FORD Fiesta ကားအသစ် တစ်စီးကို ကံစမ်းမဲ ဖောက်ပေးသွားဖို့ ရှိနေပါတယ်။

ဒီအစီအစဉ်ကို FORD Myanmar ကနေပြီး သူတို့ရဲ့ မိတ်ဟောင်း၊ မိတ်သစ်တွေနဲ့ မိသားစုသဖွယ် ရင်းနှီးမှု တိုးတက်ခိုင်မြဲစေဖို့ ရည်ရွယ်ပြုလုပ်တဲ့ Lunar New Year Fiesta 2018 ပွဲမှာ ကြေညာသွားခဲ့တာပါ။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အတွင်း Ford Myanmar ရဲ့ ရန်ကုန် နဲ့ မန္တလေးအရောင်းပြခန်းတွေ Ford ကားအသစ်ဝယ်ယူတဲ့သူတိုင်းကို FORD FIESTA 2018 ကားအသစ်တစ်စီး ကံစမ်းမဲဖောက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က FORD Myanmar ရဲ့ ရန်ကုန်အရောင်းပြခန်းမှာကျင်းပပြုလုပ်သွားခဲ့တဲ့ Lunar New Year Fiesta 2018 ပွဲမှာ FORD Myanmar ကနေပြီး သူတို့ရဲ့ မိတ်ဟောင်း၊မိတ်သစ် Customer တွေကို ကျေးဇူးတုံ့ပြန်ဖို့ ရည်ရွယ်ကာ PONDs ၊ Pizza Company တို့နဲ့ပူးပေါင်းပြုလုပ်ခဲ့တဲ့ New Year Promotion Lucky Draw အစီအစဉ်က ကံထူးရှင်တွေကိုလည်း FORD ကားအသစ်တွေ လွှဲပြောင်းပေးအပ်သွားခဲ့ပါတယ်။

PONDs နဲ့ပူးပေါင်းပြုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ရဲ့ Grad Prize အဖြစ် FORD Ranger Rap Cab ကားအသစ်ကြီးကို ကံထူးရှင် ကိုမင်းခန့်ကိုလည်းကောင်း၊ Pizza Company နဲ့ပူးပေါင်းပြုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ရဲ့ Grand Prize အဖြစ် FORD Fiesta ကားအသစ်ကြီးကို ကံထူးရှင် ကိုစောကိုသူရစိုးကိုလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့တာပါ။

FORD Myanmar ရဲ့ Lunar New Year Fiesta 2018 ပွဲကို မီဒီယာတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ FORD ရဲ့ Customer မိတ်ဟောင်း၊မိတ်သစ်တွေ တက်ရောက်ခဲ့ကြပြီး ပွဲကိုတက်ရောက်ခဲ့သူတွေဟာ FORD ကားအသစ်တွေကို စမ်းသပ်မောင်းနှင်ခွင့်ရတဲ့ Test Drive အစီအစဉ်၊ တရုတ်နဂါးအကအဖွဲ့ရဲ့ အကအလှဖျော်ဖြေမှုတွေကို ပါဝင်တွေ့ကြုံခံစားခွင့် ရခဲ့ကြပါတယ်။