News

POST TYPE

ADVERTORIAL

ကိုယ့်ရဲ့ အမှတ်တရခရီးစဉ်တွေမှာ သာယာလှပတဲ့ ရှုခင်းတွေ၊ အမှတ်တရပုံရိပ်တွေ၊ အတွေ့အကြုံဗဟုသုတတွေကို အကောင်းဆုံးမှတ်တမ်းတင်နိုင်စေဖို့
03-Jan-2018

ရုံးပိတ်ရက်တွေမှာ အေးချမ်းတဲ့ရာသီဥတုတို့နဲ့အတူ နှစ်တစ်နှစ်ရဲ့ ခရီးသွားလို့အကောင်းဆုံးအချိန်ကိုတော့ ရောက်ရှိလို့လာပြန်ပါပြီ။

ဒီလိုအချိန်အခါမှာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ခရီးသွားရတာ ပျော်စရာပါ။ ပျော်စရာ အချိန်တွေကို ခရီးသွားနေတုန်းမှာပဲ ရရှိပြီး ခရီးကပြန်လာတာနဲ့ ဘာမှမကျန်ရစ်ခဲ့ဘူးဆိုရင်တော့ သိပ်ကိုနှမြောစရာ ကောင်းမှာအမှန်ပါပဲ။ 

ဒါကြောင့် အားလုံးက ခရီးသွားရင်းနဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်ကူးကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါ လူအများစုကတော့ ကိုယ့်ရဲ့စမတ်ဖုန်း ကင်မရာတွေနဲ့ပဲ ရိုက်ကူးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းနဲ့ ရိုက်ကူးလာတဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက ဝါးနေ၊ မှုန်နေမယ်၊ အရည်အသွေး မကောင်းဘူး ဖြစ်နေမယ်ဆိုရင်တော့ ပြန်ကြည့်တဲ့အချိန်မှာ ပျော်ရွှင်ကြည်နူးတဲ့ ခံစားချက်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။ 

ဒါဆိုရင် ကိုယ့်ရဲ့ ခရီးသွား အမှတ်တရ ပုံရိပ်တွေကို အကောင်းဆုံး မှတ်တမ်းတင်ပေးနိုင်တဲ့ စမတ်ဖုန်းတစ်မျိုးလောက် ညွှန်းပေးပါလို့ ပြောလာခဲ့ရင် လောလောလတ်လတ် မိတ်ဆက်ထားပြီး ၂၀၁၇ ခုနှစ်ရဲ့ ဈေးနှုန်း အလယ်အလတ်တန်း ဖုန်းတွေထဲက လူကြိုက် အများဆုံးဖြစ်နေတဲ့ HUAWEI Nova 2i ကိုပဲ ညွှန်းပေးချင်ပါတယ်။ 

HUAWEI Nova 2i မှာ ကမ္ဘာ့ပထမဆုံးအဖြစ် ကင်မရာ ၄ လုံးအထိ ပါဝင်နေပြီး Huawei ရဲ့ ထုံးစံအတိုင်း ကင်မရာ စွမ်းဆောင်ရည်ပိုင်းက ပရိုဖက်ရှင်နယ် ကင်မရာတစ်လုံးအလားပါပဲ။ 13 MP နဲ့ 2 MP ကင်မရာနှစ်လုံးနဲ့ Selfie ကင်မရာ၊ 16 MP နဲ့ 2 MP ကင်မရာနှစ်လုံးနဲ့ အနောက်ဘက် ကင်မရာတွေက သဘာဝ ရှုမျှော်ခင်းတွေကို သဘာဝ အရောင်အသွေး၊ ပုံရိပ်တွေအတိုင်း မှတ်တမ်းတင်ပေးနိုင်စွမ်းရှိသလို အဖွဲ့လိုက်ပုံတွေ၊ တစ်ယောက်တည်း ပုံတွေကိုလည်း အလှပဆုံး ရိုက်ကူးနိုင်စွမ်း ရှိပါတယ်။ တောင်ပေါ်ဒေသ ရှုခင်းတစ်ခုနောက်ခံနဲ့ ကိုယ့်ပုံကို Portrait Mode နဲ့ ရိုက်ကူးလိုက်တဲ့အခါ ဓာတ်ပုံပြိုင်ပွဲဝင်ဖို့ ပရိုဖက်ရှင်နယ်တစ်ယောက် ရိုက်ကူးထားတဲ့ပုံအလားတောင် ထင်မှတ်စရာ ဖြစ်နေမှာပါ။ 

HUAWEI Nova 2i ရဲ့ ကင်မရာစွမ်းဆောင်ရည်အကြောင်း အချက်အလက်တွေကို ပြောပြနေတာထက် အခုတလော Facebook မှာ လူစိတ်ဝင်စားမှု များနေတဲ့ “HUAWEI Nova 2i နှင့် ခရီးသွားကြသူများ(ရင်ခုန်သံရှုမျှော်ခင်း)” အစီအစဉ်ကို လက်တွေ့ကြည့်လိုက်ရင် ပိုပြီးမြင်သာမှာပဲ ဖြစ်ပါတယ်။

နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ မင်းသွေး၊ ဖြိုးဇော်လင်း၊ နွယ်ဒါလီထွန်း၊ နန်းခင်ဇေယျာတို့ပါဝင်ပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားတဲ့ ဒီအစီအစဉ်ဟာ ကယောဒေသရဲ့ လှပတဲ့ရှုခင်းတွေ၊ သဘာဝ အလှအပတွေကို သွားရောက်ရှာဖွေတဲ့ ခရီးသွား အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ရင်ခုန်သံ ရှုမျှော်ခင်း အစီအစဉ်ကို Huawei နဲ့ Media 7 တို့ ပူးပေါင်း တင်ဆက်ကာ Huawei Mobile နဲ့ Myanmar Cele 7 Page တို့မှာ အပိုင်းလိုက် တင်ဆက်နေရာမှာ အခုဆိုရင် အပိုင်း ၃ အထိ တင်ဆက်ထားပြီးပါပြီ။

ဒီအစီအစဉ်အတွင်းမှာ HUAWEI Nova 2i နဲ့ သဘာဝရှုခင်းတွေ၊ အလှအပတွေ၊ ရိုးရာဓလေ့တွေကို ဘယ်လောက်အထိ သဘာဝကျကျ၊ လှလှပပ မှတ်တမ်းတင်နိုင်တယ် ဆိုတာကို တွေ့မြင်နိုင်သလို မင်းသွေး၊ ဖြိုးဇော်လင်း၊ နွယ်ဒါလီထွန်း၊ နန်းခင်ဇေယျာတို့က HUAWEI Nova 2i နဲ့ရိုက်ကူးထားတဲ့ သူတို့ရဲ့အမှတ်တရဓာတ်ပုံတွေကို သူတိုရဲ့ သက်ဆိုင်ရာ Facebook အကောင့်တွေမှာ တင်ထားကြတာကို တွေ့ရမှာပါ။ 

မင်းသွေး၊ ဖြိုးဇော်လင်း၊ နွယ်ဒါလီထွန်း၊ နန်းခင်ဇေယျာ တို့က သူတို့ရဲ့ Facebook အကောင့်တွေမှာ HUAWEI nova 2i နှင့် ခရီးသွားကြသူများ (ရင်ခုန်သံရှုမျှော်ခင်း) အစီအစဉ်အတွင်း ကယောဒေသမှာ သူတို့အမှတ်တရ ရိုက်ကူးလာတဲ့ ပုံတွေကိုတင်တဲ့အခါ အရည်အသွေး ကောင်းမွန်တဲ့ဓာတ်ပုံတွေကြောင့် ပျော်ရွှင်ရကြောင်း သူတို့ တင်ထားတဲ့ ဓာတ်ပုံတွေနဲ့ Status တွေက သက်သေပါပဲ။

ဒါကြောင့် ခရီးသွားရာသီမှာ ခရီးထွက်မယ့်သူတွေအတွက် ပျော်ရွှင်စရာ အမှတ်တရတွေ၊ အခိုက်အတန့်တွေကို တစ်သက်လုံး သိမ်းဆည်းထားနိုင်ဖို့ HUAWEI Nova 2i က တကယ့် အဖော်မွန်ကောင်းဖြစ်မှာ သေချာကြောင်း ဒီနေရာကနေ ညွှန်းလိုက်ချင်ပါတယ်။

HUAWEI nova 2i ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း 

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI power bank 5000 mAh ကို လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက် အသုံးပြုရန် ၃၀၀၀ ကျပ်ကို ၁၂ လတိုင်တိုင် ရရှိနိုင်မည် ဖြစ်ပါသည်။

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် သုတေသန စင်တာပေါင်း (၁၅) ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက် ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသော အတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကို နောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ လူအများကို အဆင့်မြင့် နည်းပညာများမှတစ်ဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များ အမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။


  • VIA