News

POST TYPE

ADVERTORIAL

Mid Range ဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်နေတဲ့ HUAWEI nova 2i
02-Jan-2018
 
၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှာ Full View Display နဲ့ စမတ်ဖုန်းတွေကို စမတ်ဖုန်းကုမ္ပဏီကြီးတွေက အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ အဲ့ဒီလို မျက်နှာပြင် အချိုးအစားအသစ်၊ နည်းပညာအသစ်နဲ့ ထွက်ပေါ်လာတဲ့ စမတ်ဖုန်းတွေထဲကမှ ဈေးနှုန်း အလယ်အလတ်တန်း စမတ်ဖုန်းတွေထဲမှာ HUAWEI nova 2i ကို ထူးထူးခြားခြား လူကြိုက်များလို့ နေပါတယ်။ အဲဒီလိုလူကြိုက်များနေရတဲ့ အကြောင်းရင်းကို လေ့လာကြည့်တဲ့အခါ HUAWEI nova 2i ရဲ့ အောက်ပါ အားသာချက်တွေကြောင့်လို့ သွားတွေ့ရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

HUAWEI nova 2i ကို မြင်လိုက်တာနဲ့ နှစ်သက်သွားစေတဲ့ ပထမဆုံးအချက်ကတော့ သူ့ရဲ့ ကျစ်လစ်လှပတဲ့ ဒီဇိုင်းပါပဲ။ မြင်ရုံနဲ့ပါးလွှာပြီး အဆင့်အတန်းမြင့်တဲ့ ဖုန်းတစ်လုံး မှန်းတန်းသိသာနေတဲ့အပြင် ကိုင်ရတာလည်း လက်ထဲမှာ သက်သောင့်သက်သာ ရှိပါတယ်။ အရောင်အနေနဲ့လည်း ထူးခြားလှပလှတဲ့ အရုဏ်ဦး ကောင်းကင်ပြာရောင်လို့ တင်စားရမယ့် Aurora Blue နဲ့ပါ ရရှိနိုင်တာကို တွေ့ရပါတယ်။ မျက်နှာပြင်က လက်ရှိစမတ်ဖုန်း သုံးစွဲသူတွေ အားလုံး တောင့်တနေတဲ့ Full View Display နဲ့ပဲ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ မျက်နှာပြင် အချိုးအစားကြောင့် ဖုန်းအရွယ်အစား အရမ်းမကြီးဘဲနဲ့ မျက်နှာပြင် အရွယ်အစားက ၅.၉ လက်မအထိရှိပြီး ရုပ်ထွက် အရည်အသွေးကလည်း Full HD+ ဖြစ်တာကြောင့် တွေ့မြင်ခံစားရမှု အပိုင်းမှာ လုံးဝကိုဆန်းသစ်ပြီး ကွဲပြားနေမှာပဲ ဖြစ်ပါတယ်။

ကင်မရာ

HUAWEI nova 2i မှာက ကမ္ဘာ့ပထမဆုံးအဖြစ် ကင်မရာ ၄ လုံးအထိ ပါဝင်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ အရှေ့ကင်မရာ ၂ လုံးနဲ့ အနောက်ကင်မရာ ၂ လုံးပါ။ ရှေ့ဘက် Selfie ကင်မရာက 13MP နဲ့ 2 MP ကင်မရာ ၂ ခုဖြစ်ပြီး အနောက်ဘက်ကင်မရာကတော့ 16MP နဲ့ 2MP တို့ပဲ ဖြစ်ပါတယ်။ ဒီကင်မရာ ၄ လုံးဟာ အရေအတွက်အရ ပိုများရုံသက်သက် ထည့်ထားတာမဟုတ်ဘဲ တကယ့်ကို အနုပညာမြောက်ပုံရိပ်တွေကို စိတ်ကူးထဲကအတိုင်း ဖမ်းယူနိုင်စေဖို့ ကူညီပေးနိုင်အောင် ထည့်သွင်းတာပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့တင် ပရိုအဆင့်ဓါတ်ပုံတွေ ရိုက်ကူးနိုင်အောင် ဒီကင်မရာတွေရဲ့ စွမ်းဆောင်ရည်တွေက ကူညီပေးနိုင်မှာပါ။

စွမ်းဆောင်ရည်နဲ့ ဘက်ထရီ

HUAWEI nova 2i က 2.36GHz Octa-Core Hisilicon Kirin 659 ပရိုဆက်ဆာနဲ့ဖြစ်ပြီး Android Version 7.0 ကို HUAWEI ရဲ့ကိုယ်ပိုင် EMIUI 5.1 နဲ့ ပေါင်းစပ်ထားပါတယ်။ RAM က 4GB ပါ။  ဒီကိန်းဂဏန်း၊ အချက်အလက်တွေက ဘာကိုဆိုလိုသလဲဆိုတာ ဦးနှောက်ခြောက်ခံမနေပါနဲ့။ နောက်ဆုံးထွက် HD ဂိမ်းတွေ၊ အရည်အသွေးမြင့် ဗွီဒီယိုတွေကို အထစ်အငေါ့မရှိ စိတ်တိုင်းကျ ဆော့ကစားနိုင်၊ ကြည့်နိုင်မယ်၊ ဖုန်းသုံးတာများလို့ စက်လေးလာတဲ့ ဒုက္ခတွေမရှိတဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားကြောင်း စိတ်ချထားနိုင်ပါတယ်။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ သီချင်းတွေနဲ့ တခြားဒေတာတွေ သိမ်းဆည်းဖို့ 64 GB Memory ပါဝင်ပြီး Memory ကဒ်လည်း ထပ်စိုက်လို့ရတာကြောင့် ဓါတ်ပုံအသစ် ရိုက်ချင်တိုင်း ပုံအဟောင်းတွေ ပြန်ပြန်ဖျက်နေတဲ့ ဒုက္ခမျိုးလည်း မကြုံနိုင်ပါဘူး။ ဘက်ထရီကလည်း 3340 mAh ဖြစ်တာကြောင့် တစ်နေကုန် စိတ်အေးလက်အေး သုံးနိုင်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။

ထူးခြားတဲ့ Selfie ကင်မရာ

HUAWEI nova 2i ရဲ့ကင်မရာ စွမ်းဆောင်ရည်အကြောင်းအပေါ်မှာ ပြောခဲ့ပြီးပေမယ့် Selfie ကင်မရာရဲ့ ထူးခြားချက်တွေအကြောင်းလည်း နည်းနည်း ထပ်ပြောချင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချက်ကလည်း HUAWEI nova 2i ကို လူကြိုက်များနေရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေလို့ပါပဲ။ HUAWEI nova 2i ရဲ့ရှေ့ကင်မရာဟာ ကင်မရာ ၂ လုံးနဲ့ စွမ်းဆောင်ရည် မြင့်မားလှသလို မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံအလား ထင်မှတ်ချင်စရာ Portrait Selfie တွေ ရိုက်ကူးနိုင်စွမ်းရှိတဲ့ Bokeh Effect နဲ့ Portrait Mood၊ အမှောင်ထဲမှာတောင် Selfie ပုံတွေ အကောင်းဆုံး ရိုက်ယူနိုင်စေမယ့် Selfie Toning flash ၊ Effect ပိနေတာမျိုးမဟုတ်ဘဲ သဘာဝကျကျ လှပတဲ့ပုံတွေဖြစ်စေမယ့် Beauty 4.0 ၊ ပျော်စရာကောင်းတဲ့ ပုံလေးတွေဖြစ်စေမယ့် sticker ၊ costume နဲ့ fun make-up တို့လို လုပ်ဆောင်ချက်တွေလည်း ပါဝင်လို့နေပါတယ်။

ဒီအချက်တွေကို ကြည့်လိုက်မယ်ဆိုရင် HUAWEI nova 2i ဟာ Mid Range ဖုန်းတွေထဲမှာ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး စမတ်ဖုန်းဆိုတာကို သံသယရှိနေစရာ လိုတော့မယ် မထင်ပါဘူး။

HUAWEI nova 2i  ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင်နှင့် အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကို လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက် အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လ တိုင်တိုင်ရရှိနိုင်မည် ဖြစ်ပါသည်။

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅) ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီးသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables)၊ ကြိုးမဲ့ အင်တာနက် ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက် သိုလှောင်ခြင်း ဝန်ဆောင်မှု ထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသော အတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကို နောက်ဆုံး နည်းပညာများ ဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ လူအများကို အဆင့်မြင့် နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက် လျှောက်လှမ်းပြီး အိပ်မက်များ အမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။