POST TYPE

ADVERTORIAL

နှစ်သစ်အတွက် ဆုတောင်းစကားတွေ ပို့ကြမယ်ဆိုရင်
28-Dec-2017


တစ်နှစ်ကုန်လို့ တစ်နှစ်ပြောင်းတဲ့အချိန်မှာ ကမ္ဘာပေါ်က လူမျိုးတိုင်းရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုကတော့ တစ်ဦးနဲ့တစ်ဦး ဆုမွန်ကောင်းတွေ တောင်းပေးတတ်တဲ့ အလေ့အထပါပဲ။ အခုလည်း ၂၀၁၇ ခုနှစ်ကုန်လို့ ၂၀၁၈ ခုနှစ်ကို ရောက်ရှိဖို့ရက်ပိုင်းပဲ လိုတော့တာကြောင့် အားလုံးက ကိုယ်ချစ်သူခင်သူတွေကို ဆုတောင်းပေးဖို့ ဆုတောင်းစကား လှလှလေး စာစီနေကြမယ်ထင်ပါတယ်။ ဒါကြောင့် နှစ်သစ်အတွက် ဆုတောင်းစကား ပေးပို့တဲ့အခါ အသုံးဝင်စေမယ့် အကြံပြုချက်အချို့ကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်ပေးပို့မယ့် လူအလိုက် ဆီလျော်မှုရှိပါစေ

ကိုယ့်ရဲ့အဖေ၊ အမေနဲ့ လူကြီးသူမတွေကို ပေးပို့မယ့်ဆုတောင်းစကားနဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေကို ပေးပို့မယ့်ဆုတောင်းစကားက Copy, Paste လုပ်ထားတဲ့ ပုံစံတူတွေချည်းပဲဖြစ်နေရင် အဆင်မပြေပါဘူး။ အသက်အရွယ်အလိုက်၊ ကိုယ်နဲ့ပတ်သက်မှုအလိုက် ဆုတောင်းစကားမျိုးတွေ ဖြစ်သင့်ပါတယ်။

အရမ်းမဖွဲ့နွဲ့ပါနဲ့

သင်က ကဗျာဆရာ၊ စာရေးဆရာ မဟုတ်ရင် အရမ်းကဗျာဆန်တဲ့ စာသားတွေ များနေတဲ့ဆုတောင်းစကားမျိုးက ဖတ်ရတဲ့သူစိတ်ထဲတစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ အဲဒီအစားသင့်စိတ်ထဲက အမှန်တကယ်ပါတဲ့ စကားတွေနဲ့ပဲ ရိုးရိုးရှင်းရှင်း ဆုတောင်းပေးတာက ပိုကောင်းပါတယ်။

အွန်လိုင်းပေါ်က စာသားတွေကို မကူးချပါနဲ့

လူတိုင်းပို့မယ့် Emoji တွေ၊ Sticker တွေနဲ့ နှစ်သစ်ဆုတောင်းစကား အရှည်ကြီးကို Copy ကူးပြီးပို့တာက သိပ်မလန်းပါဘူး။ အဲဒီအစား သင် တကယ် အလေးထားတဲ့သူတွေကိုပဲ သင်ကိုယ်တိုင် ရေးထားတဲ့ သင့်ရင်ထဲက အစစ်အမှန် ဆုတောင်းစကားလေး ပေးပို့လိုက်ပါ။

ဒါတွေကတော့ နှစ်သစ် ဆုတောင်းစကား ပေးပို့တာနဲ့ပတ်သက်လို့ အသုံးဝင်မယ့် အကြံပြုချက်လေးတွေကို ဖော်ပြပေးခဲ့တာပါ။ ဒီနေ့ခေတ်မှာ လူတိုင်းက စမတ်ဖုန်းနဲ့ အင်တာနက် အသုံးပြုနေကြပြီဖြစ်တာကြောင့် တော်တော်များများက နှစ်သစ်ဆုတောင်းစကားတွေကို အွန်လိုင်းကနေပဲ ပေးပို့ဖြစ်ကြဖို့ များပါတယ်။ ဒီလိုပေးပို့မယ်ဆိုရင် ကုန်ကျစရိတ် သက်သက်သာသာနဲ့ လူအများကြီးကို ပေးပို့နိုင်ဖို့နဲ့ နှစ်သစ်ကူးမှာ အဝေးရောက်နေတဲ့ ကိုယ်ချစ်ရ၊ ခင်ရသူတွေနဲ့ Video Call ပြောတဲ့အခါ ကုန်ကျစရိတ် သက်သာစေမယ့် နည်းလမ်းကိုလည်း ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ Ooredooရဲ့ 1 MB ကို ၅ ကျပ်သာ ကျသင့်တဲ့ ဖလန်း ဖလန်း အင်တာနက် အစီအစဉ်ကို အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။

Ooredooရဲ့ ဖလန်း ဖလန်း အစီအစဉ်နဲ့ဆိုရင် အင်တာနက် အသုံးပြုခက ဘယ်အချိန်ပဲသုံးသုံး၊ ဘာအတွက်ပဲသုံးသုံး 1 MB ကို ၅ ကျပ်ပဲ ကျသင့်မှာ ဖြစ်တာကြောင့် နှစ်သစ်ကူးမှာ အင်တာနက်ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ အသုံးပြုနိုင်မှာ အသေအချာပါပဲ။ ဒီအစီအစဉ်ကို ရယူချင်တယ်ဆိုရင်တော့ *555# ကို ဖုန်းခေါ်ဆိုပြီး အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

  • VIA