POST TYPE

ADVERTORIAL

အွန်လိုင်းကနေ ဈေးဝယ်မယ်ဆိုရင် သတိပြုသင့်တာတွေ
26-Dec-2017


ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလဟာ အပြိုင်အဆိုင် ပရိုမိုးရှင်းတွေ ပေးကြတာကြောင့် ဈေးဝယ်လို့ ကောင်းတဲ့ကာလပါပဲ။ အပြင်ဆိုင်တွေမှာတင် မဟုတ်ဘဲ အွန်လိုင်းပေါ်မှာလည်း အွန်လိုင်းစတိုးတွေက အပြိုင်အဆိုင် ပရိုမိုးရှင်းတွေပေးလို့ နေပါတယ်။ ဒီလိုပရိုမိုးရှင်းတွေကြောင့် စိတ်ပါပြီး အွန်လိုင်းကနေ ဈေးဝယ်တော့မယ်ဆိုရင် အဝယ်မှားတာ၊ အလိမ်ခံရတာမျိုး မဖြစ်အောင် သတိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အစစ်အမှန်ဟုတ်ရဲ့လား 

ပစ္စည်းရောင်းနေတဲ့ Facebook Page ဒါမှမဟုတ် ဝက်ဘ်ဆိုဒ်က အမှန်တကယ် ပစ္စည်းရောင်းတဲ့သူလား၊ လိမ်တဲ့သူလား ဆိုတာကို သိအောင်လုပ်ဖို့က ပထမဆုံး အရေးကြီးတဲ့အချက်ပါပဲ။ အလိမ်ခံလိုက်ရလို့ ပိုက်ဆံ ဆုံးရှုံးသွားတာထက် ကိုယ် အ လို့ ခံရတယ်ဆိုတာမျိုး ဖြစ်သွားရင် ရှက်စရာလည်း ကောင်းပါတယ်။ ဒါကြောင့် အွန်လိုင်းစတိုး အသစ်တစ်ခု တွေ့ပြီဆိုရင် သူတို့ကြော်ငြာထားတာ တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့။ တခြားသူတွေရဲ့ comment တွေကို လိုက်ဖက်ကြည့်တာ၊ Review တွေကိုကြည့်တာ၊ ကိုယ့်သူငယ်ချင်းတွေထဲမှာ အဲဒီ Online Store ရဲ့ Facebook Page ကို Like ထားတဲ့သူ ရှိ၊ မရှိကြည့်ပြီး သူတို့ကိုမေးမြန်းတာမျိုးတွေ အရင် လုပ်သင့်ပါတယ်။ ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ လိပ်စာတွေ ဖော်ပြထားမှု ရှိ၊မရှိ ဆိုတာကြည့်ပြီး ဖုန်းဆက်စုံစမ်းကြည့်တာမျိုးလည်း လုပ်သင့်ပါတယ်။

(၂) ပစ္စည်းက ဓာတ်ပုံထဲကအတိုင်း အပြင်မှာဖြစ်ပါ့မလား

ပစ္စည်းအသစ်ဆန်းတစ်ခုခုကို အွန်လိုင်းကနေ ဝယ်တော့မယ်ဆိုရင် အွန်လိုင်းစတိုးက တင်ထားတဲ့ပုံက သူတို့လက်ထဲမှာ ရှိတဲ့ပစ္စည်းကို အမှန်တကယ် ရိုက်ကူးထားတဲ့ပုံလား၊ ဒါမှမဟုတ် ကြော်ငြာဖို့အတွက် ဒီဇိုင်းဖန်တီးရိုက်ကူးထားတာလား ဆိုတာကိုလည်း သတိပြုကြည့်သင့်ပါတယ်။ ကြော်ငြာအတွက်ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ပုံထဲမှာ ပစ္စည်းက အပြင်မှာရှိတာထက် အရည်အသွေး ပိုကောင်းနေသလို ခံစားမိနိုင်တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို ကြော်ငြာပုံကိုပဲ တင်ထားတယ်ဆိုရင် comment ကနေပဲ ဖြစ်ဖြစ်၊ မက်ဆေ့ခ်ျကနေပဲဖြစ်ဖြစ် သာမန်အတိုင်း ရိုက်ကူးထားတဲ့ပုံ တောင်းကြည့်တာမျိုး လုပ်သင့်ပါတယ်။

(၃) ငွေပေးချေစနစ်

ပိုက်ဆံက ဘဏ်ကနေ အပြည့်ကြိုလွှဲရမှာလား၊ ပစ္စည်းရောက်မှ ငွေချေရမှာလား၊ ဒါမှမဟုတ် စရံကြိုလွှဲပေးပြီး ပစ္စည်းရောက်မှ ကျန်တာကိုပေးရမှာလား ဆိုတာတွေကို သတိပြု ကြည့်ရှုထားသင့်ပါတယ်။ ငွေအပြည့် ကြိုလွှဲရမှာဆိုရင် ပိုပြီး ဂရုတစိုက် စုံစမ်းကြည့်ရှုပြီးမှလွှဲသင့်ပါတယ်။ လက်ရှိမှာတော့ ပစ္စည်းရောက်ငွေချေစနစ်ကို သုံးတဲ့အွန်လိုင်းစတိုးတွေက ပိုများတာကြောင့် အဲဒီလိုနေရာတွေမှာ ဝယ်ယူရင် စိတ်အေးရမှာပါ။ ဒါပေမဲ့ ပစ္စည်းရောက် ငွေချေစနစ်ရဲ့ အားနည်းချက်က သူတို့ပစ္စည်း လာပို့မယ့်အချိန်ကို အလုပ်ပျက်ခံပြီး ငုတ်တုတ်ထိုင်စောင့်နေရတာပါပဲ။ ဘဏ်က လွှဲပေးရတယ်ဆိုရင်လည်း ဘဏ်ကို တစ်ခေါက်သွားနေရတာကြောင့် အချိန် ကုန်ပါတယ်။ မိုဘိုင်းလ်ဖုန်း ပေါ်ကနေပဲ ငွေချေလို့ရတဲ့ Mobile Money စနစ်နဲ့ပေးချေနိုင်ရင်တော့ အတော်လေးအဆင်ပြေမှာပဲ ဖြစ်ပါတယ်။

ယခုနှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံမှာ Mobile Money ဝန်ဆောင်မှုတွေ စတင် အကောင်အထည်ဖော်လာပြီး အသုံးပြုသူတွေလည်း ရှိလာတာကြောင့် မကြာခင်မှာ ပိုပြီးတွင်ကျယ်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။ Mobile Money ဝန်ဆောင်မှု ပေးနေသူတွေထဲမှာ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ အူရီဒူးလည်း ပါဝင်ပါတယ်။ အူရီဒူးက မြန်မာနိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီကြီးဖြစ်တာကြောင့် သူ့ရဲ့ဝန်ဆောင်မှုက အာမခံချက် အပြည့်အဝ ရှိမယ်ဆိုတာ အထူးပြောနေဖို့လိုမယ် မထင်ပါဘူး။ အူရီဒူးရဲ့ Mobile Money ဝန်ဆောင်မှုက M-ပိုက်ဆံ လို့အမည်ရပြီး လူတိုင်း လွယ်လွယ်ကူကူ ထိထိရောက်ရောက် သုံးစွဲနိုင်အောင် စီစဉ်ပေးထားတာကို တွေ့ရပါတယ်။  M-ပိုက်ဆံ ဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်တွေကို နိုင်ငံတဝှမ်း ထားရှိပေးထားတာကြောင့် ဘယ်နေရာ၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် အလွယ်တကူ ငွေလွှဲနိုင်မှာဖြစ်သလို ကိုယ်လိုအပ်တဲ့နေရာမှာ ငွေသား ပြန်လည် ထုတ်ယူလို့လည်း ရမှာပဲ ဖြစ်ပါတယ်။  ဒါကြောင့် Ooredoo ရဲ့ M-Pite San နဲ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဘယ်နေရာကနေပဲဖြစ်ဖြစ် အွန်လိုင်းစတိုးတွေက ပစ္စည်းတွေကို အလွယ်တကူ၊ စိတ်ချလက်ချ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် M-ပိုက်ဆံသုံးရင်း ငွေသားဆုတွေ ရနိုင်မယ့် အစီအစဉ်တစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒီအစီအစဉ်ကတော့ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲ၊ ငွေပေးချေခြင်းနှင့် CB ဘဏ်အကောင့်မှ M-ပိုက်ဆံ အကောင့်သို့ ငွေလွှဲခြင်း အစရှိတဲ့ M-ပိုက်ဆံ ဝန်ဆောင်မှုတွေထဲက တစ်ခုခုကို အသုံးပြုထားတာနဲ့ သိန်း ၅၄၀ ကျပ်တန်ဖိုးရှိ ဆုငွေ ၂,၀၀၀ ကျပ်မှ ၅၀၀,၀၀၀ ကျပ် အထိ ပါဝင်တဲ့ နေ့စဉ် အပတ်စဉ်ဆုတွေကို ကံစမ်းနိုင်မယ့် အစီအစဉ်ပါ။ ဆုတွေအနေနဲ့ နေ့စဉ် ဆုတွေထဲမှာ ကျပ် ၅၀,၀၀၀ ဆု အယောက် ၂၀၊ ကျပ် ၁၀,၀၀၀ ဆု အယောက် ၃၀ ကျပ် ၅,၀၀၀ ဆု အယောက် ၅၀၊ ကျပ် ၂,၀၀၀ ဆု အယောက် ၁၀၀ ပါဝင်ပြီး အပတ်စဉ် ၅၀၀,၀၀၀ ကျပ်အတွက် ကံထူးရှင်တစ်ယောက်စီ ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ကံစမ်းမဲကာလကတော့ ၂၀၁၇ ဒီဇင်ဘာလ၊ ၁၄ ရက်နေ့ကနေ ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ရက် ၃၀ ဖြစ်တာကြောင့် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလမှာ ပျော်ပျော်ပါးပါး ဈေးဝယ်ရင် ကံကောင်းရင် ငွေသားဆုတွေပါ ကံထူးနိုင်ဦးမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။