News

POST TYPE

ADVERTORIAL

လွတ်လပ်ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနိုင်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း HUAWEI Nova 2i
23-Dec-2017

နေရာအနှံ့ သယ်ဆောင်သွားနိုင်ပြီး ဆက်သွယ်ရေး ကွန်ရက်တွေထဲမှာ လွတ်လပ်ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနိုင်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးကတော့ သင့်ရဲ့တစ်နေ့တာမှာ လိုအပ်မှာ အသေအချာပါပဲ။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဆိုတာ ဘာလဲ? ဘယ်လိုလဲ? ကလေးတစ်ယောက်တောင် အလွယ်ဆုံး ဖြေဆိုနိုင်ပါတယ်။ စမတ်ဖုန်းဆိုတာ ဖုန်းခေါ်ဆိုမတွေ ပြုလုပ်ပေးနိုင်တယ်။ စာတိုလေးတွေ ပေးပို့နိုင်တဲ့အပြင် အခြေခံဂိမ်းလေးတွေသာ သွင်းထားပေးတဲ့ အခြေခံဖုန်းတစ်လုံးနဲ့ မတူတဲ့ စမတ်ဖုန်းဟာ အဲဒီ့ သာမန်အရာလေးတွေအပြင် အများကြီး ပိုလုပ်ဆောင်ပေးနိုင်ပါတယ်။ စမတ်ဖုန်းဟာ အင်တာနက်ကို ချိတ်ဆက်ပေးနိုင်ပြီး ရှာဖွေမှုတွေ ပြုလုပ်ပေးနိုင်သလို ခရီးလမ်းညွှန်မှုတွေပါ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်မယ်၊ ဗီဒီယိုရိုက်မယ်၊ လူမှုကွန်ရက်တွေမှာ ဝင်ရောက် ချိတ်ဆက်မယ်။ အီးမေးလ်တွေပို့မယ် အစရှိတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။နဂိုမူလစွမ်းဆောင်နိုင်တာထက် ကျော်လွန်ပြီး တစ်ခုခုလုပ်ချင်နေတယ် ဆိုရင်လည်း စမတ်ဖုန်းတွေအတွက် အခမဲ့ Download ရယူနိုင်ပြီး လိုအပ်ချက် အများကြီးကို ဖြည့်ဆည်းပေးနိုင်တဲ့ Application တွေ ထောင်ချီပြီး ရှိနေပါတယ်။ ကား၊ရထား၊ လေယာဉ်စောင့်နေရင်း ပျင်းလာတယ်ဆိုရင် အခမဲ့ဂိမ်းတစ်ခုကို Download ဆွဲ ဒါမှမဟုတ် Youtube , Netflix အစရှိတဲ့ App တွေကနေ ကိုယ်နှစ်သက်ရာ ရုပ်ရှင်၊ ဗီဒီယို ဒါမှမဟုတ် ဖျော်ဖြေရေး အစီအစဉ် တစ်ခုခုကို ကြည့်နေလိုက်ရုံပါပဲ။

အခု ရောက်ရှိနေတဲ့ ခေတ်ဟာ မိုဘိုင်းကမ္ဘာဖြစ်ပြီး လူတိုင်းဟာ ကွန်ပျူတာတစ်လုံးနီးပါး အသုံးဝင်တဲ့ စမတ်ဖုန်းတွေကို အိတ်ကပ်ထဲ ထည့်ထားပြီး ၂၄ နာရီ ၇ ရက်ပတ်လုံး တစ်နှစ်ကို ၃၆၅ ရက်နဲ့ အင်တာနက်ကနေတစ်ဆင့် တကမ္ဘာလုံးမှာရှိတဲ့ လူတိုင်းနဲ့ချိတ်ဆက်ထားနေကြတာပါ။ ဒီလို အခြေအနေမျိုးမှာ လူတွေရဲ့ အာရုံခံစားမှု ပုံစံတွေဟာလည်း တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့အခါမှာ ပိုမိုသစ်လွင်ပြီး innovatic ဖြစ်တဲ့ စမတ်ဖုန်းတစ်လုံးဟာ သူတို့လက်ထဲမှာ ရှိနေဖို့ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်း ဈေးကွက်ထဲမှာ စမတ်ဖုန်း အမှတ်တံဆိပ်တွေ အများအပြားရှိနေတဲ့အခါ ဘာကို ရွေးချယ်ရမလဲဆိုတာတော့ အရေးကြီးဆုံး အခန်းကဏ္ဍပါပဲ။

သင့်အနေနဲ့ သင်အသုံးပြုမယ့် ငွေကြေးပမာဏ၊ သင်လိုချင်တဲ့ Flash Ship ဖုန်းတွေမှာပါတဲ့ စွမ်းဆောင်ရည်တွေ၊ ယနေ့ခေတ် မပါမဖြစ် ဆိုရှယ်မီဒီယာတွေမှာ ဝေမျှဖို့အတွက် သင့်ရဲ့ အလန်းစား ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် ကင်မရာ အရည်အသွေး၊ စမတ်ဖုန်း တစ်လုံးအတွင်းက မှတ်ဉာဏ်သိုလှောင်မှု ၊ Lastet Game တွေ၊ App တွေကို ၊ Video တွေကို မျက်နှာပြင် အပြည့်အဝ ခံစားနိုင်ဖို့ Screen အရွယ်အစားတွေကတော့ အရေးပါတဲ့အချက်တွေပါပဲ။

သင်အသုံးပြုလိုတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းတစ်လုံးကို ညွှန်ပြပါဆိုရင် HUAWEI Nova 2i Aurora Blue ကို ညွှန်ပြပါရစေ။ HUAWEI ရဲ့ လွန်ခဲ့တဲ့နှစ်တွေမှာ စမတ်ဖုန်းအသုံးပြုသူတွေအပြင် ဓာတ်ပုံသမားတွေကိုပါ မဟာဗျူဟာကျကျ ဆွဲဆောင်နိုင်ဖို့ Leica တပ်ဆင် အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ထွက်ရှိခဲ့ပါတယ်။ စမတ်ဖုန်း တော်တော်များများဟာ ယနေ့ခေတ်ကာလမှာ ဆိုရှယ်မီဒီယာတွေ အင်တာနက် သုံးစွဲမှုတွေ boom ဖြစ်လာတဲ့နည်းတူ ကင်မရာပိုင်း၊ Screen အရွယ်အစားတွေ၊​ Finger Print နည်းပညာတွေနဲ့ သုံးစွဲသူတွေကို စွဲဆောင်လာကြတာ အားလုံးအသိပါ။ HUAWEI ဟာ Nova 2i ကို ပြည်တွင်းမှာ စတင်ကြေညာခဲ့ပြီး Aurora Blue ကို ဈေးကွက်ထဲကို 2017 ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်မှာ ရောက်ရှိခဲ့တယ်။ မြန်မာကျပ်ငွေ ၃၃၉,၀၀၀ နဲ့ ဝယ်ယူရရှိနိုင်မယ်၊ HUAWEI nova 2i ဝယ်တဲ့သူတိုင်းအတွက်  ဒီခရစ်စမတ်ကာလမှာ 5000 mAh Power Bank နဲ့ MPT Data Bonus တွေပါ ရရှိနိုင်မယ်ဆိုပါတယ်။ ၅၀၀၀ ကျပ်ထည့် အပိုငွေ ၃၀၀၀ ကို ၁၂ လတိတိရယူနိုင်မယ်ဆိုတော့ ဒီဖုန်းကို ဝယ်တာနဲ့တင် ဖုန်းငွေဖြည့် သုံးစွဲမှုအတွက် ကိုယ့်ဘက်က ရမယ့် အခွင့်အရေးပါပဲ။ အားသွင်းကြိုးတွေ အားသွင်းတဲ့ခေါင်းတွေ နားကြပ်တွေကိုတောင် ၃ လ warranty ပေးထားသေးတယ်လို့ဆိုပါတယ်။ 

နောက်ပိုင်းတော့ ဘယ်လို လက်ဆောင်တွေ ဝန်ဆောင်မှုတွေ ပေးမလဲတော့ မသိနိုင်သေးပါဘူး။ ဒီဖုန်းဟာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေပါဝင်တဲ့ ဖုန်းတစ်ခုဖြစ်ပါတယ်။ ရှေ့ဘက်မှာ 13MP/2MP နဲ့ နောက်ဘက်ကင်မရာကိုတော့ 16MP/ 2MP စတဲ့ ကင်မရာလေးလုံးပါဝင်တဲ့ စနစ် dual-lens cameras ကို တွေ့ရမှာဖြစ်ပါတယ်။ ပရိုဆန်ဆန်အထိ ရိုက်ကူးနိုင်မယ့်အပြင် Camera feature, portrait mode တွေ အများအပြားကလည်း သင့်ကို သဘောကျ နှစ်ခြိုက်စေမှာပါ ။ 18:9 FullView Display အသုံးပြုထားပြီး  5.9လက်မရှိတဲ့ မျက်နှာပြင်အကျယ်၊ Android 7 Nougat နဲ့မောင်းနှင်ထားပြီး HUAWEI ရဲ့ ကိုယ်ပိုင် EMUI Skin ကို သုံးထားမှု ၊ စွမ်းဆောင်ရည် ပိုင်းတွေမှာလည်း 8-core Kirin 659 chipset ကို အသုံးပြုထားတယ်။သိုလှောင်မှုပမာဏမှာလည်း 4GB RAM နဲ့ 64GB ကို on-board storage အနေနဲ့ ထည့်သွင်းပေးထားတယ်။ ဘက်ထရီ ပမာဏကလည်း 3,340 mAh ဆိုတော့ကာ သင့်တစ်နေ့တာကို သင်နဲ့အတူ ရှိနေပေးဖို့အတွက် အကောင်းဆုံး ပမာဏပါပဲ။ 

Finger Print ကိုလည်းနောက်ကျောဘက်မှာ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ Build in ပါဝင်တဲ့ ကင်မရာ Effect တွေကလည်း သင့်တစ်နေ့တာ ဒါမှမဟုတ် သင့်ရဲ့ အားလပ်ရက်ခရီးတွေမှာ ပျော်ရွှင်မှုတွေကို တစ်ထောင့်တစ်နေရာက ပေးနေမှာအမှန်ပါပဲ။ ဝယ်ယူချင်တယ်ဆိုရင်တော့ HUAWEI Branded Show Room တွေ အပါအဝင် HUAWEI ရဲ့ Dealer Shop တွေမှာ HUAWEI ရဲ့ ပရိုမိုးရှင်းတွေ ခံစားပြီး ဝယ်ယူနိုင်မယ်ဆိုတော့ အခြားသော ကာလာတွေထက် ပိုလန်းမယ့် HUAWEI nova 2i Aurora Blue ဟာ ဝယ်ယူသင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ ယခု  ၂၀၁၇ ခုနှစ်မှာဆိုရင်  HUAWEI အနေနဲ့  Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်တွေထဲမှာ အဆင့် ၈၈ နေရာ၊ Brand Finance ရဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၅၀၀ စာရင်းမှာ အဆင့် ၄၀ နေရာ၊ Interbrand ရဲ့ ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် ၁၀၀ မှာ အဆင့် ၇၀ နေရာကို ရခဲ့တဲ့အပြင် Fortune မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး Fortune ကုမ္ပဏီ ၅၀၀ စာရင်းမှာ အဆင့် ၈၃ နေရာကို ရောက်ရှိခဲ့တယ်ဆိုတာ ထုတ်ပြန်မှုတွေကနေ တစ်ဆင့်သိနိုင်ပါတယ်။ပြည်တွင်း ဈေးကွက်မှာလည်း ယှဉ်ပြိုင်စရာ မလိုအောင် ရပ်တည်နေတဲ့ HUAWEI ရဲ့ HUAWEI Nova 2i အနေနဲ့ ပြည်တွင်းမှာ ရောင်းအားစံချိန်သစ် တင်နိုင်သည်အထိ အောင်မြင်နေတယ်ဆိုတော့ကာ သင့်ရွေးချယ်မှု အရွေးမမှားနိုင်ကောင်းဘူးလို့ လက်တို့လိုက်ပါရစေ။

နေရာအနှံ့ သယ်ဆောင်သွားနိုင်ပြီး ဆက်သွယ်ရေး ကွန်ရက်တွေထဲမှာ လွတ်လပ်ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနိုင်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးကတော့ သင့်ရဲ့တစ်နေ့တာမှာ လိုအပ်မှာ အသေအချာပါပဲ။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဆိုတာ ဘာလဲ? ဘယ်လိုလဲ? ကလေးတစ်ယောက်တောင် အလွယ်ဆုံး ဖြေဆိုနိုင်ပါတယ်။ စမတ်ဖုန်းဆိုတာ ဖုန်းခေါ်ဆိုမတွေ ပြုလုပ်ပေးနိုင်တယ်။ စာတိုလေးတွေ ပေးပို့နိုင်တဲ့အပြင် အခြေခံဂိမ်းလေးတွေသာ သွင်းထားပေးတဲ့ အခြေခံဖုန်းတစ်လုံးနဲ့ မတူတဲ့ စမတ်ဖုန်းဟာ အဲဒီ့ သာမန်အရာလေးတွေအပြင် အများကြီး ပိုလုပ်ဆောင်ပေးနိုင်ပါတယ်။ စမတ်ဖုန်းဟာ အင်တာနက်ကို ချိတ်ဆက်ပေးနိုင်ပြီး ရှာဖွေမှုတွေ ပြုလုပ်ပေးနိုင်သလို ခရီးလမ်းညွှန်မှုတွေပါ ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်မယ်၊ ဗီဒီယိုရိုက်မယ်၊ လူမှုကွန်ရက်တွေမှာ ဝင်ရောက် ချိတ်ဆက်မယ်။ အီးမေးလ်တွေပို့မယ် အစရှိတာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။နဂိုမူလစွမ်းဆောင်နိုင်တာထက် ကျော်လွန်ပြီး တစ်ခုခုလုပ်ချင်နေတယ် ဆိုရင်လည်း စမတ်ဖုန်းတွေအတွက် အခမဲ့ Download ရယူနိုင်ပြီး လိုအပ်ချက် အများကြီးကို ဖြည့်ဆည်းပေးနိုင်တဲ့ Application တွေ ထောင်ချီပြီး ရှိနေပါတယ်။ ကား၊ရထား၊ လေယာဉ်စောင့်နေရင်း ပျင်းလာတယ်ဆိုရင် အခမဲ့ဂိမ်းတစ်ခုကို Download ဆွဲ  ဒါမှမဟုတ် Youtube , Netflix အစရှိတဲ့ App တွေကနေ ကိုယ်နှစ်သက်ရာ ရုပ်ရှင်၊ ဗီဒီယို ဒါမှမဟုတ် ဖျော်ဖြေရေး အစီအစဉ် တစ်ခုခုကို ကြည့်နေလိုက်ရုံပါပဲ။

အခု ရောက်ရှိနေတဲ့ ခေတ်ဟာ မိုဘိုင်းကမ္ဘာဖြစ်ပြီး လူတိုင်းဟာ ကွန်ပျူတာတစ်လုံးနီးပါး အသုံးဝင်တဲ့ စမတ်ဖုန်းတွေကို အိတ်ကပ်ထဲ ထည့်ထားပြီး ၂၄ နာရီ ၇ ရက်ပတ်လုံး တစ်နှစ်ကို ၃၆၅ ရက်နဲ့ အင်တာနက်ကနေတစ်ဆင့် တကမ္ဘာလုံးမှာရှိတဲ့ လူတိုင်းနဲ့ချိတ်ဆက်ထားနေကြတာပါ။ ဒီလို အခြေအနေမျိုးမှာ လူတွေရဲ့ အာရုံခံစားမှု ပုံစံတွေဟာလည်း တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့အခါမှာ ပိုမိုသစ်လွင်ပြီး innovatic ဖြစ်တဲ့ စမတ်ဖုန်းတစ်လုံးဟာ သူတို့လက်ထဲမှာ ရှိနေဖို့ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်း ဈေးကွက်ထဲမှာ စမတ်ဖုန်း အမှတ်တံဆိပ်တွေ အများအပြားရှိနေတဲ့အခါ ဘာကို ရွေးချယ်ရမလဲဆိုတာတော့ အရေးကြီးဆုံး အခန်းကဏ္ဍပါပဲ။

သင့်အနေနဲ့ သင်အသုံးပြုမယ့် ငွေကြေးပမာဏ၊ သင်လိုချင်တဲ့ Flash Ship ဖုန်းတွေမှာပါတဲ့ စွမ်းဆောင်ရည်တွေ၊ ယနေ့ခေတ် မပါမဖြစ် ဆိုရှယ်မီဒီယာတွေမှာ ဝေမျှဖို့အတွက် သင့်ရဲ့ အလန်းစား ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် ကင်မရာ အရည်အသွေး၊ စမတ်ဖုန်း တစ်လုံးအတွင်းက မှတ်ဉာဏ်သိုလှောင်မှု ၊ Lastet Game တွေ၊ App တွေကို ၊ Video တွေကို မျက်နှာပြင် အပြည့်အဝ ခံစားနိုင်ဖို့ Screen အရွယ်အစားတွေကတော့ အရေးပါတဲ့အချက်တွေပါပဲ။

သင်အသုံးပြုလိုတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ စမတ်ဖုန်းတစ်လုံးကို ညွှန်ပြပါဆိုရင် HUAWEI Nova 2i Aurora Blue ကို ညွှန်ပြပါရစေ။ HUAWEI ရဲ့ လွန်ခဲ့တဲ့နှစ်တွေမှာ စမတ်ဖုန်းအသုံးပြုသူတွေအပြင် ဓာတ်ပုံသမားတွေကိုပါ မဟာဗျူဟာကျကျ ဆွဲဆောင်နိုင်ဖို့ Leica တပ်ဆင် အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ ထွက်ရှိခဲ့ပါတယ်။ စမတ်ဖုန်း တော်တော်များများဟာ ယနေ့ခေတ်ကာလမှာ ဆိုရှယ်မီဒီယာတွေ အင်တာနက် သုံးစွဲမှုတွေ boom ဖြစ်လာတဲ့နည်းတူ ကင်မရာပိုင်း၊ Screen အရွယ်အစားတွေ၊​ Finger Print နည်းပညာတွေနဲ့ သုံးစွဲသူတွေကို စွဲဆောင်လာကြတာ အားလုံးအသိပါ။ HUAWEI ဟာ Nova 2i ကို ပြည်တွင်းမှာ စတင်ကြေညာခဲ့ပြီး Aurora Blue ကို ဈေးကွက်ထဲကို 2017 ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်မှာ ရောက်ရှိခဲ့တယ်။ မြန်မာကျပ်ငွေ ၃၃၉,၀၀၀ နဲ့ ဝယ်ယူရရှိနိုင်မယ်၊ HUAWEI nova 2i ဝယ်တဲ့သူတိုင်းအတွက်  ဒီခရစ်စမတ်ကာလမှာ 5000 mAh Power Bank နဲ့ MPT Data Bonus တွေပါ ရရှိနိုင်မယ်ဆိုပါတယ်။ ၅၀၀၀ ကျပ်ထည့် အပိုငွေ ၃၀၀၀ ကို ၁၂ လတိတိရယူနိုင်မယ်ဆိုတော့ ဒီဖုန်းကို ဝယ်တာနဲ့တင် ဖုန်းငွေဖြည့် သုံးစွဲမှုအတွက် ကိုယ့်ဘက်က ရမယ့် အခွင့်အရေးပါပဲ။ အားသွင်းကြိုးတွေ အားသွင်းတဲ့ခေါင်းတွေ နားကြပ်တွေကိုတောင် ၃ လ warranty ပေးထားသေးတယ်လို့ ဆိုပါတယ်။ 

  • VIA