POST TYPE

ADVERTORIAL

“Hot-Pot နဲ့ အကင်စားဖို့အချိန်ရောက်ပြီ”
23-Dec-2017


အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ရာသီ မယ်တစ်ရွာမောင်တစ်မြို့တော့ နေလို့လည်းမဖြစ်နိုင်ပါပြီ ...

ဒီရက်ပိုင်းအတွင်း ဆောင်းဟာ ပိုချမ်းပိုစိမ့်ပြီး ဆောင်းပီသလို့နေတော့ လူတိုင်းလည်း အနွေးထည်ကိုယ်စီနဲ့ရောင်စုံကာ ပိုလှပနေကြတော့သည်။ ယခုလိုအချိန်မျိုးမှာ စူပါမားကတ် စားသောက်ဆိုင်  ဘယ်နေရာပဲသွားသွား ကြားနေရသော Christmas သီချင်းတွေကလည်း ဆောင်းရာသီကို ပိုလို့ အသက်ဝင်စေပါသည်။ 

ဒီနှစ် ဒီဇင်ဘာကဖြင့် Christmas, New Year သုံးရက်ဆက် ပျော်ရွှင်စရာ အားလပ်ရက်တွေ တန်းစီလို့နေပါသည်။ တချို့ကတော့ ခရီးထွက်ကြဖို့နဲ့ တစ်ချို့ကလည်း ပျော်ပွဲရွှင်ပွဲကျင်းပပြီး ဆင်နွှဲဖို့အတွက်  တိုင်ပင်နေကြသည်။ လူတိုင်း Holiday mood ဝင်ကာ တက်ကြွပျော်ရွှင်နေကြသည်။ တစ်ဖက်မှာလည်း ရုံးတွင်းပါတီတွေ ကျင်းပဖို့၊ ကျောင်းသားလူငယ်များလည်း ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းကိုယ်စီ လူစုကာမုန့်ဝိုင်းဖွဲ့လုပ်စားဖို့ ပြင်ဆင်နေမှာ အမှန်ပင်။ ယခုလိုချမ်းအေးတဲ့ အခါသမယမှာ အလိုက်ဖက်ဆုံးက လူအများကြီး ဝိုင်းဖွဲ့စားသောက်ဖို့ Hot-Pot လို ပူပူနွေးနွေး အစားအစာမျိုးပင်။ နောက် တွဲဖက်စဉ်းစားစရာ တစ်ခုကတော့မီးဖိုပြီး အကင်လုပ်စားကြရင်း Game တွေဆော့ကြ၊ စကားပြောကြ၊ ရုပ်ရှင်ကြည့်ကြခြင်းဖြင့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်း နဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ရင်နှီးမှု ပိုမိုရရှိစေနိုင်သော အချိန်အခါကောင်းပင်။ ဒီလိုရာသီမျိုးမှာ ဆိုင်မှာ သွားထိုင် မှာစားရခြင်းမျိုးထက် အတူတူပြင်ဆင်ချက်ပြုတ်ရင်း ဝိုင်းဖွဲ့စားသောက်ရသည်က ဘဝအတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံနှင့် အမှတ်တရများ စုဆောင်းခြင်း တစ်မျိုးပင်ဖြစ်သည်။ 

BBQ, Hot Pot စားရင်း အမှတ်တရအချိန်များဖန်တီးဖို့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ အစားအသောက် ကောင်းကောင်းရဖို့က အတော် အရေးကြီးသည်။ စားမည်အားခဲပြီးကာမှ လိုသောတန်ဆာပလာများမရှိ ဝယ်ထားသည်နှင့် လူဦးရေ မလောက်စတဲ့ ပြဿနာများ မကြုံရဖို့ စတင် ဝယ်ယူချိန်ကတည်းက အထူးသတိပြုဖို့ လိုသည်။

Hot-Pot ကောင်းကောင်းရဖို့ အရေးကြီးဆုံးအဓိက Item ကတော့ ဟင်းအနှစ်ဆော့(စ်) ပြီးတော့ ဟင်းရည် အချိုဓာတ် အရသာအတွက် လက်ဆတ်တဲ့ အသား၊ ငါး နှင့် ပင်လယ်စာ ဖြစ်ပါတယ်။ Hot-Pot နဲ့တွဲဖက်စားရမယ့် အချည်ရည် ဆော့(စ်)တွေ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူလို့ ရနေပါပြီ။ အများစာဖြစ်တဲ့အတွက်ကြောင့်မို့ လိုအပ်တဲ့ ဟင်းအမယ်ပစ္စည်းတွေကို ချိန်ဆတဲ့နေရာမှာ အလွန် အရေးကြီးပါတယ်။ ဒါမှလည်း လိုက်ဖက်ညီမှုရှိစွာ ဟင်းအရသာ ကောင်းမွန်မှာဖြစ်ပါတယ်။

ပြီးတော့ BBQ အကင်လုပ်စားရာမှာလည်း အဓိက ရွေးချယ်ရမှာက အသား၊ ငါးတွေဟာ လက်ဆတ်ရမှာဖြစ်ပြီး ဟင်းအနှစ်တွေ စိမ့်ဝင်စွာသေချာ နယ်နှပ်ထားရမှာ ဖြစ်ပါတယ်။ မီးသွေးမီးဖိုနဲ့ဖြစ်စေ၊ လျှပ်စစ် အကင်အိုးစက်နှင့်ဖြစ်စေ ကင်စားရာမှာ အရသာကောင်းမွန်စွာ ရရှိမှာ ဖြစ်ပါတယ်။ နောက်ထည့်သွင်းစဉ်းစားရမယ့် အချက်ကတော့ အသားကင်စားရာမှာ အကျက်ညီဖို့ရန်အတွက် အကင်စက်တွေ ရွေးချယ်အသုံးပြုဖို့လည်း လိုအပ်ပါသေးတယ်။ 

Christmas နဲ့ New Year မှာ Hot-Pot နဲ့ BBQ အကင် လုပ်စားကြမယ့်သူတွေအတွက် Ocean Supercenter မှာ Hot-Pot အိုးနဲ့ အကင်စက်ပစ္စည်းတွေ၊ တစ်ခါသုံးခွက်၊ ပန်းကန်တွေအပြင် လတ်ဆတ်တဲ့ ဟင်းအနှစ် နယ်ထားပြီးသော ပင်လယ်စာ၊ ကြက်၊ ဝက် (၃)မျိုးကို လူအရေအတွက်အလိုက် ဘယ်နှစ်ယောက်စာ ဆိုပြီးတော့လဲ ဈေးနှုန်း ချိုသာစွာ အလေးချိန်ဖြင့် ဝယ်ယူလို့ရပါသေးတယ်။ 

ဒီ ပရိုမိုးရှင်းကိုတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်၊ အဓိကမြို့ကြီးတွေမှာရှိတဲ့  Ocean ဆိုင်ခွဲတိုင်းမှာ ဝယ်ယူနိုင်မှာဖြစ်လို့ Hot-Pot နဲ့ အကင်လုပ်စားကြမယ့် သူငယ်ချင်းတွေအတွက် ဂွတ်ရှယ်နိုင်းကျော်တဲ့ ပျော်စရာ အကောင်းဆုံး Christmas , New Year အချိန်တွေကို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ ဖန်တီးနိုင်မှာ အသေအချာပေါ့။

  • VIA