News

POST TYPE

ADVERTORIAL

Huawei ရဲ့ အရုဏ်ဦးကောင်းကင်ပြာလို့ တင်စားရမယ့် Nova 2i Aurora Blue
23-Dec-2017 tagged as huawei


စမတ်ဖုန်း အမှတ်တံဆိပ်တွေ မှိုလိုပေါက် ပေါများနေတဲ့ခေတ်ထဲမှာ ရပ်တည်မှုကြာမြင့်ပြီး ပရိသတ် အခိုင်အမာရရှိပြီးသား Brand တစ်ခုဖြစ်တဲ့ HUAWEI Company ကနေ ဆန်းသစ်ပြောင်းလဲမှုရဲ့ အထင်ကရထုတ်ကုန်အဖြစ် Nova Series တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီအထဲကမှ ကျွန်တော် တင်စားညွှန်းဆိုချင်တဲ့ Nova 2i Aurora Blue (သို့)  အရုဏ်ဦးရဲ့ကောင်းကင်ပြာ အကြောင်းပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက HUAWEI က ထုတ်တဲ့ စမတ်ဖုန်း တော်တော်များများဟာ သုံးစွဲသူတွေလက်ထဲ ရောက်ခဲ့ပေမယ့်လည်း ဝေဖန်သံတွေ အနည်းငယ်တော့ ကြားခဲ့ရပါတယ်။ နောက်ပိုင်း Network ပိုင်းကအစ တိုးတက်လာတဲ့ ခေတ်ထဲမှာ HUAWEI ရဲ့ High End စမတ်ဖုန်းတွေဟာ သုံးစွဲသူတွေကို အာမေဋိတ်တွေနဲ့ အံ့သြဘနန်း စွမ်းဆောင်ရည်တွေကို မြင်တွေ့သုံးစွဲခွင့်ရစေခဲ့တာပဲဖြစ်ပါတယ်။

တခြားအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်စရာ မလိုလောက်အောင် ပြည်တွင်းဈေးကွက်တွေမှာ နေရာယူထားတာကတော့ အားလုံးသိပြီးသားအတိုင်း ဖြစ်မှာပါ။ Leica နဲ့ပေါင်းပြီး စတင် ထုတ်လုပ်ခဲ့တဲ့အချိန်ကစပြီး ကင်မရာပိုင်း အလန်းစားတွေနဲ့ ပုံတွေ ရုပ်ထွက်တွေ ပြည်တွင်းက mobilegraphy သမားတွေရဲ့ လက်ရာတွေကို မြင်တွေ့ခံစားခဲ့ရပြီး မဟုတ်ပါလား။ Business Insider ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ တရုတ်မှာတောင် HUAWEI ရဲ့ စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု အရေအတွက်မှာ တခြားသော စမတ်ဖုန်းတွေထက် သာနေတယ်ဆိုတာတော့ အမှန်ပါပဲ။ ဖုန်းတေ ဒီလောက် အများကြီး ထုတ်ပြီး ဘာလုပ်တာလဲ? သုံးစွဲသူတွေ များလာတယ်၊ ဒီအမှတ်တံဆိပ်၊ ဒီဈေးနှုန်းဟာ သူတို့အတွက် တကယ်တမ်း အသုံးတည့်ကြလို့ပဲ ဖြစ်ပါတယ်။ ပေးရတဲ့ တန်ဖိုးနဲ့ညီအောင် သုံးစွဲရတဲ့ စမတ်ဖုန်းတလုံးရဲ့ အခန်းကဏ္ဍကလည်း အရေးပါတယ် မဟုတ်ပါလား။ ဒီနှစ် ခရစ်စမတ်ရဲ့ လဝက်တာကာလမှာ အရောင်အသစ် ကျွန်တော်ကတော့ အာရုဏ်ဦးရဲ့ကောင်းကင်ပြာလို့ပဲ ညွှန်းဆိုလိုက်ပါရဲ့ HUAWEI nova 2i Aurora Blue ကို HUAWEI ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။

HUAWEI nova 2i အပြာရောင် စမတ်ဖုန်းဟာ Selfie ကင်မရာ ဘာတွေ ဘယ်လိုဆိုပြီး ရေပန်းစား စမတ်ဖုန်းတွေရဲ့အထဲမှာမှ ပုံတွေ ရိုက်ရာမှာပဲ ဖြစ်ဖြစ်၊ ပုံရိပ်တွေကို ပုံဖော်ရာမှာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ယက်တွေကို အသုံးပြုရာမှာပဲ ဖြစ်ဖြစ်၊ ပြည့်ဝစွာ အသုံးပြုနိုင်မယ့် မျက်နှာပြင်ပြည့် 5.9 HUAWEI FullView Diplay ကိုတမူထူးခြားစွာ မိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ Real Camera 16 Mega Pixel ရယ် Front Camera  13 Mega Pixel ကင်မရာ ၄ လုံးဆိုတဲ့အတိုင်း အရှေ့ဘက်က မြင်ကွင်းတွေကို ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကိုယ့်အလှ၊ သူငယ်ချင်း အစုအဖွဲ့တွေနဲ့ ဆယ်လ်ဖီ ရိုက်ချင်တာပဲဖြစ်ဖြစ် ပရိုဆန်ဆန်ရိုက်ကူးချင်တာပဲဖြစ်ဖြစ် ဒါဟာအသုံးတည့်စေဖို့ အလွန်အကျွံဖွဲ့စည်းတည်ဆောက် ထားတာမျိုးမဟုတ်ပဲ သေသပ်လှပတဲ့ ကင်မရာနေရာအထားအသိုနဲ့ Dual Flash ပါ ပါဝင်တည်ဆောက်ထားပြီး သုံးစွဲသူ စိတ်ကြိုက်ဖြစ်စေမယ့် အနေအထားကို တွေ့ရပါလိမ့်မယ်။ ရွှေရောင်၊ အနက်ရောင်တွေထက် ပိုတည်ငြိမ်ပြီး ပိုခန့်ထည်တဲ့ အသွင်ဆောင်နေတဲ့ အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) ကို ဝယ်ယူမိတာက မမှားဘူးဆိုတာမျိုးကို သုံးစွဲသူတွေအနေနဲ့ သိလာပါလိမ့်မယ်။

တမင်သက်သက် Download လုပ်စရာမလိုတဲ့ ကင်မရာ Effect တွေဟာ သင့်ကို သင်နဲ့ သင့်မိတ်ဆွေတွေကို ထူးခြားပျော်ရွှင်ဖွယ် ကောင်းတဲ့ ကမ္ဘာသစ်တစ်ခုစီကို ခေါ်ဆောင်သွားပါလိမ့်မယ်။ တခြားသော အမျိုးမျိုး စိတ်ဝင်စားဖွယ် Feature တွေကတော့ Nova 2i စမတ်ဖုန်းကနေသင့်ကို စောင့်ကြိုနေပါလိမ့်မယ်။ ဥပမာ -စကရင်ကို နှစ်ချက်ခေါက်ရင် Screen Shot လုပ်ပေးတာမျိုး၊ Build in app ဖြစ်တဲ့ Heath care ကနေ သင့်ရဲ့ကျန်းမာရေးအတွက် ပြေးတာတွေ၊ လမ်းလျှောက်တာတွေအတွက် Auto Calori တွက်ချက်ပေးတာမျိုးတွေကို တွေ့ကြုံခံစားရမှာပါ။ ဆင်းမ်ကတ် နှစ်ကတ် အသုံးပြုနိုင်တယ်။ နှစ်ကတ်သုံးရင် Memory Card သုံးလို့မရဘူးလို့လည်း မပြောလိုက်ပါနဲ့ ဖုန်းတကတ်ပဲ သုံးမယ်ဆို 256 GB ထိ တိုးနိုင်မယ် Build in ကလည်း 64 GB၊ သင် စိတ်ကြိုက် သိုလှောင်နိုင်မယ့် Memory ပမာဏအတွက် Nova 2i Aurora Blue က OTG ကို Support ပေးထားပါသေးတယ်။ ဖုန်းတစ်လုံးရဲ့ အပြင်အဆင်တွေကို ထပ်မံပြီး လှပအောင် Theme တွေနဲ့ တန်ဆာဆင်ချင်တယ်ဆိုရင်လည်း HUAWEI Theme Editor ကသင့်ကို သင့်အကြိုက်ပုံရိပ်တွေ icon တွေနဲ့ စောင့်ကြိုနေပါလိမ့်မယ်။ ဈေးနှုန်းအနေနဲ့ သုံးသိန်းကျော် အတိအကျဆိုရရင် ၃၃၉,၀၀၀ မှာ ကင်မရာပိုင်း ကြိုက်တဲ့သူတွေအတွက်ကော၊ အတွင်း Specification ကြိုက်တဲ့သူတွေအတွက်ကော မျက်စိစုံမှိတ်ဝယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးဟာ  အာရုဏ်ဦးရဲ့ကောင်းကင်ပြာ (Aurora Blue) လို့ပဲ ညွှန်းပါရစေ။ နည်းပညာဆောင်းပါးတွေ စမတ်ဖုန်း Reviews တွေထဲမှာတော့ ကိုယ်ရည်သွေး တီးလုံးသံတွေကြားနေတာကနေ ကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်တာက သုံးစွဲသူတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်မှာပါ။Opreation System က Android 7.0, EMIUI က 5.1 ,အသံပိုင်းဆိုင်ရာမှာ 3D Sound Effect ၊ ပရိုဆက်ဆာတွေအနေနဲ့ကလည်း 1.7GHz Octa-Core HI silicon Kirin 659 ပရိုဆက်ဆာသုံးထားပြီး 4GB RAM ကို သုံးထားတဲ့အတွက် Graphic မြင့်တဲ့ ဂိမ်းတွေလည်း ဆော့နိုင်တယ်။ Destop ပေါ်တင်ဆော့မှသာ ရတဲ့ဂိမ်းမျိုးတော့ဖုန်းနဲ့  ဆော့ချင်လို့တော့ မရဘူးပေါ့။ ပေးရတဲ့ဈေးနဲ့တန်တဲ့ Mid-Range ဖုန်းတွေထဲမှာ သင့်ကို  အာရုဏ်ဦးရဲ့ ကောင်းကင်ပြာ (Aurora Blue) က စိတ်တိုင်းကျ ကျေနပ်စေမှာပါ။ ဘက်ထရီကလည်း 3340 mAh ဆိုတော့ သင့်တစ်နေတာလုံးမှာ Nova 2i Aurora Blue က မခွဲအတူ ရှိနေနိုင်ပြီပေါ့။

  • VIA