News

POST TYPE

ADVERTORIAL

OPPO F5 သို့မဟုတ် သင့်အတွက် ပိုမိုအားကောင်းသောရွေးချယ်မှု
21-Dec-2017 tagged as


OPPO က အသစ်မိတ်ဆက်ပေးထားသည့် OPPO F5 Youth ထုတ်ကုန်၏နောင်တော် version ဖြစ်သော OPPO F5 ကို ယခု ဒီဇင်ဘာလအတွင်း မြန်မာပြည်မိုဘိုင်းဈေးကွက်သို့ တင်ပို့ မိတ်ဆက်ပေးသွားတော့မည်ဖြစ်ပြီး ဖုန်း၏စွမ်းဆောင်မှုအပိုင်းနှင့် ကင်မရာပိုင်းတို့တွင် ပိုမို ကောင်းမွန်လာမည်ဖြစ်သည်။ OPPO F5 ထုတ်ကုန်သစ်တွင် မျက်နှာပြင်အပြည့်မြင်ကွင်းကို ခံစားရရှိစေမည့် FullHD+ ရုပ်ထွက် အရည်အသွေးရှိ 6.0’’ Full Screen ကိုအသုံးပြုပေးထားသည်။ OPPO ၏ နောက်ဆုံး နည်းပညာတစ်ရပ်ဖြစ်သော A.I. Beauty Technology ကိုပါ ထည့်သွင်းပေးထားခြင်းကြောင့် သဘာဝ ပိုဆန်ပြီး အရောင်းအသွေး ပိုမိုပြည့်စုံစေမည့် Selfie ပုံများကို ရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။ OPPO F5 တွင် ကင်မရာပိုင်းအတွက် ပိုမိုကောင်းမွန်သည့် ကင်မရာ အမျိုးအစားများဖြစ်သော 20MP ရုပ်ထွက် အရည်အသွေးရှိ ရှေ့ကင်မရာနှင့် 16MP ရုပ်ထွက် အရည်အသွေးရှိ နောက်ကင်မရာတို့ကို တပ်ဆင်ပေးထားခြင်းကြောင့် ပိုမို အနုစိတ်ကျသည့် ဓာတ်ပုံများကို အလင်းရောင်နည်းပါးသည့် အခြေအနေမှာပင် ဖန်တီးရယူနိုင်စေမည်ဖြစ်သည်။ ဖုန်း၏ application များ အသုံးပြုရာတွင်လည်း RAM 4GB ကို တိုးမြှင့်အသုံးပြုပေးထားခြင်းကြောင့် ပိုမိုမြန်ဆန်သွက်လပ်စွာ အသုံးပြုနိုင်စေသလို Game ကစားရာတွင်လည်း ညက်ညောမှု ပိုမိုရရှိစေမည်ဖြစ်သည်။ OPPO F5 ၏ ဒီဇိုင်းပိုင်းတွင် F5 Youth နှင့် အနည်းငယ် ကွဲလွဲသွားစေမည့် ငွေရောင်လိုင်း ၂ လိုင်းကို ဖုန်းနောက်ကျောဘက် အပေါ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် တစ်လိုင်းစီ ထည့်သွင်းပေးထားသည့်အတွက် ဖုန်းနောက်ကျောဘက်ကိုကြည့်လိုက်ရုံဖြင့် OPPO F5 မှန်း ပိုမိုသိသာစေမည်ဖြစ်သလို ထူးခြားသည့် ဆွဲဆောင်မှုမျိုးကိုပါ ပေးစွမ်းပေးထားသည်။

OPPO F5 တွင် Facial Unlock နည်းပညာများအပြင် Fingerprint လက်ဗွေဖတ်စနစ်နှင့် တခြားသော password, passcode နည်းလမ်းများကိုလည်း ဖုန်း unlock လုပ်စေဖို့ အသုံးပြုနိုင်စေမည်ဖြစ်သည်။ ဖုန်းအချက်အလက် သိုလှောင်နိုင်စေရန် internal storage 32GB ကို တစ်ပါးတည်း ထည့်သွင်းပေးထားပြီး Micro SD ကဒ်မှတစ်ဆင့် 256 GB အထိ ထပ်တိုးအသုံးပြုနိုင်စေမည်ဖြစ်သည်။ OPPO ၏ နောက်ဆုံးထုတ် ColorOS Version 3.2 နှင့်အတူ Android OS 7.1 (Nougat) ကိုပါ တစ်ပါတည်း အသုံးပြုပေးထားသည်။ OPPO F5 အတွက်လည်း 3200 mAh အမျိုးအစား battery ကိုပါ ဆက်လက် အသုံးပြုပေးထားမည်ဖြစ်၍ ပုံမှန် အသုံးပြုပါက ၁၂ နာရီအထိ ကြာရှည်ခံစေမည်ဖြစ်သည်။ OPPO F5 ဈေးနှုန်းကို သိပ်မကြာခင်တွင် OPPO Myanmar မှ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

  • VIA
  • TAGS