News

POST TYPE

ADVERTORIAL

ဖုန်းဘေလ်ကလည်း ဘာမှမသုံးရသေးဘဲနဲ့ ကုန်သွားပြန်ပြီဆိုတာမျိုး မဖြစ်စေဖို့
20-Dec-2017

ဖုန်းဘေလ်ဖြည့်ပြီး မကြာခင်မှာပဲ ဘာမှသိပ်မသုံးရသေးဘဲ ကုန်သွားလို့ ညည်းကြတဲ့အသံတွေ မကြာမကြာ ကြားရတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ တခြားအကြောင်းရင်းတွေ ရှိနိုင်ပေမယ့် အဖြစ်အများဆုံးကတော့ ကိုယ်မသိဘဲနဲ့ အလိုအလျောက် အင်တာနက်ဒေတာကို သုံးမိနေတာ၊ ဒါမှမဟုတ် ဒေါင်းလော့ဒ်တွေ ဆွဲနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမဖြစ်စေဖို့အတွက် Android ဖုန်းတွေမှာ လုပ်ထားသင့်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးသွားပါမယ်။

(၁) ကိုယ့်ဖုန်းရဲ့ဒေတာ အသုံးပြုမှုကိုစစ်ဆေးပါ

ပထမဆုံးအနေနဲ့ ကိုယ့်ဖုန်းက ဒေတာ ဘယ်လောက်သုံးနေလဲ၊ ဘယ် App တွေက သုံးနေလဲဆိုတာကို အရင် ဆုံးစစ်ဆေးဖို့လိုပါမယ်။ ဒီလိုစစ်ဆေးဖို့အတွက် Setting ထဲက Wireless & Network ကနေတစ်ဆင့် Data Usage ထဲကိုဝင်ပါ။ အဲဒီမှာ ဘယ်ရက်ကနေ ဘယ်ရက်အတွင်း သင် ဒေတာပမာဏ ဘယ်လောက်သုံးထားတယ် ဆိုတာကို အရင်ဆုံး တွေ့ပါလိမ့်မယ်။ အောက်ကိုဆက်ပြီးဆွဲချသွားရင် ဘယ် App တွေက ဘယ်လောက်သုံးနေသလဲ ဆိုတာကိုတွေ့ရတော့မှာပါ။

(၂) မလိုတဲ့ App တွေကိုရှင်းလင်းပါ 

Data Usage ထဲက အင်တာနက်ဒေတာ သုံးနေတဲ့ App စာရင်းထဲမှာ ကိုယ်မသုံးတဲ့ App တွေ၊ ကိုယ်မသိတဲ့ App တွေရှိနေရင် တစ်ခါတည်း Uninstall လုပ်ပစ်ထားဖို့ လိုပါတယ်။ Uninstall လုပ်လို့မရတဲ့ Built In App တွေဆိုရင်လည်း Data Usage ကို ပိတ်ထားလိုက်လို့ရပါတယ်။ 

(၃) Facebook မှာဗွီဒီယိုတွေ Auto Play နေသလားဆိုတာကို စစ်ဆေးပါ

Facebook က စမတ်ဖုန်းသုံးတဲ့သူတွေ အများဆုံး အသုံးပြုတဲ့ App ဆိုတာ အထူးပြောနေဖို့လိုမယ် မထင်ပါဘူး။ ဒါကြောင့် Facebook မှာ ဗွီဒီိယိုတွေကို ကိုယ် Play မလုပ်ဘဲ Auto Play နေမယ်ဆိုရင် ဖုန်းဘေလ်တွေက ကုန်ပြီးရင်း ကုန်နေတော့မှာပါ။ ဒါကြောင့် အဲဒီလို Auto Play နေသလားဆိုတာကို စစ်ဆေးပြီး တကယ်လို့ Wifi နဲ့မဟုတ်ဘဲ Mobile Data နဲ့ သုံးနေတဲ့အချိန်မှာ အလိုလို Play နေတယ်ဆိုရင်တော့ Facebook ရဲ့ App Setting ထဲဝင်ပြီး ဗွီဒီယို Auto Play ကိုပိတ်ထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

ဒီအဆင့် ၃ ဆင့်အတိုင်း လုပ်ဆောင်ထားမယ်ဆိုရင် ဖုန်းဘေလ်တွေ ကိုယ်သိပ်မသုံးရဘဲ ခဏခဏ ကုန်နေတာမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာပဲ။ ဆက်ပြီးတော့ ဖုန်းနဲ့အင်တာနက် သုံးတဲ့အချိန်မှာ ဒေတာခ အကုန်သက်သာတဲ့အပြင် ဖုန်းဘေလ်ပါ လက်ဆောင်ပြန်ရနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း မျှဝေပေးချင်ပါသေးတယ်။ 

အဲဒါကတော့ Ooredoo ရဲ့ Hottest Data Pack ပဲဖြစ်ပါတယ်။ Ooredoo ရဲ့ Hottest Data Pack နဲ့ဆိုရင် ဒေတာခ အကုန်အကျ သက်သာတဲ့အပြင် ကိုယ်ဝယ်ယူတဲ့ ဒေတာ ပမာဏအလိုက် လက်ဆောင်တွေ ၁၀၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိဦးမှာပါ။ Hottest Data Pack ဝယ်လို့ရလာတဲ့ အပိုလက်ဆောင်က ၇ ရက်အထိ အသုံးပြုနိုင်တာကြောင့်လည်း ပိုပြီးအဆင်ပြေပါတယ်။

ဒါကြောင့် အင်တာနက်ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ အသုံးပြုနိုင်ပြီး အပိုလက်ဆောင်ပါ ရရှိနိုင်ဖို့အတွက် Ooredoo ရဲ့ Hottest Data Pack ကိုဝယ်ယူအသုံးပြုဖို့ အကြံပြုလိုက်ရပါတယ်။

  • VIA