News

POST TYPE

ADVERTORIAL

၂၀၁၈ ဖီဖာကမ္ဘာ့ဖလား (ရုရှား) အတွက် Special Edition Smartphone ကို Vivo ထုတ်ဖော်ပြသ
02-Dec-2017 tagged as


မော်စကို၊ ရုရှား၊ ဒီဇင်ဘာ ၂

ကမ္ဘာ့ဦးဆောင် စမတ်ဖုန်း အမှတ်တံဆိပ်များအတွင်း ပါဝင်နေတဲ့ Vivo ဟာ ဖီဖာကမ္ဘာ့ဖလားရဲ့ တရားဝင် စပွန်ဆာအဖြစ် Special Edition ဟန်းဆက်ကို ပြုလုပ်ထားကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီ Special Edition တွေကို ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား(ရုရှား) ပြိုင်ပွဲတစ်ခုလုံးနဲ့ သက်ဆိုင်သူတွေ အပါအဝင် ဝန်ထမ်းတွေအားလုံး ကိုင်ဆောင်အသုံးပြုမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက မော်စကိုမြို့တော်၊ ကရင်မလင် နန်းတော်ကြီးမှာ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား (ရုရှား) ပြိုင်ပွဲကြီးအတွက် အသင်းပေါင်း ၃၂ သင်းကို မဲခွဲပြီး အုပ်စုသတ်မှတ်ခဲ့ပြီ ဖြစ်ပါတယ်။

Vivo smartphone ရဲ့ ပုံသဏ္ဍာန်မှာ ဖီဖာအတွက် အထူးပြုလုပ်ထား

မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင် အသင်းတွေကြောင့် မဲခွဲခြင်းဟာ ပြိုင်ပွဲကြီးတစ်ခုလုံး မစတင်မီကတည်းက တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ ရုရှားမှာ ပြုလုပ်တဲ့ ဒီမဲခွဲပွဲ အခမ်းအနားကို သမိုင်းကြောင်း ကြီးမားတဲ့ ဧည့်သည်တော်တွေ၊ အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဖီဖာကို ကိုယ်စားပြုတဲ့ အကြီးအကဲတွေ၊ ကမ္ဘာတစ်ဝန်းလုံးက မီဒီယာတွေ သာမက ဖီဖာနဲ့ လက်တွဲ လုပ်ဆောင်နေတဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီလို သမိုင်းဝင်တဲ့ အခိုက်တန့်ဖြစ်တဲ့ မဲခွဲပွဲ အခမ်းအနားမှာ Vivo ကလည်း ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား (ရုရှား) အတွက် အထူးသီးသန့် ထုတ်လုပ်ထားတဲ့ ဖုန်းတွေကို မိတ်ဆက်ပြသခဲ့ပြီး တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက ပိုများတဲ့ သုံးစွဲသူတွေအတွက် Vivo ရဲ့ အတွေ့အကြုံကောင်းတွေကို ဆက်လက် သယ်ဆောင်လာခဲ့ပြီ

ဖီဖာနဲ့ မိတ်ဖက်အဖြစ် လက်တွဲခွင့်ရခြင်းဟာ Vivo အတွက် ကမ္ဘာတစ်ဝန်းက ငယ်ရွယ်သူတွေဆီ ပိုမိုရောက်ရှိသွားဖို့ အကူအညီများစွာ ဖြစ်ရပါတယ်။ အထူးသဖြင့် ဘောလုံး အားကစားကို ဝါသနာပါ နှစ်ခြိုက်တဲ့ လူငယ် ပရိသတ်တွေဆီကို ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်တာ ဖြစ်ပါတယ်။ Vivo အနေနဲ့ သုံးစွဲသူတွေနဲ့ အားကစား အကြားမှာ အပြန်အလှန် စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ဖြစ်ပေါ်လာဖို့လည်း ဆက်လက် ဖော်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကလည်း Vivo ရဲ့ ပြည်ပ ဈေးကွက်မှာ ဦးဆောင်နိုင်တဲ့ နေရာကို ရယူနိုင်ရေးဆိုတဲ့ ရည်မှန်းချက်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ် ဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း Vivo ဟာ ထိုင်ဝမ်၊ စင်ကာပူနဲ့ ရုရှားတို့ အပါအဝင် ပြည်ပ ဈေးကွက်သစ်တွေကို ချဲ့ထွင်မဲ့ အစီအစဉ်ကို ထုတ်ပြန် ကြေညာခဲ့ပါသေးတယ်။

၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်လိုက်တာနဲ့ တစ်ပြိုက်နက် ဖီဖာဝန်ထမ်းတွေ အားလုံးဟာ Vivo ရဲ့ Special Edition Smartphone တွေကို အသုံးပြုကြပါလိမ့်မယ်။ ဒါကလည်း တစ်ကမ္ဘာလုံးက ဘောလုံးပြိုင်ပွဲတွေ အများစုဆီ ပိုပြီးရောက်ရှိဖို့ မျှော်မှန်းပြင်ဆင်ချက် ဖြစ်ပါတယ်။

Vivo အကြောင်း

ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်း အမှတ်တံဆိပ်သစ် တစ်ခုဖြစ်တဲ့ Vivo ဟာ ခေတ်သစ် နည်းပညာလောကမှာ ပြီးပြည့်စုံတဲ့ အသံထွက် အရည်သွေးနဲ့ အဆုံးစွန် ကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးမှု အရည်အသွေးကို အာရုံစိုက်ပြီး ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Vivo ဟာ ငယ်ရွယ်သူတွေအတွက် လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်း အရည်အသွေးနဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ဒီနေ့အထိ သုံးစွဲသူပေါင်း သန်းနှစ်ရာနီးပါးအထိ ရရှိထားပြီး ကမ္ဘာတစ်ဝန်းက လူငယ်တွေအတွက် အမှတ်တံဆိပ် တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ နဲ့ ၂၀၂၂ တို့ရဲ့ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် တရားဝင် စပွန်ဆာအဖြစ် ဆောင်ရွက်ခြင်းက လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပိုပြီး ထုတ်ဖော်ပြသနိုင်ဖို့ လှုံ့ဆော်ရာမှာ အရေးပါတဲ့အချက် ဖြစ်လာပါလိမ့်မယ်။

နောက်ဆုံး သုတေသန ရလဒ်တွေအရ၊ ၂၀၁၇ ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးမှာ Vivo ဟာ ကမ္ဘာ့ စမတ်ဖုန်း ရောင်းချမှုအပိုင်းမှာ ဈေးကွက်ဝေစု ၇.၁% နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ထိပ်ဆုံး ၅ ခုရဲ့ ပြင်ပမှာတော့ ကမ္ဘာလုံးဆိုင်ရာ တင်ပို့ရောင်းချမှုမှာ ၃၂% နဲ့ တစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားနေတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

  • TAGS