News

POST TYPE

ADVERTORIAL

ပိုက်ဆံစုမိစေဖို့ အကြံပြုချက် ၅ ချက်
02-Dec-2017

ပိုက်ဆံဆိုတာ အားလုံးသိတဲ့အတိုင်း ရှာရခက်သလောက်၊ ကုန်ဖို့လွယ်တဲ့အရာတစ်ခုပါပဲ။ ပိုက်ဆံစုတယ်ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်လက်ထဲမှာ ငွေစုမိဆောင်းမိရှိတာဟာ ဘဝလုံခြုံမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးစေနိုင်ပါတယ်။ ဒါကြောင့် အပြောလွယ်သလောက် အလုပ်ခက်တဲ့ ပိုက်ဆံစုနဲ့ ပတ်သက်လို့ အထောက်အကူပြုမယ့် အကြံပြုချက် ၅ ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အလေ့အကျင့် လုပ်ပါ

လူ့သဘာဝအရ လူတော်တော်များများဟာ ပိုက်ဆံများများ စုမိလာလေ၊ ပိုစုချင်လာလေ ဖြစ်လာတတ်တဲ့ အကျင့်မျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာသာ ငွေစုတာကို အလေ့အကျင့် ရအောင်သာ စပြီးလုပ်လိုက်ပါ။ နောက်ပိုင်းမှာ ငွေစုရတာ ပိုပိုပြီးလွယ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီလို အလေ့အကျင့် ရဖို့အတွက် စစချင်းမှာ ပိုက်ဆံအများကြီး စုမိဖို့ဆိုတဲ့ ရည်မှန်းချက်မျိုး မထားသေးဘဲ ကိုယ့်ဝင်ငွေထဲကနေ မသိသာနိုင်လောက်တဲ့ ပမာဏလောက်ကိုပဲစပြီး စုပေးပါ။ အချိန်ကာလ တစ်ခုရောက်လို့ သင် သတိထားမိတဲ့အချိန်မှာ စုမိတဲ့ငွေ ပမာဏက အတော်လေး များနေတဲ့အခါ သင့်အနေနဲ့ ပိုက်ဆံစုချင်တဲ့ဆန္ဒတွေ ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပိုက်ဆံစုမိဖို့အတွက် အလားအလာ ကောင်းသွားပါပြီ။

(၂) အရေးပေါ် သုံးဖို့ငွေကို သက်သက် ဖယ်ထားပါ

ငွေစုတဲ့အခါ ကိုယ်တိုင်နဲ့မိသားစုမှာ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေကြောင့် အရေးပေါ် သုံးစွဲဖို့ လိုလာတဲ့အခါမျိုးမှာသုံးဖို့ ငွေကို သက်သက်ဖယ်ပြီး စုဆောင်းထားဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် သင်စုထားတဲ့ ငွေတွေကို အရေးပေါ် အခြေအနေကြုံတဲ့အခါ ထုတ်သုံးလိုက်ရတာကြောင့် ကုန်သွားလို့ စိတ်ဓါတ်ကျသွားနိုင်ပါတယ်။

(၃) ရေတို၊ရေရှည် ရည်မှန်းချက်ထားပါ

တစ်ခါတည်းနဲ့ ငွေပမာဏ အများကြီး စုမိဖို့ မမှန်းထားပါနဲ့။ အဲဒီအစား ဖြစ်နိုင်လောက်တဲ့ ရည်မှန်းချက်မျိုးလေးတွေထားတာ ပိုအဆင်ပြေပါတယ်။ ရည်မှန်းထားတဲ့ငွေပမာဏ တစ်ခုပြည့်သွားတိုင်း သင့်အနေနဲ့ စိတ်ဓာတ်ပိုတက်လာမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ငွေစုရတာကို အရသာ တွေ့လာမှာပါ။

(၄) မဖြစ်နိုင်တာတွေ မမှန်းပါနဲ့

ကိုယ့်ရဲ့ အခြေအနေကို ကိုယ်သိဖို့ လိုပါတယ်။ သင့်ဝင်ငွေနဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်မျိုးတွေကိုပဲ ချသင့်ပါတယ်။ သင့်ဝင်ငွေ တိုးလာရင် တိုးလာသလို ကိုယ့်ရဲ့ရည်မှန်းချက်ကို ပြင်ဆင်သွားလို့ ရပါတယ်။

(၅) ငွေသား ကိုင်တာလျှော့ပါ။

ပိုက်ဆံက လက်ထဲမှာ ငွေသားအနေနဲ့ ရှိနေရင်ပိုပြီး ကုန်လွယ်ပါတယ်။ ဒါကြောင့် ဘဏ်မှာ၊ ဒါမှမဟုတ် ခုနောက်ပိုင်း ခေတ်စားလာတဲ့ Mobile Money အဖြစ် အကောင့်ဖွင့်ထားတာမျိုး လုပ်သင့်ပါတယ်။ Mobile Money အကောင့်ကို သင့်မှာ ဖုန်းရှိရုံနဲ့ အလွယ်တကူ ဖွင့်လို့ရပြီး ငွေလွှဲတာ၊ ငွေထုတ်တာနဲ့ တခြား သုံးစွဲတာတွေကိုပါ ဖုန်းရှိနေရုံနဲ့ အလွယ်တကူ လုပ်လို့ရတာကြောင့် ငွေစုမိဖို့ အထောက်အကူပြုမှာ ဖြစ်သလို တခြား အလုပ်ပိုတွေလည်း မရှုပ်ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံမှာ Mobile Money ဝန်ဆောင်မှုတွေလည်း အရှိန် ရလာနေပါပြီ။ Mobile Money ဝန်ဆောင်မှု ပေးနေသူတွေထဲမှာ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်တဲ့ အူရီဒူးလည်း ပါဝင်ပါတယ်။ အူရီဒူးက မြန်မာနိုင်ငံရဲ့ ထိပ်တန်း ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီကြီး ဖြစ်တာကြောင့် သူ့ရဲ့ဝန်ဆောင်မှုက အာမခံချက် အပြည့်အဝ ရှိမယ်ဆိုတာ အထူးပြောနေဖို့လိုမယ် မထင်ပါဘူး။ အူရီဒူးရဲ့ Mobile Money ဝန်ဆောင်မှုက M-ပိုက်ဆံ လို့အမည်ရပြီး လူတိုင်း လွယ်လွယ်ကူကူ ထိထိရောက်ရောက် သုံးစွဲနိုင်အောင် စီစဉ်ပေးထားတာကို တွေ့ရပါတယ်။ M-ပိုက်ဆံ ဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်တွေကို နိုင်ငံတဝှမ်း ထားရှိပေးထားတာကြောင့် ဘယ်နေရာ၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် အလွယ်တကူ ငွေလွှဲနိုင်မှာ ဖြစ်သလို ကိုယ်လိုအပ်တဲ့နေရာမှာ ငွေသား ပြန်လည် ထုတ်ယူလို့လည်းရမှာပဲ ဖြစ်ပါတယ်။


  • VIA