POST TYPE
ADVERTORIAL
Experience7 အမည်ဖြင့် Junction City တွင် ပွဲကျင်းပမည့် Vivo
27-Nov-2017

Vivo ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ V7 ကို သုံးစွဲသူတွေလက်ထဲ တရားဝင်မိတ်ဆက်မှုအဖြစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Experience7 လို့အမည်ပေးထားတဲ့ road show တစ်ခုကို ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ Junction City မှာ ပြုလုပ်ကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Experience7 လို့ အမည်ပေးထားတဲ့ ဒီ မိတ်ဆက်ပွဲမှာ V7 ကို မိတ်ဆက်ပေးရုံတစ်ခုတည်း မဟုတ်ဘဲ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ရုံးပိတ်ရက် မဟုတ်ဘဲ ကြားရက်မှာ ကျင်းပတဲ့ Experience7 ပွဲဟာ မွန်းတည့် ၁၂ နာရီကနေ စတင်မယ်လို့ သိရပါတယ်။

Experience7 အမည်ရတဲ့ ဒီပွဲမှာ Vivo V7 Black color ကိုလည်း မိတ်ဆက်ပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။ V7 ဟာ 5.7 လက်မအကျယ် FullViewTM Display နဲ့ 24MP အရှေ့ကင်မရာ ပါဝင်ပြီး Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုနိုင်ပါတယ်။ Qualcomm Octa-core Processor, 4GB RAM, Storage 32GB ကိုထောက်ပံ့ပေးထားပြီး micro SD Card နဲ့ 256GB အထိ တိုးချဲ့နိုင်တယ်လို့ သိရပါတယ်။ V7 ရဲ့ ဈေးနှုန်းက ၃၄၉၀၀၀ ကျပ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
- SOURCES
- The Voice
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021