News

POST TYPE

ADVERTORIAL

ကိုယ့်ရဲ့ Facebook Status ကို မမြင်စေချင်တဲ့သူတွေ မမြင်ရအောင်၊ မြင်စေချင်တဲ့သူတွေပဲ မြင်ရအောင် ဘယ်လိုလုပ်မလဲ
25-Nov-2017


အလုပ်ထဲက မကျေနပ်ချက်တွေကို Facebook မှာ Status တင်ပြီး ပေါက်ကွဲချင်ပေမယ့် ကိုယ့် Friend List ထဲမှာ ကိုယ့်အထက်လူကြီးတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေပါရှိနေရင် ပေါက်ကွဲရခက်နေတတ်ပါတယ်။

ဒါမှမဟုတ် ချစ်သူလေးနဲ့ လျှောက်လည်တဲ့ပုံ တင်ချင်ပေမယ့် ကိုယ့်အကောင့်ထဲမှာ အဒေါ်တွေ၊ ဦးလေးတွေတင်မက အဖေနဲ့အမေပါ ရှိနေရင်ရော ဘယ်လိုလုပ်ကြမလဲ။

ကိုယ်တင်ချင်တာလေး တင်ရဖို့အတွက် သူတို့ကို Unfriend လုပ်တာတွေ၊ Block တာမျိုးတွေလည်း မလုပ်ချင်ဘူးဆိုရင် အတော်လေး အခက်တွေ့ရတတ်ပါတယ်။

တကယ်တော့ ဒီပြဿနာက နည်းသိရင် အလွယ်လေးပါ။ သိပြီးသားလူတွေလည်း ရှိတယ်ဆိုပေမယ့် မသိသေးတဲ့လူတွေ အလွယ်တကူ သိသွားအောင် ပြောပြပေးချင်ပါတယ်။

Facebook မှာ ပို့စ်တင်ဖို့အတွက် နှိပ်လိုက်တဲ့အခါ ကိုယ့်နာမည်ရဲ့အောက်နားမှာ Public ၊ ဒါမှမဟုတ် Friends ၊ ဒါမှမဟုတ်ရင်လည်း Only Me ဆိုပြီး ပြနေတာလေး ရှိပါတယ်။ အဲဒါလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် Public ၊ Friends ၊ Friends Except စသည်ဖြင့် အစဉ်လိုက် ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက Friends Except ဆိုတာကိုနှိပ်လိုက်ပြီး ကိုယ်မမြင်စေချင်တဲ့သူတွေရဲ့နာမည်ကို ရွေးလိုက်ရုံပါပဲ။

နောက်တစ်နည်းကတော့ ကိုယ်မြင်စေချင်တဲ့လူတွေကိုပဲ သီးသန့် မြင်ရအောင်လုပ်တဲ့နည်းပါ။ ဒါလည်း လွယ်လွယ်လေးပါ။ ခုနက Friends Except ဆိုတာရဲ့အောက်မှာ Specific Friends ဆိုတာ ရှိပါတယ်။ အဲဒါကိုနှိပ်လိုက်ပြီးတော့ ကိုယ်မြင်စေချင်တဲ့သူတွေရဲ့နာမည်ကို ရွေးပေးလိုက်ရုံပါပဲ။

Facebook ပေါ်မှာ ကိုယ်တင်ချင်တာတွေကို မမြင်စေချင်တဲ့သူတွေ မမြင်အောင်၊ မြင်စေချင်တဲ့သူတွေပဲ မြင်ရအောင် တင်တဲ့နည်းကို ပြောပြပြီးပြီဆိုတော့  Facebook နဲ့ တခြားအသုံးများတဲ့ Viber နဲ့ BeeTalk တို့လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုတဲ့အခါ ဖုန်းဘေလ် အကုန်အကျ သက်သာမယ့် နည်းလမ်းတစ်ခုကို ပြောပြပေးပါဦးမယ်။

တခြားတော့ မဟုတ်ပါဘူး။ Ooredoo ရဲ့ အထူးအစီအစဉ်တွေထဲက လူကြိုက်များတဲ့ Facebook Plus ဆိုတဲ့ Social Pack ကို ဝယ်ယူအသုံးပြုတဲ့နည်းပါပဲ။ Ooredoo ရဲ့ Facebook Plus ကို ရယူထားမယ်ဆိုရင် Facebook အပြင် Viber နဲ့ BeeTalk တို့ကိုပါ 1 MB ကို တစ်ကျပ်နှုန်းနဲ့ သက်သက်သာသာ အသုံးပြုနိုင်မှာပါ။

Ooredoo ရဲ့ Facebook Plus ရယ်နဲ့ဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေ ခေတ်စားနေသလဲ ဆိုတာကို မျက်ခြေမပြတ်တော့ဘဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ စောင့်ကြည့်နေနိုင်မှာပဲ ဖြစ်ပါတယ်။

  • VIA