News

POST TYPE

ADVERTORIAL

V7 ဟာ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေး ပိုလာနိုင်မလား
25-Nov-2017

 

Vivo ဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာပဲ V7 ကို မြန်မာပြည်ဈေးကွက်ထဲ တင်သွင်း ဖြန့်ချိခဲ့ပါတယ်။ V7 ဟာ V7+ ထက် ဈေးနှုန်းလျော့နည်းတဲ့ ဖုန်းတစ်လုံးဖြစ်ပေမယ့် ရရှိတဲ့ user experience တွေကတော့ V7+ နဲ့ အတူတူပဲလို့ ပြောရပါလိမ့်မယ်။ သိပ်ပြီးတော့ အများကြီး ကွာခြားမှု ရှိမနေခဲ့ပါဘူး။ V7 ဟာ ဈေးကွက်ထဲမှာ ပိုပြီးယှဉ်ပြိုင်နိုင်ဖို့ ဦးတည်ထုတ်တဲ့ ပုံစံအချို့ကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဈေးနှုန်းလျော့ကျသွားတဲ့အတွက် တစ်ခုခုမှာတော့ လိုအပ်ချက် ရှိနေနိုင်တယ်လို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒီတော့ ဘာတွေက အားသာပြီး ဘယ်နေရာတွေမှာတော့ စဉ်းစားသင့်တဲ့ အချက်တွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်ပါ။

 

အခြေခံအချက်များ

အခြေခံအားဖြင့် သုံးထားတာတွေကတော့ Processor Qualcomm Octa-core, RAM4GB, Storage 32GB ဖြစ်ပြီး microSD Card နဲ့ 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီကတော့ 3000mAh ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Fingerprint အသုံးပြုလို့ရမှာဖြစ်ပြီး ကိုယ်ထည်ရဲ့ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ Operating System အနေနဲ့ကတော့ Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုနိုင်တာလည်း တွေ့ရပါတယ်။

 

ဒီဇိုင်း

ဒီဇိုင်းကတော့ Vivo ရဲ့ မြင်တွေ့နေကျပုံစံအတိုင်း Uni body ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့်တော့ 149.3 x 72.8 x 7.9 mm (5.88 x 2.87 x 0.31 in) ရှိတာကို တွေ့ရပါတယ်။ ဒီအရွယ်အစားက V7+ ထက် အနည်းငယ် သေးငယ်သွားတာကို တွေ့ရပြီး ထုထည် ထူထဲမှုကတော့ V7+ ထက် 0.2mm လောက်ပဲ ပိုထူသွားတာကို တွေ့ရပါတယ်။

           

အားသာချက်

အားသာချက်တွေအနေနဲ့က 18:9 FullViewTM Display ရရှိတာ၊ 24MP အရှေ့ကင်မရာ ပါဝင်တာကို ဦးဆုံး ပြောရမယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ဆိုရင် 5.5 လက်မသာ ရရှိမှာ ဖြစ်ပေမယ့် V7 ရဲ့ မြင်ကွင်းအပြည့်ဟာ 5.7 လက်မအထိ ရှိလို့ပါပဲ။ ပြီးတော့ V7 ရဲ့ အရွယ်အစားက လက်တစ်ဘက်တည်းနဲ့ အသုံးပြုချင် သူတွေအတွက် ပိုပြီးအဆင်ပြေလာတာကို တွေ့ရပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ ကင်မရာပိုင်း အပြောင်းအလဲ မရှိတာပါ။ 24MP အရှေ့ကင်မရာကို အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒါဟာ Selfie ကို အရူးအမူး နှစ်သက်သူတွေအတွက်တော့ တကယ့်ကို နှစ်သက်စရာပါ။ အနောက်ကင်မရာကလည်း 16MP ပဲဖြစ်ပါတယ်။

V7 ဟာ Fingerprint အသုံးပြုလို့ရတဲ့အပြင် Face Access လည်းပါဝင်လာပါတယ်။ ဒါကလည်း V7+ နဲ့ အတူတူပါပဲ။ နောက်တစ်ခုက Processor နဲ့ RAM ကို V7+ နဲ့ တူညီစွာသုံးပေးထားတာကလည်း စိတ်ကျေနပ်စရာလို့ ပြောနိုင်ပါတယ်။  

 

အားနည်းချက်

HD resolution က 1440×720 ဖြစ်တဲ့အတွက် ဒါထက်ပိုပြီး မြင့်တာကို ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စရာ ကောင်းမှာ မဟုတ်ပါဘူး။ ဘေးဘောင်တွေက V7+ လောက် မပါးတာ၊ USB Type C မဟုတ်တာ၊ ဘက်ထရီ 3000mAh ဖြစ်နေတာတွေက အားနည်းချက်လို ဖြစ်နေပေမယ့် Snapdragon 450 က power အရမ်းစားတဲ့ Chipset မဟုတ်တဲ့အတွက်ဘက်ထရီကတော့ သိပ်ပြီး ပြဿနာ မဟုတ်ဘူးလို့ ဆိုရမှာပါ။

V7 မှာ Hi-Fi audio chip ကို ထည့်သွင်းထားခြင်းမတွေ့ရပါဘူး။ ဒီတစ်ချက်ကတော့ Vivo ရဲ့ Hi-Fi audio အရည်အသွေးကို နှစ်သက်သူတွေအတွက် စိတ်ကျေနပ်မှု ရှိစေမှာ မဟုတ်ပါဘူး။

V7 ဟာ V7+ နဲ့ ဈေးနှုန်းအားဖြင့်နှိုင်းယှဉ်မယ်ဆိုရင် ကျပ် ၈၀၀၀၀ အထိ ကွာဟသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဓိက အားသာချက်တွေဖြစ်တဲ့ 24MP အရှေ့ကင်မရာ၊ FullViewTM Display တွေရရှိတာကတော့ စိတ်ကျေနပ်စရာ ဖြစ်ပါတယ်။ Smartphone တိုင်းမှာတော့ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြပါတယ်။ V7 မှာလည်း power user အတွက် အားနည်းချက်ရှိပေမယ့် selfie lover အတွက်တော့ အားသာချက် ရှိနေတာမျိုးပေါ့။ ဒါကြောင့် ဝယ်ယူမယ့်သူရဲ့ ရွေးချယ်မှုကပဲ အဓိဖြစ်ပါတယ်။



  • VIA