News

POST TYPE

ADVERTORIAL

V7 မိတ်ဆက်ပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ဖွယ်ရှိ
23-Nov-2017

Vivo ဟာ သူတို့ရဲ့ V series ထုတ်ကုန်တစ်ခုဖြစ်တဲ့ V7 Gold color ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကစလို့ ပြည်တွင်း ဈေးကွက်ထဲ ဖြန့်ချိခဲ့ပါတယ်။ ဈေးကွက် ပြိုင်ဆိုင်မှုတွေကြောင့် ViVo ဟာ ပြိုင်ဘက်တွေကို လက်ဦးမှု ရယူတဲ့အနေနဲ့ ထုတ်ကုန် မိတ်ဆက်ပွဲ မပြုလုပ်မီမှာပဲ တိုက်ရိုက် ဖြန့်ချိခဲ့တယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း Vivo ဟာ သူတို့ရဲ့ အစဉ်အလာအတိုင်း V7 အတွက် မိတ်ဆက်ပွဲကိုတော့ ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ဒီမိတ်ဆက်ပွဲကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့၊ ရန်ကုန်မြို့မှာပဲ ပြုလုပ်သွားမယ်လို့ သတင်း ရရှိပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာ ပြုလုပ်မှာလဲ ဆိုတာကိုတော့ အတိအကျ သိရှိရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အဲဒီမိတ်ဆက်ပွဲမှာ Vivo ရဲ့ ထုံးစံအတိုင်း ဖျော်ဖြေရေး အစီအစဉ်တွေ၊ ဝယ်ယူသူတွေအတွက် အထူး အစီအစဉ်တွေ ပါဝင်လာလိမ့်မယ်လို့ သိရှိရပါတယ်။

လက်ရှိ တင်သွင်းရောင်းချနေတဲ့ V7 ဟာ V7+ ထက် ကိုယ်ထည်ပမာဏ အနည်းငယ် သေးငယ်သွားတာကို တွေ့ရပေမယ့် အဓိက အားသာချက်တွေဖြစ်တဲ့ FullViewTM Display နဲ့ 24MP အရှေ့ ကင်မရာတို့ကိုတော့ ဆက်လက် ထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် V7 ရဲ့ FullViewTM Display မျက်နှာပြင် အကျယ်ဟာ 5.7 လက်မရှိပြီး Resolution အနေနဲ့ 1440 x 720 HD ကို ထောက်ပံ့ပေးထားပါတယ်။ 3000 mAh ဘက်ထရီကိုသာ အသုံးပြုထားပြီး Operation System အနေနဲ့ကတော့ Funtouch OS 3.2 (Based on Android 7.1) ကို အသုံးပြုနိုင်ပါတယ်။ Qualcomm Octa-core Processor, 4GB RAM, Storage 32GB ကို ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ micro SD Card နဲ့ ဆိုရင်တော့ 256 GB အထိ တိုးချဲ့နိုင်ပါတယ်။

V7 ရဲ့ ဈေးနှုန်းက ၃၄၉,၀၀၀ ကျပ်ဖြစ်ပြီး လက်ရှိအချိန်မှာ Gold color တစ်မျိုးတည်းကိုပဲ ရောင်းချနေသေးတာ ဖြစ်ပေမယ့် ဒီမိတ်ဆက်ပွဲမှာတော့ V7 black color ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။



  • VIA