News

POST TYPE

ADVERTORIAL

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
21-Nov-2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

Vivo ဟာ သူတို့ရဲ့ V series ထုတ်ကုန်တစ်ခုဖြစ်တဲ့ V7 Gold color ကို ပြည်တွင်းဈေးကွက်ထဲ စောစီးစွာပဲ ဖြန့်ချိခဲ့ပါတယ်။ နိုဝင်ဘာလ နောက်ဆုံးပတ်လောက်မှာ V7 အတွက် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဈေးကွက်ထဲကို တိုက်ရိုက်ဖြန့်ချိခဲ့တာသာ ဖြစ်ပါတယ်။

Vivo ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှာ V7+ ကို မိတ်ဆက် ဖြန့်ချိခဲ့ပြီးတဲ့နောက် တစ်လကျော်အကြာမှာ V7 ကို မြန်မာပြည်ဈေးကွက်ထဲ ဖြန့်ချိခဲ့တာပါ။

V7 ဟာ V7+ ထက် ကိုယ်ထည်ပမာဏ အနည်းငယ် သေးငယ်သွားပေမယ့် အဓိက အားသာချက်တွေဖြစ်တဲ့ FullViewTM Display နဲ့ 24MP အရှေ့ ကင်မရာ တို့ကိုတော့ ထောက်ပံ့ပေးထားတာ တွေ့ရပါတယ်။

V7 ရဲ့ FullViewTM Display မျက်နှာပြင်အကျယ်ဟာ 5.7 လက်မရှိပြီး Resolution အနေနဲ့ 1440 x 720 HD ကို ထောက်ပံ့ပေးထားပါတယ်။

V7 ဟာ 3000mAh ဘက်ထရီကိုသာ အသုံးပြုထားပြီး Operation System အနေနဲ့ကတော့ Funtouch OS 3.2 (based on Android 7.1) ကို အသုံးပြုနိုင်ပါတယ်။ Qualcomm Octa-core Processor, 4GB RAM, Storage 32GB ကိုထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ micro SD Card နဲ့လည်း 256GB အထိ တိုးချဲ့နိုင်ကြောင်း သိရပါတယ်။

V7 ရဲ့ ဈေးနှုန်းက ၃၄၉ ၀၀၀ ကျပ်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ Gold color တစ်မျိုးတည်းကိုပဲ ဝယ်ယူလို့ရဦးမှာ ပါ။ မကြာခင် အချိန်အတွင်းမှာ V7 black color ကို တင်သွင်း ရောင်းချမယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေပေမယ့် ဘယ်နေ့ ဘယ်အချိန်မှာ ဈေးကွက်ထဲ ရောက်မယ်ဆိုတာကိုတော့ သတင်း အတိအကျ မရရှိသေးဘဲ ဖြစ်နေပါတယ်။


  • VIA