News

POST TYPE

ADVERTORIAL

မျက်နှာပြင်အပြည့်ခေတ်ကို ထူးခြားဆန်းသစ်သွားစေမည့် OPPO F5 Youth (6” FHD+) ကို Pre-order မှာယူနိုင်ပြီ
18-Nov-2017
OPPO က မြန်မာပြည်တွင်း မိုဘိုင်းဈေးကွက်အတွက် စမတ်ဖုန်းသစ်တစ်လုံးဖြစ်သော F5 Youth မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် LOTTEL Hotel ၌ ကျင်းပပြုလုပ်ပေးခဲ့ပြီး OPPO ၏ Ambassador သစ်ဖြစ်သော ရွှေမှုံရတီနှင့်အတူ OPPO Customer Relations Ambassador များဖြစ်ကြသည့် X-Box၊ ပိုင်တံခွန်တို့လည်း တက်ရောက်ခဲ့ကြသည်။

OPPO F5 Youth ဖုန်းကို နိုဝင်ဘာလ ၁၆ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အထိ မြန်မာတစ်နိုင်ငံလုံးရှိ OPPO Showroom နှင့် OPPO အရောင်းဆိုင် ၁ဝဝဝ တို့တွင် Pre-order အဖြစ် ငွေ ၃သောင်းကျပ် ပေးသွင်းကာ မှာယူနိုင်ပြီး အထူးလက်ဆောင်အဖြစ် OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးကို လက်ဆောင်အဖြစ် ရရှိမည်ဖြစ်သည်။ ထို့အပြင် စတင်ရောင်းချပေးမည့် နိုဝင်ဘာလ ၂၅(မန္တလေး)နှင့် နိုဝင်ဘာလ ၂၆ (ရန်ကုန်နှင့် မြန်မာတစ်နိုင်ငံလုံး) တို့တွင်လည်း နောက်ထပ် အပိုဆောင်းလက်ဆောင်များကိုပါ ပေးအပ်သွားမည်ဖြစ်သည်။ F5 Youth ကို ရွှေရောင်နှင့် အနက်ရောင် ၂ မျိုးထဲမှ မိမိနှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပြီး ဈေးနှုန်းမှာ ၃၁၉,ဝဝဝ ကျပ်ဖြစ်သည်။

OPPO က မိတ်ဆက်ပေးလိုက်သည့် F5 Youth စမတ်ဖုန်းမှာ ပုံမှန် မိုဘိုင်းဖုန်းသုံးစွဲမှု ကန့်သတ်ချက်ဘောင်ကို ကျော်လွန်သွားစေမည့် မျက်နှာပြင်ပြည့် Full Screen နှင့်အတူ ပုံမှန်ထက် ရုပ်ထွက်အရည်အသွေး ပိုမိုမြင့်မားသည့် 18:9 aspect ration ရှိ 6-inch FHD+ (2160x1080) ကိုအသုံးပြုပေးထားသည်။ ကင်မရာပိုင်းတွင် ထူးခြားဆန်းသစ်သော A.I Beauty Technology ထည့်သွင်းထားသည့် 16MP Selfie ကင်မရာနှင့် 13MP နောက်ကင်မရာတို့ကို တပ်ဆင်ပေးထားသည်။ မိမိ၏စမတ်ဖုန်းကို unlock လုပ်ဆောင်ရာတွင် ပုံမှန်အတိုင်း Fingerprint၊ Password၊ Pattern Lock တို့အပြင် ပိုမို လွယ်ကူအဆင်ပြေစေမည့် မျက်နှာဖြင့် ဖုန်းကိုဖွင့်ပေးနိုင်စေသော Facial Unlock ကိုပါ ပထမဆုံး ထည့်သွင်းပေးထားသည်။ ဖုန်း၏စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core 2.5GHz CPU နှင့်အတူ RAM 3GB တို့ကိ ပူးတွဲ လုပ်ဆောင်ပေးမည်ဖြစ်ပြီး အချက်အလက် သိုလှောင်မှုအတွက် 32 GB ROM တစ်ပါတည်း ပါရှိမည်ဖြစ်သည်။ OPPO ၏နောက်ဆုံးထုတ် ColorOS 3.2 နှင့်အတူ Android Version 7.1 ကိုလည်း F5 Youth ဖုန်းတွင် ထိတွေ့ အသုံးပြုရမည်ဖြစ်သည်။


  • VIA