News

POST TYPE

ADVERTORIAL

Selfie အသားပေးခြင်းနဲ့ FullViewTM Display က V7+ ရဲ့ အောင်မြင်ခြင်း သော့ချက်လား
05-Nov-2017
V7+ ဟာ လက်ရှိအချိန်မှာ ရေပန်းစားပြီး လူကြိုက်များနေပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲတင်မကဘဲ အရှေ့တောင်အာရှ ဈေးကွက်တွေဖြစ်တဲ့၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာလည်း မူလမျှော်မှန်းထားတဲ့ ပမာဏတွေထက် ပိုပြီးရောင်းရတဲ့ ထုတ်ကုန်တစ်ခုဖြစ်နေပါတယ်။

V7+ ဟာ ဘာကြောင့် အခုလို လူကြိုက်များနေရတာလဲ။ ဘာကြောင့် Vivo ရဲ့ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာရတာလဲဆိုတာက စိတ်ဝင်စားစရာ အချက်တစ်ခုပါပဲ။ သုံးသပ်ကြည့်ရသလောက်တော့ Vivo ဟာ ခေတ်ရေစီးကြောင်းထဲမှာ သူ့ရဲ့ ထုတ်ကုန်ကို အကောင်းဆုံး စီးမျောနိုင်အောင် ပြုလုပ်ထားတာက အဓိက အချက်ပဲလို့ ယူဆပါတယ်။

ဒီနေ့ခေတ်မှာ Smartphone ကိုင်ဆောင်သူတိုင်း အဓိကထားပြီးကြည့်တာက Selfie ရိုက်လို့ ကောင်းမကောင်း ဆိုတာပါပဲ။ V7+ ဟာ Power User တွေအတွက် ပြီးပြည့်စုံတဲ့ ဖုန်းအမျိုးအစား မဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ လူငယ်တွေအတွက်တော့ သင့်တော်ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ အထူးသဖြင့် Selfie ယဉ်ကျေးမှုထဲက Selfie Lover တွေအတွက် အထူးတလည်ပဲဆိုတာ ဆက်ပြီးရေးသားမယ့် အကြောင်းအရာတွေက သက်သေခံပေးပါလိမ့်မယ်။

V7+ ဟာ 24 MP အရှေ့ကင်မရာ၊ FullView TM Display ဆိုတဲ့ အချက်နှစ်ချက်ကို အဓိက ဦးတည်ပြီး ဈေးကွက်ထဲကို ထိုးဖောက်လာတာ ဖြစ်ပါတယ်။ 24MP အရှေ့ကင်မရာဟာ ကမ္ဘာ့ mega pixel အများဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ တကယ်လည်း ကြည်လင်ပြတ်သားတဲ့ပုံရိပ်ကို ဖမ်းယူနိုင်ပါတယ်။ ViVo ဟာ ဒီအားသာချက်ကို ပိုပြီး အင်အားကြီးမားစေတဲ့ Feature တွေကိုလည်း ထည့်သွင်းထားပြန်ပါသေးတယ်။

24MP, Aperture f 2.0 အပြင် Selfie Soft Light တို့ကို မျက်နှာအလှပြုပြင်စနစ် 7.0 က ပိုပြီးတော့ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံ ဝေဝါးပေးတဲ့စနစ်ကိုလည်း ထည့်သွင်းပေးထားတာကြောင့် အလှပုံတိုင်းမှာ DSLR ကင်မရာနဲ့ ရိုက်ထားသလို နောက်ခံမြင်ကွင်းတွေက ဝေဝါးပြီး အဓိက subject က ကြည်လင်ပြတ်သားစွာ ထင်ရှားနေပါတယ်။

တစ်ယောက်ချင်းတင်မကဘဲ အဖွဲ့လိုက် Selfie ရိုက်ရင်လည်း တစ်ယောက်ချင်းစီရဲ့ မျက်နှာ၊ နောက်ခံ အရာဝတ္ထုတွေကအစ အားလုံးကို ကြည်လင်ပြတ်သားစွာနဲ့ မြင်တွေ့နိုင်တာကလည်း V7+ ကို လူကြိုက်များရတဲ့ အကြောင်းရင်းထဲမှာ ပါဝင်ပါလိမ့်မယ်။

အချိုပေါ် သကာလောင်းပေးထားတာကတော့ Video ဖုန်းခေါ်ဆိုမှုတွေမှာလည်း အသုံးတည့်တဲ့ မျက်နှာအလှ ပြုပြင်စနစ် ထည့်သွင်းထားတာပါပဲ။ ကိုယ့်ရဲ့ အရေးပါတဲ့သူတွေနဲ့ Video ဖုန်းခေါ်ဆိုမှု ပြုလုပ်တဲ့အခါမှာ အလှပြင်ထားသလို ပုံရိပ်ကို ရအောင်လို့ ထောက်ပံ့ပေးထားတာကို ငြင်းပယ်ချင်တဲ့သူ ရှားပါလိမ့်မယ်။

ခေတ်ကာလက ဖုန်းမျက်နှာပြင် တစ်ခုလုံးကို ဖန်သားပြင်အဖြစ် တောင်းဆိုနေတဲ့ခေတ်ပါ။ V7+ က ဒီတောင်းဆိုမှုကို အနီးစပ်ဆုံး ဖြည့်ဆည်းပေးထားတာကလည်း လူကြိုက်များတဲ့ အချက်လို့ သတ်မှတ်ရပါလိမ့်မယ်။

V7+ ရဲ့ မျက်နှာပြင်ဧရိယာကို သေချာတိုင်းကြည့်မယ်ဆိုရင် 5.99 လက်မ ရှိပါတယ်။ ဘေးနှစ်ဖက်မှာ ကျဉ်းမြောင်းတဲ့ ဘောင်တွေကို တပ်ဆင်ထားတဲ့ V7+ ရဲ့ ဖန်သားပြင်ဟာ ကိုယ်ထည်ရဲ့ 84.4% ကို ရယူထားပါတယ်။ ဒီရာခိုင်နှုန်းဟာ လက်ရှိအချိန်အထိ တခြားစမတ်ဖုန်းတွေရဲ့ ကိုယ်ထည်ပေါ်က မျက်နှာပြင် ဧရိယာအချိုးထက် ပိုပြီးများပြားတဲ့ ရာခိုင်နှုန်းအဖြစ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

မြင်ကွင်းအချိုး 18:9 ကလည်း သမားရိုးကျနဲ့ ခြားနားတဲ့ အမြင်အာရုံခံစားမှုကို ဖြစ်ပေါ်စေပြီး သုံးစွဲသူတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံကို ပေးအပ်တာ အမှန်ပါပဲ။ ဒါကလည်း လူကြိုက်များတဲ့ အချက်ဖြစ်မယ်လို့ ဆိုရမှာပါပဲ။

ဒါကြောင့် Selfie ယဉ်ကျေးမှုခေတ်ကြီးမှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ လိုလားချက်တွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးထားတဲ့ အချက်တွေက V7+ ရဲ့ အောင်မြင်ခြင်း သော့ချက်တွေပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။


  • VIA