News

POST TYPE

ADVERTORIAL

Face Access သုံးရင် Raise to wake နဲ့မှ စမတ်ကျကျ အသုံးပြုနိုင်မယ်
03-Nov-2017

24MP အရှေ့ကင်မရာ၊ FullViewTM Display ဆိုတဲ့ အဓိက အချက်နှစ်ခုနဲ့အတူ လူကြိုက်များနေတဲ့ V7+ ဟာ lock ဖွင့်ရမြန်ဆန်တဲ့ Face Access လည်း ပါဝင်နေပါသေးတယ်။

 

Face Access ဟာ အရင် V series မှာလည်း အသုံးပြုလို့ရတာ မှန်ပေမယ့် V7+ ရဲ့ Face Access ကတော့ ပိုပြီးတော့ လူသိများလာပါတယ်။ အထူးသဖြင့် V7+ ဟာ FullviewTM Display ဖြစ်သွားပြီး finger print က နောက်ဘက်ကို ရောက်သွားတဲ့အတွက် Face Access ကို ပိုပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။

 

V7+ မှာ Face Access ကို Unbox လုပ်ပြီးတာနဲ့ ချက်ချင်း တန်းပြီး အသုံးပြုလို့ မရနိုင်သေးဘဲ system update လုပ်ပြီးမှသာ သုံးလို့ရတဲ့ အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက Face access သုံးဖို့အတွက် လိုအပ်ချက်တွေကို တစ်ဆင့်ချင်းစီ ဖော်ပြခဲ့ပေမယ့် သုံးစွဲသူအချို့က raise to wake ကို activate လုပ်ဖို့ မေ့နေတတ်ကြပါတယ်။

 

Face Access နဲ့ lock ဖွင့်တဲ့အခါမှာ wake ဖြစ်အောင်လို့ power ခလုတ်ကို နှိပ်နေရလို့ အလုပ်ပိုတယ်၊ finger print ကမှ လက်နဲ့ထိလိုက်တာနဲ့ တန်းပြီး ပွင့်သွားတယ်လို့ သုံးစွဲသူအချို့က ပြောကြပါတယ်။ တကယ်တော့ power ခလုတ်ကို နှိပ်ပြီးမှ Face Access ကို သုံးရတာမျိုး မဟုတ်ပါဘူး။

 

Smart motion ကိုသွားပြီး Smart turn on/off screen ကို ရောက်ရင် Raise to wake ကို activate လုပ်ဖို့ပဲ လိုတာပါ။ ဒါဆိုရင်တော့ ဖုန်းကို ကိုင်မြှောက်လိုက်တာနဲ့ lock ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ပြီးပြည့်စုံအောင် လုပ်ပြီးပြီဆိုရင်တော့ သုံးစွဲသူရဲ့ V7+ ကိုဖွင့်ရာမှာ ဘယ် key ကိုမှ နှိပ်စရာ မလိုတော့ပါဘူး။ ဖုန်းကို ကောက်ကိုင်ပြီး မျက်နှာရှေ့ကို ကပ်လိုက်တယ်ဆိုရင်ပဲ အလိုအလျောက် lock ဖွင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

 

ဒီအဆင့်ကို မလုပ်ထားဘူးဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလိုပဲ ဖွင့်ကာနီး power button ကို နှိပ်နေရဦးမှာပါ။ pattern တွေ၊ password တွေ၊ finger print တွေတောင် မသုံးဘဲ Face Access ကိုအထာကျကျ သုံးချင်ရဲ့သားနဲ့ ခလုတ်တစ်ခုကို နှိပ်နေရတာမျိုး ဖြစ်မနေရအောင် Raise to wake ကို activate လုပ်ဖြစ်အောင် လုပ်လိုက်ကြပါနော်။



  • VIA