News

POST TYPE

ADVERTORIAL

အဲအေးရှား Group CEO ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ် စတင်ဝယ်ယူနိုင်
02-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၂

ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုအဖြစ် ထင်ရှားသည့် အဲအေးရှားလေကြောင်းလိုင်းကို စီမံခန့်ခွဲနေသော အဲအေးရှား Group CEO ၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို ၂၀၁၇ နိုဝင်ဘာ ၆ ရက်မှ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အဲအေးရှားလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်သည်။

အဲအေးရှား Group CEO Mr.Tony Fernandes သည် သူ၏ ကိုယ်တွေ့မှတ်တမ်းဖြစ်သော Flying High, a look back at his journey from music man to airline man စာအုပ်ကို အောက်တိုဘာလ ၂၉ ရက်က ကွာလာလမ်ပူ Petronas Twin Towers ရှိ Marini’s On 57 တွင် ပြုလုပ်သော star-studded affair ၌ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Flying High ဟာ စိတ်ကူးအိမ်မက်တွေရဲ့ စွမ်းအားအကြောင်းကို ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းနဲ့ ဘယ်လို စီးပွားဖြစ်မှာလဲ၊ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဝိုင်းပြောကြတယ်။ ဒီစာအုပ်မှာ အိမ်မက်တွေက တကယ် ဖြစ်လာနိုင်တာကို သက်သေပြထားပါတယ်။ ဒါကြောင့် သင့်ရဲ့ အတွင်းစိတ်ကို ယုံကြည်ပါ၊ အခြားသူတွေ ဝေဖန်တာကို ဂရုမစိုက်ပါနဲ့၊ ရဲရဲသာ ဆက်လုပ်ပါ။ သင့်ရဲ့ အကောင်းဆုံး အိမ်မက်တွေကို အကောင်အထည် ဖော်ပါ။” အဲအေးရှား Group CEO Mr.Tony Fernandesက စာအုပ်မိတ်ဆက်ပွဲတွင် ပြောဆိုလိုက်သည်။

အဆိုပါစာအုပ်တွင် မလေးရှားက ကောင်လေးတစ်ယောက်ကနေ စိတ်ကူးအိမ်မက်တွေအပြည့်နှင့် အိမ်ကိုလွမ်းနေသည့် British boarding school ကျောင်းသား တစ်ယောက်အကြောင်း၊ Warner Music မှာပဲ အချိန်ကုန်ခဲ့သည့်အကြောင်းကစပြီး နောက်ဆုံး AirAsia chief ဖြစ်သည့်အထိ Mr.Tony Fernandes ရေးသားဖော်ပြခဲ့သည်။

Flying High စာအုပ်ကို နိုဝင်ဘာလ ၆ ရက်မှစပြီး စာအုပ်ဆိုင်များ၊ AirAsia လေယာဉ်များနှင့် bigdutyfree. com တို့တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုဖြစ်သော အဲအေးရှားသည် အာရှပစိဖိတ်တစ်ခွင်တွင် ခရီးစဉ်ပေါင်း ၁၂၀ ကျော် ပြေးဆွဲလျက်ရှိသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Skytrax World Airline Awards မှာ ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်းအဖြစ် (၉) ကြိမ်တိုင်တိုင် ဆက်တိုက် ဂုဏ်ပြုသတ်မှတ်ခံခဲ့ရသည်။


  • VIA