News

POST TYPE

ADVERTORIAL

OPPO Customer Service က Friendly and Convenient ဆောင်ပုဒ်ဖြင့် ဝန်ဆောင်မှုများကို မြန်ဆန်သွက်လက်စွာ တိုးမြှင့်ပေးအပ်ထား
01-Nov-2017
ရန်ကုန်၊ နိုဝင်ဘာလ (၁)ရက်

OPPO Myanmar က မြန်မာတစ်နိုင်ငံလုံးရှိ OPPO ဖုန်းသုံးစွဲသူများအတွက် ပိုမို နွေးထွေးသည့် ဆက်ဆံရေးမျိုး ပေးအပ်နိုင်စေရန် OPPO Customer Service နှင့် ပူးပေါင်းကာ နာမည်ကြီးအနုပညာရှင်များဖြစ်သော ပိုင်တံခွန်နှင့် ပိုင်ဖြိုးသုတို့ကို Customer Relations Ambassador များအဖြစ် ခန့်အပ်ထားပြီဖြစ်သည်။

OPPO ကင်မရာဖုန်းကုမ္ပဏီမှာ မြန်မာနိုင်ငံသို့ ဈေးကွက်ဝင်ရောက်လာခဲ့သည်မှာ ၃ နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး မြန်မာပြည်တွင်းရှိ စမတ်ဖုန်းသုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် ထုတ်ကုန်များ၊ နည်းပညာ ဆန်းသစ်မှုများနှင့် ဝန်ဆောင်မှုကောင်းများကို အစဉ်တစိုက် ကြိုးစားဖြည့်ဆည်းပေးလျက်ရှိသည်။ OPPO ၏ မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် သုံးစွဲသူများ အဆင်ပြေ လွယ်ကူမှုရှိရေးသည် OPPO Customer Service ၏ အလေးထား လုပ်ဆောင်လျက်ရှိသည့် ကဏ္ဍတစ်ရပ်ဖြစ်သလို လိုအပ်သည့် hardware နှင့် software ဆိုင်ရာ ဝန်ဆောင်ပေးမှုများကိုလည်း အမြန်ဆုံးနှင့် အဆင်ပြေဆုံး ဖြစ်စေရန်ပါ ပိုမိုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ထို့အတွက်ကြောင့်လည်း OPPO Customer Service အနေဖြင့် ယခု ၂၀၁၇ မှစတင်ကာ Friendly and Convenient ဆောင်ပုဒ်ဖြင့် ဝန်ဆောင်မှု ရယူမည့် OPPO ဖုန်းသုံးစွဲသူများအား မိမိ၏ မိသားစု မိတ်ဆွေ သူငယ်ချင်းများကဲ့သို့ အလေးထား ဆက်ဆံပြီး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသလို စောင့်ဆိုင်းရသည့်အချိန် အနည်းဆုံး အနေအထားဖြင့် မြန်ဆန်သွက်လက်သော ဝန်ဆောင်မှုမျိုးကို တိုးမြှင့်ပေးအပ်လျက်ရှိသည်။ ဝန်ဆောင်မှုရယူမည့် hardware နှင့် software အပေါ် မူတည်ပြီး မိနစ်ပိုင်းမှ နာရီပိုင်းအထိ ကြာမြင့်မည်ဖြစ်ကာ အချို့ အကြီးစား ပြုပြင်မှုများအတွက် တစ်ရက်အတွင်း ပြီးစီးအောင် လုပ်ဆောင်ပေးလျက်ရှိသည်။

ထို့အပြင် OPPO Customer Service အမည်ဖြင့် တရားဝင် Facebook Page ကိုလည်း ဖွင့်ပေးထားပြီး သက်ဆိုင်ရာ Service Center သို့ လာရောက်ရန် ခက်ခဲမှုများအတွက် Facebook မှတစ်ဆင့် software ဆိုင်ရာ ဖြေရှင်းမှုများကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO Customer Service အနေဖြင့် လက်ရှိတွင် ရန်ကုန်၊ ပဲခူး၊ မုံရွာ၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားနှင့် မော်လမြိုင်တို့တွင် Service Center ပေါင်း ၉ ခုနှင့် အခြားပြည်နယ်နှင့် တိုင်းများတွင် Service Point ပေါင်း ၂၆ ခုတို့ကို ဖွင့်လှစ်ကာ ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည်။


  • VIA