News

POST TYPE

ADVERTORIAL

Frequently Ask Questions for V7+ V7+ နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်များ
27-Oct-2017

V7+ ဟာ ဈေးကွက်အတွင်းမှာ ရောင်းအားကောင်းပြီး ရေပန်းစားနေပါတယ်။ 24MP အရှေ့ကင်မရာ၊ FullViewTM Display တို့က Selfie ချစ်သူတွေအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်နေပါတယ်။ 

ဒါကြောင့် V7+ အကြောင်းကို စိတ်ဝင်စားပြီး မေးမြန်းလာကြတဲ့ စာဖတ်ပရိသတ်တွေလည်း အများကြီးပါပဲ။ သူတို့မေးထားတဲ့ မေးခွန်းတွေထဲကမှ အချို့ကို စုစည်းလိုက်မယ်ဆိုရင် V7+ အကြောင်းကို အတော်လေး သိရှိသွားမှာဖြစ်ပြီး ဝယ်သင့်၊ မဝယ်သင့် ဆုံးဖြတ်ဖို့ ပိုပြီးလွယ်ကူသွားမှာ ဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

V7+ ရဲ့ မျက်နှာပြင်အရွယ်အစားကိုသိချင်ပါတယ်?
V7+ ဟာ မျက်နှာပြင်အရွယ်အစား 5.99 လက်မ ဖြစ်ပြီး ကိုယ်ထည်ပေါ်က မျက်နှာပြင်အချိုးက 84.4% ဖြစ်ပါတယ်။

V7+ က SIM ကတ် နှစ်ကတ် သုံးလို့ရသလား?
ဟုတ်ကဲ့။ ရပါတယ်။ Nano SIM ကတ် နှစ်ကတ်သုံးလို့ရအောင် ထောက်ပံ့ပေးပါတယ်။

V7+ က 4G LTE ကို ထောက်ပံ့ပေးလား?
ဟုတ်ကဲ့။ V7+ က 4G LTE ကို ထောက်ပံ့ပေးပါတယ်။ 2G GSM, 3G WCDMA တွေကိုလည်း ထောက်ပံ့ပေးပါတယ်။

V7+ မှာ microSD ကတ် သုံးလို့ရလား?
ဟုတ်ကဲ့။ V7+ မှာ microSD ကတ်သုံးလို့ ရပါတယ်။ 256 GB အထိ တိုးမြှင့်နိုင်ပါတယ်။

V7+ က dual apps သုံးလို့ ရသလား?
ဟုတ်ကဲ့။ V7+ မှာ App ပုံတူပွားစနစ် ပါဝင်တဲ့အတွက် သုံးလို့ရပါတယ်။

V7+ ရဲ့ ကိုယ်ထည်က metal လား?
V7+ ရဲ့ကိုယ်ထည်က polycarbonate material နဲ့ ပြုလုပ်ထားတဲ့ metal ဖြစ်ပါတယ်။

V7+ ရဲ့ processor အမျိုးအစားက ဘာလဲ?
V7+ ကို 1.8GHz Qualcomm Snapdragon 450 Octa Core processor အမျိုးအစားနဲ့ ထုတ်လုပ်ထားပါတယ်။

V7+ ရဲ့ အရှေ့ကင်မရာမှာ flash ပါဝင်ပါသလား?
V7+ ရဲ့ အရှေ့ကင်မရာမှာ တပ်ဆင်ထားတာက သမားရိုးကျ flash မဟုတ်ပါဘူး။ selfie softlight ဖြစ်ပါတယ်။

V7+ မှာ notification အချက်ပြမီးပါဝင်ပါသလား?
V7+ မှာ notification အချက်ပြမီး ပါဝင်ပါတယ်။

V7+ နဲ့ FM radio ဖမ်းယူနားဆင်လို့ ရပါသလား?
ဟုတ်ကဲ့။ V7+ နဲ့ FM radio ဖမ်းယူနားဆင်လို့ ရပါတယ်။

V7+ ရဲ့ အလေးချိန်နဲ့ ထူထဲမှုကို သိချင်ပါတယ်။
V7+ ဟာ 160g အလေးချိန်ရှိပြီး 7.7mm ထူထဲပါတယ်။ 

V7+ မှာ ဘယ်လို display settings တွေ အသုံးပြုလို့ရပါသလဲ?
V7+ မှာ auto-brightness, eye protection mode တွေ အသုံးပြုလို့ရပါတယ်။

V7+ မှာ power saver mode ပါဝင်ပါသလား?
ဟုတ်ကဲ့ ပါဝင်ပါတယ်။ normal mode, low power mode နဲ့ super power saving mode တွေ အသုံးပြုလို့ရပါတယ်။

V7+ မှာ fingerprint scanner ပါဝင်ပါသလား?
V7+ မှာ fingerprint scanner ပါဝင်ပါတယ်။ ဒါ့အပြင် Face Access လည်း ပါဝင်ပါတယ်။

V7+ မှာ ဖုန်းပြောနေတုန်း အသံဖမ်းထားလို့ ရပါသလား?
ဟုတ်ကဲ့ ရပါတယ်။

V7+ ဟာ အပူလွန်ကဲမှုတွေ ဖြစ်တတ်ပါသလား?
အပူလွန်ကဲမှု မဖြစ်ပါဘူး။ စမ်းသပ်မှုတွေအရတော့ V7+ ရဲ့ အပူချိန်ဟာ online game တွေအချိန်ကြာမြင့်အောင် ကစားနေချိန်မှာတောင် သာမန်အပူချိန်ထက် အများဆုံး ၆ ဒီဂရီလောက်ပဲ မြင့်တာကိုတွေ့ရပါတယ်။ ဒီပမာဏဟာ သာမန်အပူချိန်မြင့်တက်မှုသာ ဖြစ်ပါတယ်။

  • VIA