News

POST TYPE

ADVERTORIAL

Vivo V7+ သုံးပတ်အတွင်းဈေးကွက်ပြတ်လပ်သည်အထိရောင်းချခဲ့ရပြီး ထပ်မံတင်သွင်းရ
21-Oct-2017


အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ရောင်းချခဲ့သော V7+ သည် စမတ်ဖုန်း သုံးစွဲသူများအကြားတွင် အလွန်ရေပန်းစား လူကြိုက်များလျက်ရှိပြီး ကုမ္ပဏီမှ မျှော်မှန်းထားသည်ထက် ရောင်းအားကောင်းခဲ့သောကြောင့် အချို့သော ဒေသများတွင် ရောင်းချရန်မကျန်တော့ဘဲ V7+ များ ထပ်မံရောက်ရှိလာမည့်အချိန်ကို စောင့်စားနေရကြောင်း Vivo အရောင်းကိုယ်စားလှယ်များထံမှသိရသည်။


V7+ သည် စတင်မိတ်ဆက်ချိန်ကတည်းက စမတ်ဖုန်းသုံးစွဲသူများကြားတွင် စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်ဟု ဆိုရပါမည်။ Pre-Order ကာလတွင်လည်း ကုမ္ပဏီမှ မျှော်မှန်းထားသော ပမာဏထက် ပိုမိုများပြားသည့် ကြိုတင်မှာယူမှုကို ရရှိခဲ့သည်။


စတင်ရောင်းချသည့်ရက်မှစ၍ သုံးပတ်အတွင်းရောင်းအားမှာ မူလမျှော်မှန်းထားသည်ထက် များစွာပိုမိုနေပြီး အချို့သော နယ်များတွင် V7+ ကို ရောင်းချရန်မကျန်တော့သဖြင့် ထပ်မံရောက်ရှိလာမည့်နေ့ကို စောင့်ဆိုင်းနေကြရကြောင်း အရောင်းဆိုင်အချို့မှတာဝန်ရှိသူများကဆိုသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ Vivo Mobile Myanmar Co., Ltd သို့ ဆက်သွယ်မေးမြန်ရာ V7+ အား မကြာမီရက်ပိုင်းအတွင်း ဈေးကွက်ထဲရှိအရောင်းဆိုင်တိုင်းတွင် ဆက်လက်ဝယ်ယူနိုင်ရန် ဆောင်ရွက်နေကြောင်း Vivo Mobile Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


V7+ သည် 24MP အရှေ့ကင်မရာနှင့် FullViewTM Display တို့ကြောင့် နာမည်ကျော်ကြားနေခြင်းဖြစ်သည်။ 24MP အရှေ့ကင်မရာသည် လက်ရှိစမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်ကို mega pixel အများဆုံးဖြင့် ဦးဆောင်နေခြင်း ဖြစ်သကဲ့သို့၊ FullViewTM Display မှာလည်း ကိုယ်ထည်ပေါ်မှ ဖန်သားပြင်အချိုး 84.4% ဖြင့် တခြားစမတ်ဖုန်းများထက် ကိုယ်ထည်ပေါ်မှ မျက်နှာပြင်ဧရိယာအချိုး ပိုမိုများပြားသော ရာခိုင်နှုန်းအဖြစ် ဦးဆောင်လျက် ရှိသည်။



  • VIA