News

POST TYPE

ADVERTORIAL

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
18-Oct-2017

Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။ ဒါကြောင့်လည်း မိုလ်ဘိုင်းဖုန်းတွေရဲ့ တိုးတက်ပြောင်းလဲမှုမှာ feature ကနေ touch screen အထိ ဖြစ်လာလို့ ပြောနိုင်ပါတယ်။ 

ကမ္ဘာမှာ မြန်မာနိုင်ငံက မိုလ်ဘိုင်းဖုန်းနဲ့ ပတ်သက်ရင် အတော်လေး နောက်ကျပြီးမှ ဖွံ့ဖြိုးလာတာပါ။ အမှတ်မမှားဘူးဆိုရင်တော့ ၂၀၁၀ လောက်မှာ Nokia ရဲ့ feature ဖုန်းတွေက မြန်မာနိုင်ငံမှာ ရေပန်းစားခဲ့ပါတယ်။ ဒီ feature ဖုန်းကိုယ်ထည်ပေါ်က မျက်နှာပြင် အတိုင်းအတာကို တွက်ကြည့်မယ်ဆိုရင် အတော်လေးကို ကွာဟနေတာ သတိထားမိမှာပါ။ မျက်နှာပြင်က ကိုယ်ထည်ရဲ့ 50% အောက်မှာပဲ ရှိနေခဲ့ပါတယ်။

၂၀၁၁ လောက်မှာတော့ ကိုယ်ထည်ပေါ်မှာ 54.03% အထိ ဖန်သားပြင် ပါဝင်တဲ့ iPhone 4s ကို တွေ့မြင်ကြရပါတယ်။ ပန်းသီးဆိုတာကတော့ ဒီဇိုင်းပိုင်းနဲ့ စားသုံးသူ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့နေရာမှာ ထိပ်တန်းဆိုတာ အထူး ပြောစရာ မလိုပါဘူး။ သူ့ရဲ့ ဖုန်းကိုယ်ထည်ပေါ်က မျက်နှာပြင်ကြီးမားမှုအတိုင်းအတာက အခြားစမတ်ဖုန်းတွေကို ဦးဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ 

၂၀၁၆ မှာလည်း iPhone 6 ကပဲ ကိုယ်ထည်နဲ့ ရာခိုင်နှုန်းတွက်ချက်ရင် မျက်နှာပြင်ဧရိယာ အကြီးမားဆုံးအဖြစ် ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ထည်ပေါ်က မျက်နှာပြင် ပမာဏက 65.81% ပါ။ တခြားနာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီတွေကလည်း သူ့နည်းသူ့ဟန်နဲ့ မျက်နှာပြင် ပိုကျယ်လာအောင် ထုတ်လုပ်ကြပါတယ်။

၂၀၁၇ စက်တင်ဘာလမှာတော့ Vivo က V7+ ကို FullViewTM Display ဆိုပြီး ထုတ်လုပ်လိုက်ပါတယ်။ အချိန်ကာလအားဖြင့် မျက်နှာပြင်ပြည့်လုနီးပါး စမတ်ဖုန်းတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်နေကြချိန်ပါ။ ဒါပေမယ့် V7+ ရဲ့ FullViewTM Display က ကိုယ်ထည်ပေါ်မှာ မျက်နှာပြင်ဧရိယာ အကြီးမားဆုံးအဖြစ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘေးနှစ်ဖက်မှာ ကျဉ်းမြောင်းတဲ့ ဘောင်တွေကို တပ်ဆင်ထားတဲ့ V7+ ရဲ့ ဖန်သားပြင်ဟာ ကိုယ်ထည်ရဲ့ 84.4% ကို ရယူထားပါတယ်။ လက်ရှိအချိန်မှာတော့ တခြားစမတ်ဖုန်းတွေရဲ့ ကိုယ်ထည်ပေါ်က မျက်နှာပြင် ဧရိယာအချိုးထက် ပိုပြီးများပြားတဲ့ ရာခိုင်နှုန်းအဖြစ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ထုတ်ကုန်ဖြစ်တဲ့ V5s ရဲ့ မြင်ကွင်းဟာ (16:9) သာဖြစ်ခဲ့ပေမယ့် V7+ ရဲ့ မြင်ကွင်းကတော့ (18:9) ဖြစ်လာပါတယ်။ ကိုယ်ထည် အရွယ်အစား သိပ်ပြီး မကွာခြားပေမယ့် မြင်ကွင်းအကျယ်ကတော့ 12.5% အထိ ပိုလာပါတယ်။ ဒီအတွက် ဗီဒီယိုကြည့်ရာမှာ၊ ဂိမ်းကစားရာမှာတော့ ပိုပြီး ကျေနပ်အားရတဲ့ ခံစားချက်ကို ခံစားရစေပါတယ်။

ပြီးတော့ Navigation keys တွေကို ဖျောက်ထားလို့ ရတဲ့အတွက် သုံးရတဲ့ခံစားချက်ကလည်း ပိုကောင်းလာပါတယ်။ ဖုန်းနဲ့ပဲ web browsing လုပ်မယ်၊ စာဖတ်မယ်ဆိုရင်လည်း ပုံမှန်ထက် ပိုပြီးမြင်တွေ့ရတဲ့အတွက် အတော်လေးကို အဆင်ပြေပါတယ်။

V7+ က ကိုယ်ထည်ပေါ်က မျက်နှာပြင် အချိုးကို အများဆုံးဖြစ်အောင် ထောက်ပံ့ပေးထားရုံမကဘဲ၊ Selfie ချစ်သူတွေအတွက် ကမ္ဘာ့ Mega pixel အများဆုံးအဖြစ် 24MP အရှေ့ကင်မရာကိုလည်း ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ ဒါကလည်း ဒီနေ့ခေတ် လူငယ်တွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။


  • VIA