News

POST TYPE

ADVERTORIAL

ဈေးနှုန်းသင့်တဲ့ စွမ်းဆောင်ရည်မြင့် Huawei စမတ်ဖုန်းတစ်လုံးကို ရွေးချယ်မယ်ဆိုရင်
12-Oct-2017 tagged as huawei


Huawei ဆိုတဲ့ အမှတ်တံဆိပ်ကို ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင်းမှာ အားလုံးသိပြီး ဈေးကွက်ဝေစုကို အများဆုံး ရယူထားနိုင်တဲ့ အမှတ်တံဆိပ် တစ်ခုလို့ဆိုရင် မမှားနိုင်ပါဘူး။ 
Huawei အနေနဲ့ ထိပ်တန်းအဆင့်ရှိ စမတ်ဖုန်းတွေကို ဦးဆောင် ထုတ်လုပ်နေသလို စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတွေနဲ့လည်း ပြည်တွင်းဈေးကွက်ကို ထိုးဖောက်ထားပါတယ်။

ပြည်တွင်းဈေးကွက်ထဲက စွမ်းဆောင်ရည် မြင့်မားပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတွေကို ရွေးချယ်ချင်တဲ့သူတွေအတွက် Huawei ရဲ့ စမတ်ဖုန်း ၂ လုံးဖြစ်တဲ့ Huawei Y7 Prime နဲ့ Huawei Y5 တို့ကို ရွေးချယ်ပေးလိုက်ပါတယ်။ ဒီစမတ်ဖုန်းတွေမှာ ဘယ်လို အားသာချက်တွေ ပါဝင်တယ်ဆိုတာ ကြည့်ရအောင်။

Huawei Y7 Prime ရဲ့ အားသာချက်တွေက

အရည်အသွေးမြင့် Access Point

ပိုမိုမြန်ဆန်၊ ပိုမိုလုံခြုံ၊ ပိုမိုစမတ်ကျသော လက်ဗွေမှတ် fingerprint scanner က လုံခြုံစိတ်ချရမှု အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ 4000mAh ရှိသော ဘတ်ထရီမှ Smart Power-Saving နည်းပညာကို ထောက်ပံ့ပေးထားတဲ့အတွက် သုံးစွဲသူတို့ သီချင်းနားထောင်ခြင်း၊ ဗီဒီယိုဂိမ်းများ ကစားခြင်း၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ဆက်သွယ်ခြင်းတို့အတွက် အဆင်ပြေစေမှာပါ။ 

ဒီဇိုင်းပိုင်းဆန်းသစ်မှု

၅ ဒသမ ၅ လက်မအကျယ် မျက်နှာပြင် HD display ၏ အရောင်နှင့် ဂရပ်ဖစ်က ရင်သပ်ရှုမောစရာပါ။ သုံးစွဲသူများအနေဖြင့် 3D ပုံရိပ်များဖြင့် ဂိမ်းကစားခြင်း၊ ဗီဒီယိုနှင့် ဓာတ်ပုံကြည့်ခြင်းများကို သူတို့၏ စမတ်ဖုန်းများမှ တိုက်ရိုက် မနားမနေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

ဓာတ်ပုံရိုက်ရန်အသင့် 

မျိုးဆက်သစ် စမတ်ဖုန်းကင်မရာတွင် ဓာတ်ပုံရိုက်ယူလိုသော အရာကို ၀.၃ စက္ကန့်နှင့် Focus ချိန်ပေးနိုင်သည့် Phase Detection Auto Focus (PDAF) ပါရှိသဖြင့် လျှပ်တစ်ပြက်အတွင်း ကြည်လင်ထင်ရှားသော ပုံထွက်ကို ရစေပါသည်။ 1.25μm ကြီးမားသော pixels များကြောင့် လျင်မြန်စွာရွေ့လျားနေသောမြင်ကွင်းများနှင့် အလင်းရောင် နည်းသောနေရာများမှ ပုံရိပ်များကို ဖမ်းယူ ရိုက်ကူးနိုင်ပါသည်။ 

လျင်မြန်သော Solution များ 

3GB RAM နှင့် 32GB ROM ပါရှိပြီး external memory ကို 128GB အထိ တိုးမြှင့်နိုင်ပါသည်။ အဆိုးဆုံး file hoarder မှအစ အရာရာတိုင်းကို ထိထိရောက်ရောက် ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ပါသည်။

အဆင့်မြင့် Intelligence 

HUAWEI ၏ကိုယ်ပိုင် Emotion User Interface (EMUI) ကို HUAWEI Y7 Prime တွင် အဆင့်မြှင့်တင်ထားပါသည်။ EMUI 5.1 က ရှင်းလင်းလွယ်ကူသော interface ကို ထောက်ပံ့ပေးပြီး မကြာခဏ အသုံးပြုလေ့ရှိသော လုပ်ဆောင်ချက်များ၏ ၉၀ ရာခိုင်နှုန်းကို အဆင့် သုံးဆင့်တည်းနှင့် ပြီးစီးနိုင်ပါသည်။ မလိုလားအပ်သည့် မြောက်များစွာသော junk ကြော်ငြာများကိုလည်း notification မပြအောင် ပိတ်ထားနိုင်သည်။

HUAWEI Y7 Prime ကို ဈေးနှုန်း ၂၇၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ မီးခိုးရောင်နှင့် အနက်ရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ဝယ်ယူရရှိနိုင်ပါသည်။ 
 
HUAWEI Y5 2017 မှာတော့ 

အဆင်ပြေ ကောင်းမွန်လှသော အရွယ်အစား 

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး သုံးစွဲသူ၏ လက်ထဲမှ လွတ်မကျအောင် ကာကွယ်ထားနိုင်ပြီး ပါးပါးလျားလျားနှင့် အပ်ကျမတ်ကျ ကိုင်တွယ်နိုင်အောင် အရွယ်အစား ပမာဏနှင့်ထုထည်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါသည်။  

ကြာရှည်ခံခြင်း 

ဖုန်းကိုဆက်တိုက်သုံးစွဲသူ လူငယ်တစ်ဦးအတွက် သိုလှောင်မှု စွမ်းအားမြင့် 3000 mAh ဘက်ထရီက ပုံမှန်သုံးလျင် ၃၈ နာရီ၊ ဂိမ်းကစားလျှင် ၆ နာရီ၊ HD ဗီဒီယိုကြည့်လျှင် ၁၁ နာရီနှင့် တေးသီချင်း နားဆင်ခြင်းအတွက် ၅၃ နာရီ အသုံးခံပါသည်။ ထို့အပြင် အားသွင်းကြိုး အသွင်းအထုတ်ကို အကြိမ်ပေါင်း ထောင်ချီပြုလုပ်နိုင်သည်အထိ တာရှည်ခံသည်။

ပြစ်မျိုးမှဲ့မထင်သည့် Selfies 

အပျော်တမ်း ဓာတ်ပုံဆရာများပင် ကင်မရာကောင်းတစ်လုံး၏ အရေးပါမှုကို သိရှိကြပါသည်။ Dual flash နှင့် Beautiful Skin 3.0 ပါရှိသော အဆင့်မြင့် intelligent camera က ရိုက်လိုက်တိုင်းတွင် Instagram သုံးရသည်နှင့်ထိုက်တန်သည့် selfie ပုံများ ရရှိစေပါသည်။ 

လွယ်ကူပြီး အဆင်ပြေခြင်း 

နှစ်ကြိမ်တို့လိုက်လျင် ကင်မရာပွင့်ခြင်း၊ Key ကို ခပ်ကြာကြာဖိထားလျင် ကင်မရာ flash မီးပွင့်ခြင်း၊ ဓာတ်ပုံရိုက်နေစဉ် screen ပိတ်သွားလျင် screen ကို တစ်ချက်တို့လိုက်၍ရခြင်း စသည်ဖြင့် shortcut တစ်ခုတည်းနှင့် လုပ်ဆောင်ချက် သုံးခုဆောင်ရွက်နိုင်သဖြင့် သုံးရလွယ်ကူစေပါသည်။ 

အနုစိတ်လက်ရာ 

သွယ်လျပြီး ချောမွတ်တောက်ပြောင်သော ပုံစံရှိပြီး ထူးခြားသော မျက်နှာပြင်အသား ဖွဲ့စည်းမှုရှိသည့် ဖုန်းနောက်ကျောဖုံးက အထူး ဂရုတစိုက်ကိုင်တွယ်ရန်နှင့် Device တွင်း အသေးစိတ် စူးစမ်းမှုပြုရန် သုံးစွဲသူအား သတိပြုစေပါသည်။ 

HUWEI Y5 2017 (4G) ကို ဈေးနှုန်း ၁၇၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ အဖြူနှင့် မီးခိုးဟူပြီး လှပသော အရောင်များရရှိနိုင်ပါသည်။ HUAWEI Y52017 (3G) ကိုမူ ဈေးနှုန်း ၁၄၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ မီးခိုးစသည့်အရောင်များ ရရှိနိုင်ပါသည်။