News

POST TYPE

ADVERTORIAL

အရေးပါလှတဲ့ အခန်းငယ်လေး
11-Oct-2017
အိမ်လို့ဆိုလိုက်ရင် သက်မဲ့အဆောက်အအုံတစ်ခုအဖြစ်ပဲ ရှုမြင်ကြသူတွေရှိသလို သာယာလှတဲ့ မိသားစုကလေးနဲ့ပါ တွဲမြင်ကြသူတွေရှိပါတယ်။

တကယ်ဆိုရင် အိမ်ဆိုတာက သက်မဲ့အဆောက်အအုံထဲက မိသားစုဘဝလေးတွေပါ ပေါင်းစပ်ကြည့်မှသာ ပြည့်စုံမယ်လို့ ထင်ပါတယ်။

ဒီတော့ သာယာလှပတဲ့ အိမ်ကလေးတစ်လုံးဖြစ်ဖို့ဆိုရင် ကျန်းမာလှပတဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း မေ့ထားလို့မရပါဘူး။

ဒီလို ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စရာ မိသားစုလေးတွေဖြစ်ဖို့ ဖန်တီးယူရာမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုကို ပြပါဆိုရင် မီးဖိုချောင်လို့ပြောရမှာပဲ။ မီးဖိုချောင်ကတစ်မိသားစုလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးသလို မိသားစုတွေ စုံစုံလင်လင် ထမင်းဝိုင်းမှာ ရှိစေဖို့အတွက် တာဝန်ယူရတဲ့နေရာပါ။ အဲ့လိုအရေးကြီးတဲ့ နေရာကို ဖန်တီးဖို့ဆိုရင် မီးဖိုချောင်မှာသုံးတဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့ အရည်အသွေးကို အလေးထားရသလို၊ အသုံးပြုရာမှာလည်း မှန်မှန်ကန်ကန် သုံးတတ်ဖို့လိုပါတယ်။

အခုဆိုဈေးကွက်ထဲမှာ မီးဖိုချောင်သုံးပစ္စည်းတွေက တစ်နေ့တစ်မျိုး မရိုးရအောင် ထွက်လာနေပေမယ့် တကယ် အသုံးဝင်ရဲ့လား၊ တာရှည် အသုံးပြုနိုင်ပါ့မလား၊ ကျန်းမာရေးနဲ့ကော ညီညွတ်ရဲ့လားဆိုတဲ့ စံတွေနဲ့ တိုင်းလိုက်ရင်တော့ ရွေးချယ်စရာ များများစားစား မရှိတော့ပါဘူး။

ဒီတော့ မှန်ကန်တဲ့ ရွေးချယ်မှုတွေ ဖြစ်ဖို့လိုလာပါပြီ။ မီးဖိုချောင်မှာ မဖြစ်မနေ သုံးရတဲ့ ပလပ်စတစ်ဗူးတွေဆိုရင် နေရာစုံမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ BPA လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ထွက်ရှိတယ်ဆိုရင်တော့ အန္တရာယ် အရှိဆုံး ပလပ်စတစ်ဘူးတွေပါပဲ။

ဒါကြောင့် BPA Free ဆိုတဲ့ ပလပ်စတစ်ဗူးတွေကို ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။

ဒါ့အပြင် မကပ်တဲ့အိုးလို့ ဈေးကွက်ထဲမှာ လူသိများတဲ့ nonstick အိုးတွေ၊ ဒယ်အိုးတွေကလည်း အရည်အသွေးမကောင်းရင် အန္တရာယ် များစွာရှိပါတယ်။ အချို့အိုးတွေဆိုရင် အမြင်ကောင်းကောင်းဆေးသုတ်ပြီး လိမ်ရောင်းတာတွေတောင် ရှိပါတယ်။

ဒီလိုပါပဲ အကင်စက်တွေ၊ မိုက်ခရိုဝေဖ်တွေ၊ ပါမုန့်မီးကင်စက်တွေ၊ လျှပ်စစ်အိုးတွေ၊ လျှပ်စစ်မီးဖိုတွေ ဝယ်မယ်ဆိုရင်လည်း အရည်အသွေး မကောင်းတာတွေ ဝယ်မိရင် ရက်ပိုင်းပဲ အသုံးခံပြီး စိတ်ညစ်ရမှာအမှန်ပါပဲ။

အဲ့ဒီတော့ မီးဖိုချောင်သုံး ပစ္စည်းတွေ များပေမယ့် ဘယ်လိုရွေးရမှန်းမသိ ဖြစ်သွားပြီလား။ အဲ့ဒါတွေ အကုန်လုံးသိဖို့ ဘယ်လိုလေ့လာရမလဲဆိုပြီး ခေါင်းကိုက်သွားပြီလား။ ဒါဆိုရင် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေပဲရောင်းတဲ့ စိတ်ချရတဲ့ နေရာမျိုးမှာ ဝယ်လိုက်ရင် အဆင်ပြေသွားမှာပါ။

အကြံကောင်းတစ်ခု ပေးရမယ်ဆိုရင်တော့ မီးဖိုချောင်သုံးပစ္စည်း ဈေးရောင်းပွဲကိုသွားလိုက်ရင် အရည်သွေးကောင်းတဲ့ ပစ္စည်းတွေကို ကိုယ်တိုင် လေ့လာလို့ရသလို အဲ့ဒီပစ္စည်းတွေရဲ့ အသုံးဝင်ပုံ၊ အသုံးပြုပုံတွေအပြင် အရည်အသွေး ကွာခြားချက်တွေကို လေ့လာလို့ရနိုင်ပါတယ်။

ဘာလဲ မီးဖိုချောင်သုံးပစ္စည်း ဈေးရောင်းပွဲ ဘယ်မှာရှိလဲ။ ဘယ်တော့လဲလို့ စဉ်းစားနေတာလား။ ဒါဆို သတင်းကောင်းတစ်ခု ပေးလိုက်ပါ့မယ်။

အခုလောလောဆယ် City Mart Supermarket ရဲ့ ဆိုင်ခွဲတိုင်းမှာ အောက်တိုဘာလ ၁၂ ရက်နေ့ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အတွင်း “ခေတ်မီ မီးဖိုချောင်သုံးပစ္စည်းများ ဈေးရောင်းပွဲ” (Kitchen Fair) တွေလုပ်ဖို့ ရှိပါတယ်။

ဒီပွဲမှာ ရွေးချယ်စရာ စုံလင်တဲ့ ခေတ်မီ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်လို့ အချိန်ကုန်၊ လူပန်းမဖြစ်တော့ဘူးပေါ့ ။

အဲ့ဒီဈေးရောင်းပွဲမှာတော့ PHILIPS၊ NIBBAN၊ Kangaroo၊ MAXIM၊ LOCK & LOCK၊ Luminarc၊ FARFALLA စတဲ့ တံဆိပ်မျိုးစုံ ပါဝင်ရောင်းချမှာပဲဖြစ်ပါတယ်။အသေးသုံး မီးဖိုချောင်ပစ္စည်းကစလို့ ပစ္စည်းမျိုးစုံကို ခင်းကျင်း ရောင်းချသွားမှာပါ။ အခု ရောင်းချမယ့်ပစ္စည်းတွေဟုဆိုရင် အသုံးပြုရတဲ့အခါမှာ အချိန်ကုန် သက်သာစေသလို ကြာရှည်ခံပြီး အရည်အသွေးမြင့် အာမခံချက်တွေလည်း ရှိပါတယ်။

ဒီတော့ အချိန်ကုန် သက်သာပြီး အိမ်ရှင်မတွေအတွက် မရှိမဖြစ် အသုံးလိုမယ့်မီးဖိုချောင်သုံးပစ္စည်းတွေကို ရရှိနိုင်ဖို့ “ခေတ်မီ မီးဖိုချောင်သုံးပစ္စည်းများ ဈေးရောင်းပွဲ” (Kitchen Fair)ကို သွားရောက်ဆင်နွှဲပြီး အရေးပါလှတဲ့ အခန်းငယ်လေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးရင်း ဈေးရောင်းပွဲကိုလည်း အရောက်လာခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။


  • VIA