News

POST TYPE

ADVERTORIAL

Selfie ချစ်သူတွေအတွက် ထုတ်လုပ်သည့် V7+
09-Oct-2017

V7+ စတင်မိတ်ဆက်ချိန်မှာ 24 MP အရှေ့ကင်မရာဆိုတဲ့ စာသားကို မြင်လိုက်တာနဲ့ ဒါဟာ Selfie ချစ်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပဲလို့ နားလည်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Vivo က သူတို့ရဲ့ အဓိက ဦးတည်ချက်ကို V5/V5+ မှာကတည်းက ပြသခဲ့ပြီးလို့ပါပဲ။ V5 ဟာ ဒါကလည်း ကမ္ဘာ့ ပထမဆုံး 20 MP အရှေ့ကင်မရာ ဖြစ်ခဲ့သလို V5+ ကလည်း စမတ်ဖုန်းလောကမှာ ပထမဆုံး 20 MP Dual selfie camera ဖြစ်ခဲ့ပါတယ်။

V7+ ကိုလည်း 24 MP selfie camera နဲ့ ထုတ်လုပ်လိုက်ပြန်ပါတယ်။ ဒါက သူတို့ရဲ့ trend ကို ပိုပြီး အာရုံ စိုက်လိုက်တာ ဖြစ်သလို စမတ်ဖုန်းသုံးစွဲသူ လူငယ်တွေကိုလည်း ပိုပြီး အာရုံစိုက်လိုက်တာပါပဲ။ 24 MP နဲ့ V7+ ဟာ mega pixel အရေအတွက် ပိုလာတာတွေအပြင် selfie ရိုက်ကူးမှုအတွက် အထောက်အကူဖြစ်မယ့် feature တွေကိုလည်း ထည့်သွင်းလာတာ တွေ့ရပါတယ်။

24MP, Aperture f2.0 ဖြစ်ပြီး Selfie Soft light ပါဝင်တဲ့အပြင် အကောင်းဆုံး အထောက်ပြုနိုင်တဲ့ feature ကတော့ အဆင့်မြှင့်တင်လိုက်တဲ့ မျက်နှာအလှ ပြုပြင်စနစ် 7.0 ပါပဲ။ ဒီစနစ်ဟာ အသားအရောင်ကို လိုသလို ထိန်းညှိပေးနိုင်တဲ့အတွက် ကိုယ်လိုချင်တဲ့ အနေအထားကို စိတ်ကြိုက်ပြင်ဆင်ပြီး ရိုက်ကူးလို့ ရသွားပါတယ်။ ဒါကြောင့် ဖြူလွန်းတာ၊ မည်းလွန်းတာ မဖြစ်တော့ဘဲ သဘာဝနဲ့ အနီးကပ်ဆုံး၊ အလှပဆုံး ပုံရိပ်ဖြစ်အောင် ရိုက်ကူးလို့ ရသွားပါတယ်။

Portrait Selfie တွေမှာ အဓိက subject က နောက်ခံအရာဝတ္ထုတွေကြောင့်၊ မြင်ကွင်းတွေကြောင့် ထင်ပေါ်မှု နည်းသွားသလို ဖြစ်တတ်ပါတယ်။ အလှပုံကောင်းတစ်ပုံမှာ နောက်ခံမြင်ကွင်းက ထင်းမနေဘဲ ဝေဝါးနေဖို့လည်း လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ့်ပုံက ရှင်းရှင်းလင်းလင်းနဲ့ ထင်းခနဲမြင်နေရမှာပါ။ V7+ မှာ ဒီပြဿနာကို ဖြေရှင်းပေးဖို့ နောက်ခံ ဝေဝါးပေးတဲ့စနစ် ထည့်သွင်းပေးထားပါတယ်။ ရိုက်ကူးပြီးချိန်မှာ ကိုယ့်စိတ်ကြိုက် ပြုပြင်ပြီး နောက်ခံမြင်ကွင်းကို ဝေဝါးပစ်လိုက်လို့ ရပါတယ်။ 

အဖွဲ့လိုက် Selfie ရိုက်ကူးရာမှာလည်း လူအားလုံးပါသွားအောင်လို့ ရိုက်ကူးလို့ ရတာအပြင် တစ်ယောက်ချင်းစီရဲ့ မျက်နှာတိုင်းကိုလည်း ကြည်လင်ပြတ်သားစွာ ဖမ်းယူလို့ရတာကို တွေ့ရပါတယ်။ ဒါတင်မကသေးဘဲ နောက်ခံမြင်ကွင်းတွေကလည်း ကြည်လင်ပြတ်သားမှု ရှိနေပါတယ်။

ဒါတင်မကသေးဘဲ Video ဖုန်းခေါ်ဆိုမှုတွေမှာလည်း အသုံးတည့်တဲ့ မျက်နှာအလှ ပြုပြင်စနစ် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ဘက်လူနဲ့ Video ဖုန်းခေါ်ဆိုတဲ့အခါမှာ ကိုယ့်မျက်နှာကို အဆင်ပြေ အချောမွေ့ဆုံးဖြစ်အောင် ရိုက်ကူးထားနိုင်ပါတယ်။ 

အထက်ဖော်ပြပါ လုပ်ဆောင်ချက်တွေအပြင် Professional, Slow, Time-Lapse Photography, Panorama, Live Photo စတာတွေလည်း ရိုက်ကူးနိုင်တဲ့အတွက် ဓာတ်ပုံရိုက်တာ ဝါသနာပါသူတွေအတွက်တော့ တကယ်ပဲ သုံးပျော်တယ်လို့ ဆိုရပါလိမ့်မယ်။


  • VIA