News

POST TYPE

ADVERTORIAL

V7+ ရဲ့ လူကြိုက်များလာတဲ့ အကောင်းဆုံး စွမ်းဆောင်ရည်များ
03-Oct-2017
Vivo ရဲ့ V7+ က အသုံးပြုသူတွေကြားမှာသာမက မီဒီယာတွေမှာပါ တော်တော်လေးကို ရေးသားဖော်ပြလာ ကြပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ လူကြိုက်များနေတဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေဆိုရင် ဘာတွေဖြစ်မလဲ။ ဒီစမတ်ဖုန်းသစ်ကို လူကြိုက်များလာတဲ့ အဓိက အချက်တွေကို ကြည့်ရအောင်။

V7+ မှာ ပိုကောင်းလာတာတွေက မျက်နှာပြင်၊ ကင်မရာ၊ Hi-Fi audio၊ Android 7.1၊ Funtouch OS 3.2၊ Qualcomm octa-core CPU စတာတွေပါပဲ။ ပြီးတော့ Game mode၊ မျက်နှာအလှ ပြုပြင်စနစ်၊ နောက်ခံဝေဝါးပေးတဲ့စနစ်၊ အလိုအလျောက် မျက်နှာပြင် ပိုင်းခြားစနစ် စတာတွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အားလုံးထဲမှာမှ အကောင်းဆုံးအရာကဘာလဲလို့ မေးရင် ပြောစရာအချက်က နှစ်ချက် ရှိတယ်လို့ ဆိုရမှာပါ။

ထူးခြားတဲ့ မျက်နှာပြင် အရည်အသွေး

Vivo စမတ်ဖုန်းတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေထဲမှာမှ သိသိသာသာ ပြောင်းလဲသွားတာက မျက်နှာပြင်ပါပဲ။ အရွယ်အစားက V5 နဲ့ အတူတူပဲ ဆိုပေမယ့် V7+ ရဲ့ မျက်နှာပြင်ကတော့ 5.99 လက်မ ဖြစ်သွားပါတယ်။ မျက်နှာပြင်ကျယ်ရုံနဲ့ ကောင်းတယ်လို့ ပြောရမှာလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီမေးခွန်းအတွက် လက်ခံနိုင်စရာအဖြေက မျက်နှာပြင်အချိုးပဲလို့ ဆိုရမှာပါ။ သမားရိုးကျ မျက်နှာပြင်တွေက 16:9 ဖြစ်ပေမယ့် V7+ ကတော့ 18:9 ဖြစ်သွားပါတယ်။ ဒီအချိုးက ဗွီဒီယိုကြည့်တဲ့အချိန်၊ ဂိမ်းကစားတဲ့အချိန်၊ စာဖတ်တဲ့အချိန်တွေမှာ ပိုပြီးကောင်းမွန်တဲ့ အရသာကို ပေးအပ်ပါတယ်။ မြင်ကွင်းကျယ် အမျိုးအစားကို စမတ်ဖုန်းမှာ ရယူခံစားနိုင်တာပါ။

24MP အရည်အသွေးရှိ Selfie ကင်မရာ

နောက်ထပ် ကောင်းမွန်တဲ့ ပြောင်းလဲမှုက အရှေ့ကင်မရာပါပဲ။ 24MP အရှေ့ကင်မရာကတော့ စမတ်ဖုန်းလောကမှာ ပထမဦးဆုံးဖြစ်ပါတယ်။ Vivo က သူတို့ရဲ့ ထုတ်ကုန်တွေကို Selfie အတွက် သိသိသာသာ အာရုံစိုက်လေ့ရှိတဲ့အတိုင်း အခု V7+ မှာလည်း selfie အတွက် အကောင်းဆုံး ဖန်တီးထားတာကို တွေ့ရပါတယ်။ တစ်ဦးချင်းအတွက်လည်း ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရယူပေးသလို အဖွဲ့လိုက် Selfie ရိုက်ရာမှာလည်း ပိုပြီးကောင်းမွန်တဲ့ ပုံရိပ်ကို ရယူနိုင်တာကို တွေ့ရပါတယ်။ တစ်ယောက်ချင်းစီတိုင်းရဲ့မျက်နှာ၊ နောက်ခံအရာဝတ္ထုတွေကအစ ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်တာကတော့ မိုက်တယ်လို့ ဆိုရမှာပါ။ 
တခြားအချက်တွေကို မကြည့်ဘူး၊ power user မဟုတ်ဘူး၊ Selfie lover ဆိုရင်တော့ အထက်ဖော်ပြပါ အချက်နှစ်ချက်နဲ့တင် V7+ ကိုရွေးချယ်ဖို့ စဉ်းစားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်းချင်း မတိမ်းမယိမ်း အခြားအမှတ်တံဆိပ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် V7+ က 24MP အရှေ့ကင်မရာ၊ FullViewTM Displayဆိုတဲ့ အချက်နှစ်ချက်နဲ့တင် အားသာနေပြီး ရွေးချယ်သင့်တယ်လို့ ဆိုရပါလိမ့်မယ်။