News

POST TYPE

ADVERTORIAL

V7+ မှာ Face access ကို ဘယ်လိုသုံးမလဲ
02-Oct-2017
အသစ်ထွက်ရှိလာတဲ့ V7+ ဟာ မျက်နှာပြင် ပိုမိုကျယ်ပြန့်လာပြီး အရှေ့ကင်မရာ အရည်အသွေးကလည်း ပိုကောင်းလာပါတယ်။ အရှေ့ကင်မရာနဲ့ မျက်နှာပြင်အကြောင်းက အထူးတလည် ရေပန်းစားနေတဲ့အကြောင်း ဖြစ်ပေမယ့် V7+ ရဲ့ feature တစ်ခုဖြစ်တဲ့ Face access ကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်ပါတယ်။

Face access ဟာ Unbox လုပ်ပြီးတာနဲ့ ချက်ချင်းတန်းပြီး အသုံးပြုလို့ မရနိုင်သေးပါဘူး။ သူ့ကို အသုံးပြုဖို့ System update ပြုလုပ်ဖို့ လိုအပ်ပါတယ်။ system update လုပ်ပြီးရင်တော့ Face access လုပ်လို့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် Face access ပြုလုပ်အသုံးပြုနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
အဆင့် ၁ အနေနဲ့ setting ထဲကို သွားလိုက်ပါ။ ပြီးရင် Fingerprint, face and password ကိုနှိပ်ရပါမယ်။ ပြီးရင်တော့ face ကို နှိပ်ပါ။

အဆင့် ၂ အနေနဲ့ password/pin ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ password က ဂဏန်း ခြောက်လုံး ဖြစ်ပါတယ်။ password ကို ရိုက်ထည့်ရာမှာ အဓိက သတိပြုရမှာကတော့ ကိုယ်အမြဲတမ်း မှတ်မိနေမယ့် ဂဏန်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ password ရိုက်ထည့်ပြီးရင်တော့ unlock ကို နှိပ်ပြီး ဆက်သွားရပါမယ်။ ဒါဆိုရင် ကိုယ့်မျက်နှာအနေအထားကို မှတ်တမ်းတင်ဖို့ပဲ ကျန်ပါတော့မယ်။
အဆင့် ၃ အနေနဲ့ မျက်နှာကို မှတ်တမ်းတင်ရပါမယ်။ အရှေ့ကင်မရာကနေတစ်ဆင့် မျက်နှာကို မှတ်တမ်း တင်ရမှာပါ။ မျက်နှာကို မှတ်တမ်းတင်တဲ့အဆင့်က အရမ်းလွယ်ပါတယ်။ ဖုန်းကို ကိုင်ထားပြီး ငြိမ်ငြိမ်နေရုံပါပဲ။ ကင်မရာက ၁၀၀% မှတ်တမ်းတင်ပြီးသွားတဲ့ အထိ စောင့်နေလိုက်ပါ။ 
နောက်ဆုံးအဆင့်အနေနဲ့ကတော့ quick recognition ကို သေချာ on ထားဖို့ပါပဲ။ 
အဆင့် ၄ အဖြစ် Smart motion ကို သွားရပါမယ်။ Smart turn on/off screen ကို ရောက်ရင် Raise to wake ကို activate လုပ်လိုက်ပါ။ ဒါမှ ဖုန်းကို ကိုင်မြှောက်လိုက်တာနဲ့ lock ပွင့်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးပြည့်စုံအောင် လုပ်ပြီးပြီဆိုရင်တော့ V7+ ကိုဖွင့်ရာမှာ ဘယ် key ကိုမှ နှိပ်စရာမလိုတော့ပါဘူး။ အရမ်းပဲ လွယ်ကူ ရိုးရှင်းပါတယ်။
Face access ကို အသုံးပြုခြင်းက လွယ်ကူပါတယ်။ ပြီးတော့ သမားရိုးကျ ဖုန်းဖွင့်နည်းတွေမဟုတ်ဘဲ ဖုန်းကောက်ကိုင်လိုက်တာနဲ့ ဖွင့်လို့ရတာကြောင့် ဆန်းသစ်တယ်လို့လည်း ပြောရပါမယ်။ သူ့ရဲ့ lock ဖွင့်နှုန်းက အရမ်းကို မြန်ဆန်ပါတယ်။ မျက်နှာက ကင်မရာနဲ့ တည့်တည့်ဖြစ်မနေဘဲ ခပ်စောင်းစောင်း ဖြစ်နေရင်တောင် lock ပွင့်ပါတယ်။ Pattern တွေ၊ တခြား password နံပါတ်တွေကို အသုံးပြုစရာမလိုတဲ့အတွက် ဖုန်းဖွင့်ကာနီး စဉ်းစားနေစရာ မလိုတော့တာကလည်း တကယ့်ကိုအသုံးဝင်ပြီး စွဲမက်ဖွယ်အချက်တစ်ခုပဲဖြစ်ပါတယ်။