News

POST TYPE

ADVERTORIAL

ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းအတွက် စွန့်စားလိုက်ကြမလား
22-Sep-2017

လူအများစုဟာ လုပ်ရိုးလုပ်စဉ်တွေကြားမှာပဲ နေသားကျနေလေ့ ရှိပါတယ်။ သွားနေကျလမ်းက သွားတယ်။ စားနေကျ အစားအစာကို စားတယ်။ လုပ်နေကျ အလုပ်ကိုပဲ လုပ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမန်အတိုင်း ရှင်သန်နေထိုင်တာက သက်သောင့်သက်သာ ရှိတယ်လို့ ခံစားကြရလို့ပါပဲ။

တစ်ဘက်က ပြန်တွေးကြည့်ရင်တော့ လမ်းသစ်တစ်ခုကနေ သွားတယ်ဆိုတာက အခက်အခဲတွေ တွေ့လာနိုင်တာ အမှန်ပါပဲ။ ပုံမှန်အတိုင်း သက်သောင့်သက်သာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ လမ်းသစ်တစ်ခုကနေသွားဖို့အတွက် အားအင်တွေ ပိုပြီးစိုက်ထုတ်ရပါမယ်။ လုံ့လတွေ ပိုကြီးမားရပါမယ်။ စိတ်ရှည်မှုနဲ့ ဉာဏ်ပညာတွေကလည်း မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါပဲ။ 

စွန့်စားမှုတစ်ခုကို အစပြုဖို့အတွက် အရင်ဦးဆုံး လိုအပ်တာကတော့ အဟောင်းကို စွန့်ခွာဖို့ သတ္တိပါ။ စွန့်စားရဲတာကမှ သတ္တိမဟုတ်ပါဘူး။ အဟောင်းကို စွန့်ခွာရဲတာကလည်း သတ္တိပါပဲ။ သေချာတာကတော့ နေရာဟောင်းကို စွန့်ခွာလိုက်တာနဲ့ မြင်နေကျအဟောင်းတွေ၊ ကြုံနေကျ အရာတွေကနေ ကွဲပြားတဲ့ အတွေ့အကြုံသစ်ကို စပြီးရရှိမှာပါ။

သာမန်ဘဝထဲမှာပဲ သက်သောင့်သက်သာနဲ့ နေမယ်ဆိုရင် ပိုပြီးကောင်းတဲ့ အသစ်တစ်ခုကို ရရှိဖို့ မဖြစ်နိုင်ပါဘူး။ စွန့်စားပြီး အသစ်တစ်ခုကို ရှာဖွေလိုက်ရင်တော့ ပိုပြီးကောင်းတဲ့  အရာတစ်ခုကို မလွဲမသွေ ရရှိမှာ အမှန်ပါပဲ။ ဒီနေ့ခေတ်ရဲ့ နည်းပညာလောကမှာ အသစ်အသစ်တွေနဲ့ တိုးတက်ပြောင်းလဲနေရခြင်းရဲ့ အဓိက အကြောင်းအရင်းက အမြဲတမ်းလိုလို နောက်ထပ် နည်းလမ်းသစ်တွေကို ရှာဖွေနေလို့ပဲ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိထားတဲ့ အရာတစ်ခုကို ကောင်းလှပြီဆိုပြီး ကျေနပ်မနေဘဲ ပိုပြီးကောင်းအောင် နည်းလမ်းတွေ ရှာဖွေနေလို့ပါပဲ။ 

သွားနေကျလမ်းကသွားရင် မြင်နေကျ အရာတွေကိုပဲ မြင်ပါမယ်။ စားနေကျ အစားအစာကိုပဲစားရင် ရနေကျ အရသာကိုပဲ ရပါမယ်။ လုပ်နေကျ အလုပ်ကိုပဲ လုပ်နေရင် ဖြစ်နေကျရလဒ်ကိုပဲ ရပါလိမ့်မယ်။ စွန့်စားကြည့်လိုက်ရင်တော့ မတူကွဲပြားတဲ့ အရာတွေကို မြင်လာပါလိမ့်မယ်။ ဆန်းသစ်တဲ့ အရသာကို ခံစားရပါလိမ့်မယ်။ ပိုပြီးကောင်းတဲ့ ရလဒ်ကို ရလာပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရက်တွေက Vivo ကနေ ထုတ်ကုန်သစ် V7+ ကို မိတ်ဆက်ထားတဲ့ ဗွီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။ ဒီ ဗွီဒီယိုထဲမှာ ပဝ၀င်တဲ့ နောက်ခံစကားပြောတစ်ခုက “သာမန်ဘဝထဲမှာပဲ သက်သောင့်သက်သာနေမလား၊ ဒါမှမဟုတ် စွန့်စားလိုက်ကြမလား” ဆိုတာပါပဲ။ 

ဟုတ်ပါတယ်။ Vivo ကလည်း သူတို့ရဲ့ ထုတ်ကုန်တွေကို တစ်ဆင့်ပြီး တစ်ဆင့်မြှင့်တင်ရင်း ပိုပြီးကောင်းတဲ့၊ ပိုပြီး ကြည့်မြင်ခံစားနိုင်တဲ့ FullViewTM Display ဆိုတဲ့ ဆန်းသစ်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ V5 နဲ့ ကိုယ်ထည်အချိုးအစားချင်း တူညီနေပေမယ့် V7+ ရဲ့ မျက်နှာပြင်ကတော့ 18:9 ဖြစ်ပြီး 12.5% လောက် ပိုပြီး ကြီးသွားပါတယ်။ သာမန် မြင်တွေ့နေကျနဲ့ မတူညီတဲ့ အမြင်အာရုံခံစားမှုကို ရယူခံစားနိုင်မယ်လို့လည်း ပြောထားပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Vivo ကတော့ သက်သောင့်သက်သာ မနေဘဲ စွန့်စားမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာ အသေအချာပါပဲ။ ဒါကြောင့်လည်း Under Display fingerprint Scanning Solution ကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါလိမ့်မယ်။ 

ဒါဖြင့်ရင် ကျွန်တော်တို့ကရော။ ဘဝကို သက်သောင့်သက်သာနဲ့ပဲ နေလိုက်ကြမလား။ ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ အရာတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် စွန့်စားလိုက်ကြမလား။