News

POST TYPE

ADVERTORIAL

သီတင်းကျွတ်မှာ ဘယ်လိုဂါရဝပြုမလဲ
22-Sep-2017
လာမယ့် အောက်တိုဘာလ ၅ ရက်နေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါတယ်။ မကြာမီ ရောက်ရှိလာမယ့် သီတင်းကျွတ် အခါသမယမှာ မိမိတို့ ရိုသေလေးစားပြီး ချစ်ခင်ရတဲ့ လူကြီးမိဘတွေနဲ့ ဆရာသမားတွေကို လက်ဆောင်ပစ္စည်းလေးတွေနဲ့ ကန်တော့ကြတာဟာ မြန်မာတို့ရဲ့ ချစ်စရာ ထုံးထမ်းစဉ်လာ အလေ့အထတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဘယ်လိုလက်ဆောင်ပစ္စည်းလေးတွေနဲ့ ကန်တော့ရမလဲ ဆိုတာကလည်း စဉ်းစားရတာကလည်း တကယ်ကို ခေါင်းခဲရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။  ဒီနှစ်သတင်းကျွတ်မှာတော့ ဒီလိုခေါင်းခဲရ သက်သာစေဖို့  City Mart Supermarket ရဲ့ သီတင်းကျွတ်လက်ဆောင် အိုင်ဒီယာလေးတွေကို စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်။ 

ဆိုင်ခွဲပေါင်း ၂၃ ဆိုင် ဖွင့်လှစ်ထားပြီး ဖြစ်တဲ့ City Mart Supermarket များမှာ ဈေးဝယ်သူတိုင်း ရွေးချယ်စရာ ပစ္စည်းအစုံအလင်နဲ့ မိမိတို့ လိုအပ်တဲ့ သီတင်းကျွတ် လက်ဆောင်ပစ္စည်းတွေကို တစ်နေရာတည်းမှာပဲ စိတ်အေးချမ်းစွာနဲ့ စိတ်တိုင်းကျဝယ်ယူနိုင်မှာ ဖြစ်တဲ့အပြင် ဝယ်ယူသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ Promotion, Lucky Draw အစီအစဉ်တွေကိုလည်း City Mart Supermarket တိုင်းမှာ ပြုလုပ်ပေးသွားဦးမှာ ဖြစ်ပါတယ်။

ဒီတော့ ကန်တော့ဖို့ လက်ဆောင်ပစ္စည်းလေးတွေ ရွေးချယ်ရ လွယ်ကူစေဖို့အတွက် City Mart Supermarket တွေမှာ ရရှိနိုင်တဲ့ ပစ္စည်းလက်ဆောင်ခြင်း (Gift Hamper)၊ သစ်သီးလက်ဆောင်ခြင်း (Fruits Hamper)၊ ငွေသားလက်ဆောင်ကတ် (Gift Card)၊  ပစ္စည်းလက်ဆောင်အိတ် (Special Thadingyut Gift Bag) တွေနဲ့ အခြားအဆင်ပြေနိုင်မယ့် လက်ဆောင်များကို လမ်းညွှန်မိတ်ဆက်ပေးချင်ပါတယ်။

ပစ္စည်းလက်ဆောင်ခြင်း (Gift Hamper) ဆိုတာကတော့ သီတင်းကျွတ် အချိန်ကာလတင် မဟုတ်ပါဘူး။ ကန်တော့လက်ဆောင်တစ်ခုအဖြစ် အမြဲတမ်း ပထမ ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ အရမ်းကြီး ရွေးချယ်စရာ မလိုတဲ့အတွက် အချိန်ကုန် သက်သာသလို ကိုယ်သုံးမယ်လို့ မှန်းထားတဲ့ ငွေကြေးပမာဏအပေါ် မူတည်ပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ဆောင်ခြင်း ဝယ်တော့မယ်ဆိုရင် အဓိက သတိထားရမှာက ခြင်းထဲမှာပါတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးပါပဲ။ နောက်တစ်ခုက Expiry ရက်စွဲပါ။ City Mart Supermarket မှာကတော့ လက်ဆောင်ပစ္စည်းခြင်းတွေမှာ Quality ကောင်းမွန်ပြီး သက်တမ်းအနည်းဆုံး ၆ လ ကျန်ရှိတဲ့ စားသောက်ကုန် ပစ္စည်းများကိုသာ အသုံးပြုထားလို့  အရည်အသွေးပိုင်းဆိုင်ရာ၊ အာမခံချက် အကောင်းဆုံး ပေးနိုင်ပါလိမ့်မယ်။ 

လက်ဆောင်ခြင်းပုံစံမျိုးနဲ့ပဲ အခုနောက်ပိုင်း ခေတ်စားလာတဲ့ သစ်သီးလက်ဆောင်ခြင်း(Fruit Hamper) ကလည်း သီတင်းကျွတ် လက်ဆောင်ပေးမှု ပုံစံတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင် ကျန်းမာရေးရှုထောင့် အနေနဲ့လည်း သက်ကြီးပိုင်းဘိုးဘွားတွေနဲ့ ကျန်းမာရေးလိုက်စားတဲ့ သူတွေကို ကန်တော့တဲ့အခါ လတ်ဆတ်တဲ့ သစ်သီးလက်ဆောင်ခြင်း လေးတွေကို ပေးနိုင်ပါသည်။ ဒီသစ်သီးဝလံတွေ စားသုံးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေအပြင် အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ ဓာတ်တွေလည်း ရရှိနိုင်ပါတယ်။ ဒီလိုသစ်သီးခြင်းနဲ့ ကန်တော့မယ် ဆိုရင်တော့ အရေးကြီးတာက အသီးရဲ့အမှည့်ချိန်၊ ကန်တော့ခံသူရဲ့ စားသုံးနိုင်မှု၊ အိမ်သားအရေအတွက် စတာတွေနဲ့ချိန်ပြီး ဝယ်ယူသင့်ပါတယ်။ သစ်သီးလက်ဆောင်ခြင်းကို မိမိတို့ စိတ်ကြိုက်ပုံစံ၊ စိတ်ကြိုက်သစ်သီးကို ထုပ်ပိုးနိုင်မှာ ဖြစ်တဲ့အတွက် အဆင်ပြေ လွယ်ကူစေနိုင်မှာပါ။

နောက်ထပ်လမ်းညွှန်ချင်တာကတော့ အရိုးရှင်းဆုံး ကန်တော့ပစ္စည်းတစ်ခုဖြစ်တဲ့ ငွေသားလက်ဆောင်ကတ် (Gift Card) ပါ။ လူတစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူတတ်ကြတဲ့အတွက် ကန်တော့မယ့်သူတွေ အနေနဲ့ လက်ဆောင်ပစ္စည်းဝယ်ယူဖို့ စဉ်းစားရတဲ့အခါမှာ အခက်အခဲ ရှိသလို ပိုက်ဆံလက်ဆောင်ပေးတဲ့ အခါမှာလည်း ရိုင်းသွားမလားဆိုတဲ့ အတွေးကလည်း စိတ်ထဲဝင်လာတဲ့အတွက် ဘာလုပ်ရမလဲမသိ ဖြစ်တတ်ကြပါတယ်။

ငွေသားလက်ဆောင်ကတ်ကတော့ ဒီပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မှာဖြစ်ပြီး ဒီကတ်နဲ့ City Mart Supermarket အပါအဝင် City Mart Holding Co., Ltd လက်အောက်ရှိဆိုင်ခွဲများ ဖြစ်တဲ့ marketplace by City Mart, Ocean Supercenter, Seasons Bakery & Café၊ City Care Health & Beauty Store၊ City Baby Club, City Book & Music နဲ့ Safari Bookstore စတဲ့ ဆိုင်ခွဲများမှာပါ အသုံးပြုနိုင်တဲ့အတွက် အလွန်အဆင်ပြေတဲ့ လက်ဆောင်ပစ္စည်း အမျိုးအစား ဖြစ်ပါတယ်။ ငါးထောင်ကျပ်ကစပြီး ကျပ် ၁၀ သိန်းအတွင်း မိမိစိတ်ကြိုက် ငွေသားပမာဏ ထည့်သွင်းပြီး လက်ဆောင်ပေးနိုင်သလို Expiry လည်း မရှိတာကြောင့် စိတ်ကြိုက်အေးဆေးစွာ သုံးစွဲနိုင်ပါတယ်။

လူငယ်တွေအနေနဲ့ တစ်ခါတစ်ရံ ပိုက်ဆံပြတ်လတ်တဲ့ အချိန်လေးတွေလည်း ရှိတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးနဲ့ သီတင်းကျွတ် ကန်တော့ချိန် တိုက်ဆိုင်ခဲ့ရင်တော့ ပစ္စည်းလက်ဆောင်အိတ် (Special Thadingyut Gift Bag) လေးကလည်း ကန်တော့လက်ဆောင်အဖြစ် အသုံးဝင်စေနိုင်မှာပါ။ ပစ္စည်းလက်ဆောင်ခြင်း (Gift Hamper) လိုမျိုး လက်ဆောင်ခြင်း အသေးစားလေး ဖြစ်ပါတယ်။ ခြင်းနဲ့မဟုတ်ဘဲ Recycle Bag လေးနဲ့ ထုပ်ပိုးထားတဲ့ ဒီလို City Mart Gift Bag တွေကိုလည်း ကန်တော့လက်ဆောင် အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ပါသေးတယ်။

နောက်ထပ်ရွေးချယ်စရာပစ္စည်း အနေနဲ့ကတော့ လျှပ်စစ်ပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်သားအချင်းချင်း ကန်တော့တဲ့အခါမှာ ပိုလို့ အဆင်ပြေစေမှာပါ။ သားသမီးတွေက အဖေ၊ အမေနဲ့ လူကြီးတွေကို ကန်တော့တာမျိုးလေးပါ။ မိမိတို့အိမ်မှာ လိုအပ်တဲ့ ပစ္စည်းလေးတွေကို ကန်တော့လက်ဆောင် အဖြစ်နဲ့ အသုံးပြုတာက နှစ်ဦးနှစ်ဖက် အဆင်ပြေစေပါတယ်။ လျှပ်စစ်ထမင်းပေါင်းအိုး၊ အသီးဖျော်စက်၊ ကော်ဖီဖျော်စက်၊ Oven စတာတွေကို သောင်းဂဏန်းနဲ့ ရရှိနိုင်မှာဖြစ်ပြီး မျက်နှာပန်းလည်းလှစေမယ့် ကန်တော့ပစ္စည်းလက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်အသုံးအဆောင် ပစ္စည်းလေးတွေကိုလည်း ကန်တော့လက်ဆောင်အဖြစ် ဝယ်ယူနိုင်ပါသေးတယ်။ မေမေနဲ့ ဘွားဘွားတို့ စိတ်ကြိုက်ဖြစ်စေမယ့် အိပ်ယာခင်း၊ ဘုရားပန်းအိုး၊ မျက်နှာသုတ်ပုဝါစသဖြင့် အသုံးပြုတဲ့အချိန်တိုင်း သတိရစေမယ့် တန်ဖိုးသင့် လက်ဆောင်ပစ္စည်းလေးတွေကိုလည်း City Mart Supermarket များမှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဆက်လက်အကြံပြုချင်တာတော့ အဝတ်အထည်လက်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ပုဆိုး၊ ပိတ်စ၊ လုံချည်စတဲ့ အဝတ်အထည်ဆိုတာက ဝယ်ယူမှုများတဲ့ ကန်တော့ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုအဝတ်အထည်တွေကို ရွေးချယ်ဝယ်ယူမယ် ဆိုရင်တော့ သတိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ကိုယ့်စိတ်ကြိုက် ဝယ်ယူလိုက်တဲ့ အဝတ်အစားကို ကန်တော့ခံပုဂ္ဂိုလ်က ဝတ်ပါ့မလား၊ လိုက်ဖက်မှုရော ရှိရဲ့လား၊ အရောင်၊ အဆင်နဲ့ အသားကို ကြိုက်ပါ့မလား ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကန်တော့မယ့်သူများတဲ့ ဆရာ၊ ဆရာမ၊ လူကြီးသူမများဆိုရင် အဝတ်အထည် ကန်တော့မယ့်သူက များနေတတ်မှာမို့ တကယ်အသုံးဝင်တဲ့ လက်ဆောင်ဖြစ်ပါ့မလားလို့ စဉ်းစားရပါမယ်။ 

နောက်ဆုံးညွှန်းပေးချင်တာလေး တစ်ခုကတော့ လက်ဆောင်ဝယ်ယူရင်း ကိုယ်တိုင်အတွက်ပါ အမြတ်ထွက်စေမယ့် Idea လေးပါ။ သီတင်းကျွတ်တဲ့အခါ ကုန်ပစ္စည်းတွေကို Promotion ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချကြလေ့ ရှိပါတယ်။ အဲဒီအထဲကနေမှ အပိုလက်ဆောင်ပစ္စည်းရနိုင်တဲ့ Promotion ပစ္စည်းမျိုးကို ရွေးချယ်မယ်ဆိုရင် ကန်တော့ပစ္စည်းအတွက်လည်း အဆင်ပြေမှာဖြစ်သလို ရရှိတဲ့လက်ဆောင်ကိုလည်း ကိုယ့်အတွက် သိမ်းထားတာပဲဖြစ်ဖြစ်၊ အသုံးပြုတာပဲဖြစ်ဖြစ် လုပ်လို့ရတဲ့အတွက် ပိုပြီးအမှတ်တရ ဖြစ်စေနိုင်ပါတယ်။

အခုလမ်းညွှန်ပေးတဲ့ပစ္စည်းလေးတွေအပြင် သီတင်းကျွတ်ကာလအတွင်း အခြားပစ္စည်းလေးတွေကို ဝယ်ယူမယ့် သူတိုင်းအတွက်လည်း City Mart Supermarket က 'ရွှေရောင်လွှမ်းတဲ့သီတင်းကျွတ်' အစီအစဉ်နဲ့ ကျေးဇူးတုံ့ပြန်ထားတာတွေ ရှိပါတယ်။ ဒီအစီအစဉ်ကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့အတွင်းမှာ City Mart Supermarket ဆိုင်ခွဲတိုင်းမှာ ငွေကျပ် လေးသောင်းဖိုး ဝယ်ယူပြီး ရွှေတစ်ကျပ်သား ၂၁ ဆု၊ ရွှေဆွဲကြိုး ငါးမူးသား ဆု ၈၀ ကို ပါဝင်ကံစမ်းနိုင်မှာပါ။ ရွှေဆုလက်ဆောင် ရရှိတဲ့သူတွေကိုတော့ အောက်တိုဘာလ ၂ဝ ရက်နေ့၊  City Mart Supermarket ဆိုင်ခွဲတိုင်းမှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် Thadingyut Special Hamper အစီအစဉ်အဖြစ် Hamper ခြင်း ငါးခြင်းအထက် ဝယ်ယူတဲ့သူတိုင်းအတွက် (Location တစ်နေရာတည်းသို့) ၄၈ နာရီအတွင်း အခမဲ့လိုက်လံပို့ဆောင်ပေးဦးမှာပါ။ Thadingyut ROYAL ၊ Thadingyut GLORY ၊ Thadingyut GRATITUDE ၊ Thadingyut HARMONY ၊ Thadingyut GREETING ၊ Thadingyut HEALTHINESS ၊ Thadingyut HONOUR ၊ Thadingyut CHEERS ၊ Thadingyut ESTEEM ၊ Thadingyut ADMIRATION ဆိုတဲ့ Hamper ခြင်းမျိုးစုံကို မိမိတို့စိတ်ကြိုက် ရွေးချယ်နိုင်မှာဖြစ်သလို ဒီအစီအစဉ်ကိုတော့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ 

City Mart Supermarket ရဲ့ သီတင်းကျွတ်လမ်းညွှန်လေးကနေ မိတ်ဆွေတို့အတွက် အကြံဉာဏ်ကောင်းလေးတွေ ရရှိနိုင်မယ်လို့လည်း မျှော်လင့်မိသလို City Mart Supermarket များမှာ မိတ်ဆွေတို့စိတ်ကြိုက် ကန်တော့လက်ဆောင်ပစ္စည်းလေးတွေကို ရွေးချယ်ဝယ်ယူခြင်းဖြင့်လည်း ယခုလိုနေ့ထူးရက်မြတ်လေးကို ပျော်ရွှင်အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ……