News

POST TYPE

ADVERTORIAL

လက်ဖွဲ့ပစ္စည်းထပ်တာကို ဖြေရှင်းမယ့် Mingalar Let Phwet
18-Sep-2017 tagged as မင်္ဂလာဆောင်

မကြာခင် ကျရောက်တော့မယ့် သီတင်းကျွတ်ကာလ မင်္ဂလာဆောင်ရာသီမှာ မင်္ဂလာဆောင်လိုသည့် ဇနီးမောင်နှံများအတွက် မင်္ဂလာဆောင်ရက်မြတ်နဲ့ နေရာလေး ရွေးချယ်ထားပြီး ဆိုရင်တော့  ကိုယ့်စိတ်ကြိုက် မင်္ဂလာလက်ဖွဲ့များ ရရှိနိုင်မယ့် အခွင့်အရေးလေး ဖြစ်သလို လက်ဖွဲ့ပစ္စည်းထပ်ခြင်းမှ ကင်းဝေစေမယ့် အထူးအခွင့်အရေးလေး တစ်ခုကို မိတ်ဆက်အသိပေးချင်ပါတယ်။ မင်္ဂလာဆောင်တစ်ခုကို သွားရောက်မယ့် ဧည့်သည်များအနေနဲ့ မင်္ဂလာလက်ဖွဲ့တစ်ခုအတွက် ခေါင်းရှုပ်ခံ စဉ်းစားနေစရာ မလိုဘဲ အဆင်ပြေလွယ်ကူစွာ စိတ်တိုင်းကျ ဝယ်ယူနိုင်မယ့် မင်္ဂလာလက်ဖွဲ့ကဏ္ဍလေး တစ်ခုလည်း ဖြစ်ပါတယ်။

မင်္ဂလာလက်ဖွဲ့များကို ဝန်ဆောင်မှု ပြုလုပ်ပေးနေတဲ့ MingalarLetPhwet.com အခမဲ့ အွန်လိုင်းလက်ဖွဲ့ ဝန်ဆောင်မှုဝက်ဆိုက်ဒ်ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားသူမောင်နှံ အနေနဲ့   www.mingalarletphwet.com မှာ အရင်ဆုံး register လုပ်ဖို့ လိုအပ်ပါတယ်။ register အတွက် email ဒါမှမဟုတ် Facebook အကောင့်နဲ့ ပြုလုပ်လို့ရပါတယ်။Register လုပ်ပြီးရင် လက်ဖွဲ့စာရင်း စတင်လုပ်နိုင်ပါပြီ။ ဒီအဆင့်ကို ဆောင်ရွက်လို့ ပြီးရင်တော့ မင်္ဂလာမောင်နှံအမည်နဲ့ ကိုယ်ပိုင် mini website ရရှိမှာ ဖြစ်ပါတယ်။ အဲဒီ mini website link ကို လူမှုကွန်ရက်စာမျက်နှာ သို့မဟုတ် ဖိတ်စာထဲမှာ ရိုက်နှိပ်ဖော်ပြပြီး ဧည့်သည်တွေနဲ့ မျှဝေနိုင်ပါတယ်။

လက်ဖွဲ့ပစ္စည်းများ အနေနဲ့ မီးဖိုချောင်သုံးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ဝိုင်နှင့်ရှန်ပိန်များ၊ ဟန်းနီးမွန်းခရီးစဉ် Package များနှင့် ငွေသားလက်ဖွဲ့ (Gift Voucher) များ အပါဝင်အ ရည်အသွေးမြင့် ပစ္စည်းအမျိုးအစား ၅၀၀၀ ကျော်ရှိတဲ့အတွက် လက်ဖွဲ့ပစ္စည်းထပ်ခြင်းနဲ့ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးငွေအားဖြင့် ကျပ် ၃၀၀၀ မှ ကျပ်သိန်း ၃၀ ကျော်အထိရှိပြီး မင်္ဂလာဇနီးမောင်နှံနေအိမ်သို့ ပို့ဆောင်ခ အခမဲ့ဖြင့် အထူးဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

အခြားသော Online Shopping များကဲ့သို့ မှာယူဝယ်ယူသည့်ပစ္စည်း မိမိလက်ထဲ ရောက်ချိန် စိတ်တိုင်းမကျ ဖြစ်ခြင်းက ကင်းဝေစေသည့် အာမခံပေးတဲ့ အချက်ကတော့ နံမည်ကြီး အမှတ်တံဆိပ်ထုတ်ကုန် Brand ပစ္စည်းများနှင့်သာ ချိတ်ဆက်လုပ်ကိုင်ကာ ရောင်းချပေးခြင်းပဲ ဖြစ်ပါတယ်။ ဧည့်သည်တွေ အနေနဲ့လည်း လက်ဖွဲ့ကို အွန်လိုင်းက အလွယ်တကူ လက်ဆောင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်းခြင်းနဲ့ လိုက်ရှာဝယ်ယူရတဲ့ ဒုက္ခမှ ကင်းဝေးမှာ ဖြစ်ပါတယ်။

ဝယ်ယူသည့် ဧည့်သည်များ အနေနဲ့ ကျသင့်ငွေကို အွန်လိုင်းမှ ငွေချေခြင်းစနစ်ကို အသုံးပြုနိုင်သလို MPU၊ Visa Card၊ Master Card ၊Wave Money၊Ooredoo၊ Mobile Banking စနစ်ကို အသုံးပြုနိုင်ပါတယ်။ ဒါအပြင် ဘဏ်များမှတစ်ဆင့် ငွေလွှဲနိုင်ပါတယ်။ ငွေသားဖြင့် ပေးလိုသူများ အတွက်လည်း အိမ်တိုင်ရာရောက် ငွေကောက်ခံပေးမှာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်လိုသည့် ဇနီးမောင်နှံများ အနေနဲ့ လက်ရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး စတဲ့ မြို့ကြီးလေးမြို့မှာ Mingalar Let Phwet ဝန်ဆောင်မှုကို အသုံးပြုလို့ ရပါပြီ။ အသေးစိတ်အချက်လက်များအတွက် MingalarLetPhwet.com ဝက်ဆိုက်ဒ်အပြင် ၀၉-၇၆၉၇၈၆၄၀၈၊ ၀၉-၇၆၉၇၈၆၄၀၀ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။