News

POST TYPE

ADVERTORIAL

Vivo V7/V7+ စမတ်ဖုန်းသစ် စက်တင်ဘာ ၂၅ ရက်တွင် စတင်မိတ်ဆက်မည်
18-Sep-2017 tagged as Vivo

Vivo Mobile Myanmar Co., Ltd က Vivo စမတ်ဖုန်းသစ် V7/V7+ ကို စက်တင်ဘာ ၂၅ ရက်တွင် ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။

အဆိုပါ Launching Event ကို Novotel Hotel Yangon Ballroom တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မီဒီယာများကိုလည်း မကြာခင် ဖိတ်ကြားလွှာများ ပေးပို့သွားတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Vivo Myanmar အနေဖြင့် အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို ယခင်ပြုလုပ်ခဲ့ဖူးသည့် မိတ်ဆက်ပွဲ အခမ်းအနာများထက် ပိုမိုကြီးကျယ်ခမ်းနားစွာ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု Vivo Myanmar မှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားသည်။

V7/V7+ ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိတ်ဆက်ပေးသွားမည် ဖြစ်သော်လည်း ချက်ချင်းရောင်းချဦးမည် မဟုတ်ဘဲ ပထမဆုံး ရောင်းချမှု ပြုလုပ်မည့်ရက်ကို ထပ်မံကြေညာသွားမည်ဟု သိရပါသည်။

“အခုတစ်ခေါက် ပြုလုပ်ကျင်းပမယ့် Launching Event ကို အထူးပဲ အားစိုက်ပြီး ပြင်ဆင်ထားပါတယ်။ Event ကို ရောက်လာတဲ့ သူတိုင်းက အံ့အားသင့် ကျေနပ်သွားတဲ့ စိတ်ခံစားချက်ကို ပေးဖို့ရည်ရွယ်ပြီးတော့လည်း ပြုလုပ်ထားတာပါ။ ဒီ Event ကြီးမှာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးပါမယ်။ ပထမဦးဆုံး ရောင်းချမယ့် ရက်ကိုတော့ ထပ်ပြီး ကြေညာသွားမှာပါ။ Vivo ကို နှစ်သက်မြတ်နိုးကြတဲ့ Customer တွေအားလုံးလည်း ဒီ V7+ ကို တွေ့လိုက်တာနဲ့ အသုံးပြုချင်သွားမယ်၊ အသုံးပြုပြီးရင်လည်း ကျေနပ်အားရကြမယ်လို့ မျှော်လင့်ပါတယ်” ဟု Vivo ၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ V7+ သည် V5 နှင့် အရွယ်အစားချင်း တူညီသော်လည်း မျက်နှာပြင်မှာမူ ပိုမိုကျယ်ပြန့်သွားမည် ဖြစ်ကြောင်း သိရသည်။ ဘေးနှစ်ဘက်တွင် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့် အောက်တွင်လည်း နေရာလွတ် အနည်းငယ်သာ ချန်လှပ်ထားသည်။ ထိုသို့ မျက်နှာပြင်အတွက် နေရာပေးလိုက်ရသောကြောင့် Fingerprint ကို ဖုန်း၏ နောက်ကျောဘက်တွင် ထည့်သွင်းတည်ဆောက်ထားသည်ဟုလည်း သိရသည်။