News

POST TYPE

ADVERTORIAL

Vivo အနေဖြင့် FullView Display ပါဝင်သည့် V7+ ကို ယခုလအတွင်း မိတ်ဆက်သွားမည်
14-Sep-2017
ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက Vivo အနေဖြင့် ထုတ်ကုန်သစ် V7+ ကို မိတ်ဆက်ရောင်းချတော့မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါ V7+ ကို ပြည်တွင်းဈေးကွက်၍ ယခုလအတွင်း မိတ်ဆက်ပေးမည်ဟုလည်း သိရသည်။ 

Vivo အနေဖြင့် 20MP Softlight Camera ပါဝင်သည့် V5 ကို ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ချိရောင်းချပြီး ၈ လကျော် ကွာခြားသည့် အချိန်အတွင်း နောက်ထပ် ထုတ်ကုန်သစ်ကို ထပ်မံဖြန့်ချိ ရောင်းချခြင်း ဖြစ်သည်။

Vivo က ၎င်းတို့၏ ထုတ်ကုန်သစ်ကို ယခုလအတွင်းမှာပင် ခမ်းနားသိုက်မြိုက်စွာဖြင့် မိတ်ဆက်ပေးနိုင်ရန်အတွက် product launching ကို စီစဉ်နေပြီ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယခုမိတ်ဆက်ရောင်းချမည့် ထုတ်ကုန်သစ် V7+ မှာယခင် V5 series ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များ၊ Feature များ ပါဝင်လာမည်ဖြစ်ပြီး သုံးစွဲသူအားလုံး နှစ်ခြိုက်ကြမည်ဟု ယုံကြည်ထားကြောင်းလည်း Vivo မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟပြောဆိုထားသည်။



Vivo V7+ သည် High end product ဖြစ်ကြောင်း Vivo က အတည်ပြု ပြောကြားထားပြီး Vivo အနေဖြင့် အဆိုပါ ထုတ်ကုန်ကို နောက်ထပ်တစ်ဆင့် မြင့်မားလာမည့် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများ ပေးအပ်ရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းပြောဆိုထားသည်။

V7+ သည် Vivo မှ တရားဝင် မှတ်ပုံတင်ထားသည့် FullViewTM Display ကို အသုံးပြုထားသည့်အတွက် ကျဉ်းမြောင်းသည့် ဘောင်များကို အသုံးပြုထားပြီး ဖုန်းကိုယ်ထည် အထက်နှင့် အောက်တွင်လည်း နေရာလွတ် အနည်းငယ်သာ ချန်လှပ်ထားသည်။ ထို့ကြောင့် မျက်နှာပြင် အကျယ်အဝန်းသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။