News

POST TYPE

ADVERTORIAL

သင်မသိသေးသော HUAWEI Y7 Prime နှင့် Y5 2017 တို့၏ ထူးခြားချက် ၁၀ ချက်
14-Sep-2017
မကြာသေးမီကမှ ဖြန့်ချိခဲ့သောHUAWEI Y series စမတ်ဖုန်းများသည် လျင်မြန်ပြီး စတိုင်လ်ကျသော စမတ်ဖုန်း ခေတ်သစ်ကို ဖွင့်လှစ်ကြိုဆိုလိုက်ခြင်း ဖြစ်ပါသည်။ HUAWEI Y7 Prime နှင့် Y5 2017 တို့ကို မိမိတို့၏ ဖုန်းတစ်လုံးနှင့် အရာအားလုံးကိုဆောင်ရွက်ပြီးစီးလိုကြသော လွတ်လပ်တက်ကြွသည့် စမတ်ဖုန်းသုံးစွဲသူများအတွက် ရည်ရွယ်ဖန်တီးထုတ်လုပ်ထားပါသည်။ Y series ၏ ဒီဇိုင်းများ စမတ်ကျခြင်းမှစပြီး ကမ္ဘာ့အဆင့်မီ ကင်မရာ အသုံးပြုထားသည်အထိ ဖန်တီးပေးထားခြင်းသည် အချင်းချင်း အချိန်မရွေး ချိတ်ဆက်ကာ မနားတမ်း သုံးစွဲလိုကြသူ မျိုးဆက်သစ်တို့၏ လူနေမှုပုံစံနှင့် အံကိုက်ဖြစ်သွားသည်။

အခြားသော စမတ်ဖုန်း ကုမ္ပဏီများနည်းတူ HUAWEI မှလည်း ၎င်းတို့၏ ဖုန်းများကိုသာ သစ္စာရှိရှိ သုံးစွဲနေကြသူများ ပိုမိုများပြားလာစေရန်နှင့် သုံးစွဲသူတို့ ကျေနပ်ပျော်ရွင်ရန်အတွက် HUAWEI အနေဖြင့် ထူးခြားကောင်းမွန်သော ခြွင်းချက်မဲ့ စမတ်ဖုန်းအသစ်တစ်ခု ထုတ်လုပ်လျက် ရှိပါသည်။ မြင်လိုက်ရုံဖြင့် အကြိုက်တွေ့စေသည် သာမက ထိပ်တန်းအကောင်းစား လုပ်ဆောင်ချက်များ ပါရှိသော HUAWEI Y7 Prime နှင့် Y5 2017 တို့ကို လူများစု တတ်နိုင်လောက်သော ဈေးနှုန်းဖြင့် ရရှိနိုင်ပါသည်။ Huawei ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော လူတိုင်းစမတ်ဖုန်း ကိုင်နိုင်စေရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ၎င်းစမတ်ဖုန်းတစ်ခုစီ၏ ထိပ်တန်းထူးခြားချက် ၅ ခုမှာ -

HUAWEI Y7 Prime 

၁။ အရည်အသွေးမြင့် Access Point -ပိုမိုမြန်ဆန်၊ ပိုမိုလုံခြုံ၊ ပိုမိုစမတ်ကျသော လက်ဗွေမှတ် fingerprint scanner က လုံခြုံစိတ်ချရမှု အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။ 4000mAh ရှိသော ဘတ်ထရီမှ Smart Power-Saving နည်းပညာကို ထောက်ပံ့ပေးသည့်အတွက် သုံးစွဲသူတို့ သီချင်းနားထောင်ခြင်း၊ ဗီဒီယိုဂိမ်းများ ကစားခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်ခြင်းတို့အတွက် အဆင်ပြေစေပါသည်။ 

၂။ အံ့အားသင့်စေသောဒီဇိုင်း -၅.၅” အကျယ် မျက်နှာပြင် HD display ၏ အရောင်နှင့် ဂရပ်ဖစ်က ရင်သပ်ရှုမောသွားစေနိုင်သည်။ သုံးစွဲသူများ အနေဖြင့် 3D ပုံရိပ်များဖြင့် ဂိမ်းကစားခြင်း၊ ဗီဒီယိုနှင့် ဓာတ်ပုံကြည့်ခြင်းများကို သူတို့၏ စမတ်ဖုန်းများမှတိုက်ရိုက် မနားမနေ အသုံးပြုနိုင်သည်။ 

၃။ ဓာတ်ပုံရိုက်ရန်အသင့် - မျိုးဆက်သစ် စမတ်ဖုန်းကင်မရာတွင် ဓာတ်ပုံရိုက်ယူလိုသော အရာကို ဝ.၃ စက္ကန့်နှင့် Focus ချိန်ပေးနိုင်သည့် Phase Detection Auto Focus (PDAF) ပါရှိသဖြင့် လျှပ်တစ်ပြက်အတွင်း ကြည်လင်ထင်ရှားသော ပုံထွက်ကို ရစေပါသည်။ 1.25μm ကြီးမားသော pixels များကြောင့် လျင်မြန်စွာ ရွေ့လျားနေသော မြင်ကွင်းများနှင့် အလင်းရောင်နည်းသော နေရာများမှ ပုံရိပ်များကိုဖမ်းယူ ရိုက်ကူးနိုင်ပါသည်။ 

၄။ လျင်မြန်သော Solutionများ -  3GB RAM နှင့် 32GB ROM ပါရှိပြီး external memory ကို 128GB အထိ တိုးမြှင့်နိုင်ပါသည်။ အဆိုးဆုံးfile hoarder မှ အစအရာရာတိုင်းကို ထိထိရောက်ရောက် ချောချောမွေ့မွေ့ အလုပ်လုပ်နိုင်ပါသည်။

၅။ အဆင့်မြင့် Intelligence–HUAWEI ၏ ကိုယ်ပိုင် Emotion User Interface (EMUI) ကို HUAWEI Y7 Prime တွင် အဆင့်မြှင့်တင်ထားပါသည်။ EMUI 5.1 က ရှင်းလင်းလွယ်ကူသော interface ကို ထောက်ပံ့ပေးပြီး မကြာခဏ အသုံးပြုလေ့ရှိသော လုပ်ဆောင်ချက်များ၏ ၉၀ ရာခိုင်နှုန်းကို အဆင့်သုံးဆင့်တည်းနှင့် ပြီးစီးနိုင်ပါသည်။ မလိုလားအပ်သည့် မြောက်များစွာသော junk ကြော်ငြာများကိုလည်း notification မပြအောင် ပိတ်ထားနိုင်သည်။

HUAWEI Y7 Prime ကို ဈေးနှုန်း ၂၇၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ မီးခိုးရောင်နှင့် အနက်ရောင် စသည်ဖြင့် အရောင်အမျိုးမျိုး ဝယ်ယူရရှိနိုင်ပါသည်။ 

HUAWEI Y5 2017

၁။ အဆင်ပြေ ကောင်းမွန်လှသော အရွယ်အစား - သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး သုံးစွဲသူ၏ လက်ထဲမှ လွတ်မကျအောင် ကာကွယ်ထားနိုင်ပြီး ပါးပါးလျားလျားနှင့် အပ်ကျမတ်ကျ ကိုင်တွယ်နိုင်အောင် အရွယ်အစားပမာဏနှင့် ထုထည်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါသည်။

၂။ ကြာရှည်ခံခြင်း - ဖုန်းကို ဆက်တိုက်သုံးစွဲသူ လူငယ်တစ်ဦးအတွက် သိုလှောင်မှုစွမ်းအားမြင့် 3000 mAh ဘက်ထရီက ပုံမှန်သုံးလျှင် ၃၈ နာရီ၊ ဂိမ်းကစားလျှင် ၆ နာရီ၊ HD ဗီဒီယိုကြည့်လျှင် ၁၁ နာရီနှင့် တေးသီချင်း နားဆင်ခြင်းအတွက် ၅၃ နာရီ အသုံးခံပါသည်။ ထို့အပြင် အားသွင်းကြိုး အသွင်းအထုတ်ကို အကြိမ်ပေါင်း ထောင်ချီပြုလုပ်နိုင်သည်အထိ တာရှည်ခံသည်။

၃။ ပြစ်မျိုးမှဲ့ မထင်သည့် Selfies - အပျော်တမ်း ဓာတ်ပုံဆရာများပင် ကင်မရာကောင်းတစ်လုံး၏ အရေးပါမှုကို သိရှိကြပါသည်။ dual flash နှင့် Beautiful Skin 3.0 ပါရှိသော အဆင့်မြင့် intelligent camera က ရိုက်လိုက်တိုင်းတွင် Instagram သုံးရသည်နှင့် ထိုက်တန်သည့် selfie ပုံများ ရရှိစေပါသည်။ 

၄။ လွယ်ကူပြီး အဆင်ပြေခြင်း - နှစ်ကြိမ်တို့လိုက်လျှင် ကင်မရာပွင့်ခြင်း၊ Key ကို ခပ်ကြာကြာ ဖိထားလျှင် ကင်မရာ flash မီးပွင့်ခြင်း၊ ဓာတ်ပုံရိုက်နေစဉ် screen ပိတ်သွားလျှင် screen ကို တစ်ချက်တို့လိုက်၍ရခြင်း စသည်ဖြင့် shortcut တစ်ခုတည်းနှင့် လုပ်ဆောင်ချက်သုံးခု ဆောင်ရွက်နိုင်သဖြင့် သုံးရလွယ်ကူစေပါသည်။

၅။ အနုစိတ်လက်ရာ - သွယ်လျပြီး ချောမွတ်တောက်ပြောင်သော ပုံစံရှိပြီး ထူးခြားသော မျက်နှာပြင် အသားဖွဲ့စည်းမှု ရှိသည့် ဖုန်းနောက်ကျောဖုံးက အထူးဂရုတစိုက်ကိုင်တွယ်ရန်နှင့် device တွင်း အသေးစိတ် စူးစမ်းမှုပြုရန် သုံးစွဲသူအား သတိပြုစေပါသည်။

HUWEI Y5 2017 (4G) ကိုဈေးနှုန်း ၁၇၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ အဖြူနှင့် မီးခိုးဟူပြီး လှပသော အရောင်များ ရရှိနိုင်ပါသည်။ HUAWEI Y52017 (3G) ကိုမှု ဈေးနှုန်း ၁၄၉,၀၀၀ ကျပ်ဖြင့် ရွှေရောင်၊ မီးခိုး စသည့် အရောင်များ ရရှိနိုင်ပါသည်။