News

POST TYPE

ADVERTORIAL

City Mart က ထူးချွန်ကျောင်းသားသုံးဦးကို ပညာသင်ဆုပေးမည်
12-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၉

အဆင့်မြင့် ပညာရေးကို စိတ်ဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို စိတ်ဝင်စားသော လူငယ်သုံးဦးကို ရွေးချယ်၍ ပညာသင်ဆုပေးမည် ဖြစ်ကြောင်း City Mart Holding (CMHL) ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

ပညာသင်ဆု လျှောက်လွှာများကို ယခုလ (စက်တင်ဘာ) ၂၆ ရက် နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်တွင်  Pre-Collegiate Program (PCP) ကျောင်း၌ ဝင်ခွင့်စာမေးပွဲ စစ်ဆေးသွားမည် ဖြစ်သည်

ယခုပညာသင်ဆု အစီစဉ်သည် နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူမည့် လူငယ်များအတွက် ရည်ရွယ်၍ ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်ပြီးသင်တန်းကာလ (၁၆) လ ကြာမည်ဖြစ်သည်။

ယင်းသင်တန်းတွင် World Philosophies, Integrated Science, Comparative Literature, American History, SAT, TOFEL တို့ပါဝင်မည်ဖြစ်ပြီးပြင်ပသင်ခန်းစာများအဖြစ် Field Trips, Touchstones Discussions, News Room, Community Service, Guest Speakers, Cross-Cultural Exchanges နှင့် Internship များ ပါဝင်မည် ဖြစ်သည်။

သင်တန်းပြီးဆုံးလျှင် အမေရိကန်ပြည်ထောင်စု၊ ဟောင်ကောင် စသည့် ကမ္ဘာ့နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ဆုရရှိရန် ကူညီပေးမည်ဖြစ်သည်။ ယင်းအစီစဉ်ကို City Mart Holding (CMHL) ကုမ္ပဏီ၏ City Love & Hope ဖောင်ဒေးရှင်းနှင့် The Pre-Collegiate Program of Yangon (PCP) တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

City Love & Hope ဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး လူမှုသိတတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေး၊ ပညာရေး ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး၊ လူနေမှုဘဝ တိုးတက်မြင့်မားရေး လုပ်ငန်းများကို လုပ်ဆောင်နေသော အဖွဲ့အစည်း ဖြစ်သည်။

The Pre-Collegiate Program of Yangon (PCP) ကို ၂၀၁၃ ခုနှစ်တွင် Yale တက္ကသိုလ်မှ Ph.D. ပါရဂူဘွဲ့ ရရှိထားသော Dr. Jim Guyot, Dr. Dorothy Guyot, နှင့် Dr. U KhinMaung Win တို့ကစတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကို အမေရိကန် တက္ကသိုလ်များတွင် ပညာသင်ဆုဖြင့် တက္ကသိုလ် ပထမဘွဲ့ (Bachelors’ Degree) များကို သင်ကြားရရှိနိုင်ရန် ပြုစုပျိုးထောင်ပေးသောအဖွဲ့ ဖြစ်သည်။

စိတ်ပါဝင်စားသော လူငယ်များ အနေနှင့် လျှောက်လွှာများကို Pre-Collegiate Program (PCP) Website (www.precollegiateyangon.org)တွင် ဒေါင်းလုပ်ရယူပြီး [email protected] သို့ပေးပို့ လျှောက်ထားနိုင်ပြီး 3rd Floor, Building C, သိမ်ကြီးဈေး၊ ရွှေတိဂုံဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်သို့ လူကိုယ်တိုင် လာလျှောက်ထားနိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် The Pre-Collegiate Program (PCP) ကျောင်းတွင် စစ်ဆေးသွားမှာဖြစ်ပါသည်။ အသေးစိတ်အချက်ကို ဖုန်း၀၉-၇၃၀၇၉၈၄၆ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။