News

POST TYPE

ADVERTORIAL

Vivo ထုတ်ကုန်သစ်တွင် Shanghai MWC တွင်ပြသခဲ့သည့် feature များပါဝင်လာဖွယ်ရှိ
11-Sep-2017
Vivo စမတ်ဖုန်းကုမ္ပဏီကမကြာမီအချိန်အတွင်းထုတ်ကုန်သစ်တစ်ခုမိတ်ဆက်ဖြန့်ချိသွားမည်ဟုသတင်းများထွက်ပေါ်လာခဲ့ပြီးယင်းထုတ်ကုန်သစ်တွင် Shanghai MWC တွင် ပြသခဲ့သည့် Feature သစ်များပါဝင်လာဖွယ်ရှိသည် ဟုသတင်းများကဖော်ပြနေကြသည်။     

မော်ဒယ်မြင့်စမတ်ဖုန်းသစ်တစ်မျိုးထွက်ပေါ်မှုသည် ထူးဆန်းသည့်အခြေအနေမျိုးမဟုတ်သော်လည်း Shanghai MWC ပြပွဲကြောင့် Vivo ကိုစိတ်ဝင်တစားစောင့်ကြည့်နေမှုများလည်းရှိနေသည်။
Vivo အနေဖြင့်  ဇွန်လ ၂၈ ရက်နေ့ကကျင်းပခဲ့သည့် Shanghai MWC ပွဲတွင် Under Display fingerprint Scanning Solution အပြင် Digital Signal Processing (DSP) Photography Solution, Hi-Fi solution စသည်များကို ပြသခဲ့သည်။ 

Vivo အနေဖြင့် Qualcomm ၏ လက်ဗွေအာရုံခံစနစ်အပေါ် အခြေခံပြီးလုပ်ဆောင်ထားသည့် မျက်နှာပြင်အောက် လက်ဗွေဖတ်ခြင်းအဖြေကို ၎င်းတို့၏ စမတ်ဖုန်းများတွင် ထည့်သွင်းအသုံးပြုမည်ဆိုပါကမျက်နှာပြင်တွင် ခလုတ်မပါဝင်တော့ဘဲ ဖန်သားပြင်အပြည့် ဖြင့် ပွဲထွက်လာဖွယ်ရှိနေသည်။  Vivo ၏ ထုတ်ကုန်သစ်တွင် Under Display fingerprint ကိုထည့်သွင်းထုတ်လုပ်မည်လားဆိုသည်မှာစိတ်ဝင်စားဖွယ်ဖြစ်သည်။

စမတ်ဖုန်းကင်မရာစွမ်းရည်နဲ့ ပတ်သက်ပြီးအပြိုင်အဆိုင်ဖြစ်နေချိန်တွင် Vivo ကလည်း ၎င်းတို့၏ ထုတ်ကုန်များတွင် ကင်မရာအရည်အသွေးအဆင့်မြှင့်တင်မှုကိုလည်းအသုံးပြုသူများစိတ်ဝင်စားနေသည်။ ရှန်ဟိုင်း MWC ပြပွဲတွှု့် Vivo က နောက်ခံအလင်းချိန်ညှိခြင်းနဲ့ ညမြင်ကွင်းမှာဓာတ်ပုံရိုက်ကူးခြင်းတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ဖြေရှင်းမှုတွေ ကိုလည်းမိတ်ဆက်ပေးခဲ့ပါတယ်။  ယင်းအခြေအနေများကြောင့် V5 ထက် ဘယ်လိုမျိုးစွမ်းဆောင်ချက်တွေ ပိုကောင်းတဲ့ ကင်မရာစွမ်းဆောင်ရည်သစ်များကိုကိုထုတ်ကုန်သစ်တွင် ထည့်သွင်းပွဲထွက်လာမည်ကိုစောင့်ကြည့်ရမည်ဖြစ်သည်။  

Vivo က Hi- Fi အရည်အသွေး Head Phone ဖြင့် အထူးပြုလုပ်ထားသည့် DAC Decoder Chip ကိုလည်းမိတ်ဆက်ခဲ့သေးသည်။ Vivo က စမတ်ဖုန်းလောကတွင် Hi-Fi audio chip ကိုစတင်ထည့်သွင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး  ထုတ်ကုန်သစ်တွင် ယင်းအချက်ကိုမည်မျှအဆင့်မြှင့်တင်ထားမည်ကိုလည်းစောင့်ကြည့်ရမည်ဖြစ်သည်။

ယင်းအခြေအနေများကြောင့် Vivo ၏ ထုတ်ကုန်သစ်တွင် နည်းပညာသစ်များဖြင့် အသုံးပြုသူများကိုမိတ်ဆက်ဖွယ်ရှိနေပြီးမည်မျှဆန်းသစ်သည့်နည်းပညာများကိုထည့်သွင်းအသုံးပြုလာမည်ကိုမူစိတ်ဝင်စားဖွယ် ဖြစ်နေသည်။