News

POST TYPE

ADVERTORIAL

Vivo စမတ်ဖုန်းသစ် V7+ မကြာမီအချိန်အတွင်းထွက်ရှိမည်
09-Sep-2017 tagged as ဖုန်း

ပြည်တွင်းဈေးကွက်တွင်း၌ အရည်အသွေးမြင့် ကင်မရာပါဝင်သည့် V5 series ကို ဖြန့်ဝေခဲ့ပြီး ၈ လအကျော်တွင် Vivo အနေဖြင့် နောက်ထပ် ထုတ်ကုန်သစ်တစ်ခုဖြစ်သည့် V7+ကို ထပ်မံ မိတ်ဆက်ရောင်းချတော့မည်ဖြစ်ကြောင်း Vivo က သတင်းထုတ်ပြန်ထားသည်။

V5 သည် 20MP Softlight Camera ကြောင့် Selfie ဝါသနာရှင်များ အကြိုက်တွေ့ခဲ့သည့် ထုတ်ကုန်လည်း ဖြစ်ခဲ့သည်။ ထို့အပြင် Limited Edition အဖြစ် V5 Matte Black ကို ထုတ်လုပ်ရောင်းချခဲ့ရာမှာလည်း အောင်မြင်မှုများရရှိခဲ့သည်။

ပြိုင်ဘက် မိုလ်ဘိုင်းကုမ္ပဏီကြီးများကလည်း ပိုမိုကောင်းမွန်သည့် နည်းပညာများ၊ function များဖြင့် ထုတ်ကုန်သစ်များကို ထုတ်လုပ်ရောင်းချရန် ကြိုးပမ်းနေကြသည့်အချိန်တွင် Vivo ကလည်း MWC Shanghai တွင် ၎င်းတို့၏ တိုးတက်မှုများကို ပြသခဲ့သည်။

အဆိုပါပြပွဲကြောင့် လက်ရှိအချိန်တွင် Vivo ၏ ထုတ်ကုန်သစ် မှာ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလာခဲ့သည်။ အထူးသဖြင့် မြန်မာပြည်ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု မြင့်မားနေသည့် စမတ်ဖုန်းအမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစု ရယူရန်ကြိုးပမ်းလာမှုသည်လည်း စိတ်ဝင်စားဖွယ်ကောင်းနေခဲ့သည်။

နိုင်ငံတကာ နည်းပညာ website များနှင့် သတင်းများတွင်မူ Vivo အနေဖြင့် V Series ထုတ်ကုန်သစ်ကို မိတ်ဆက်တော့မည်ဖြစ်ကြောင်း ဖော်ပြနေသည်။ နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ Vivo ၏ ထုတ်ကုန်သစ်မှာ V7+ ဖြစ်ကြောင်းသိရပြီး အသေးစိတ်အချက်အလက်များကိုမူ အတိအကျဖော်ပြထားခြင်းမရှိပေ။ 

 Vivo ၏ ထုတ်ကုန်သစ်မှာ High end product သာဖြစ်ပြီး အရည်အသွေးမှာ V5 ထက် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။ အရည်အသွေးမြင့် ထုတ်ကုန်တစ်ခုအဖြစ်ထုတ်လုပ်ထားသော်လည်း V7+ ဈေးနှုန်းမှာ များစွာမြင့်မားသွားမည်မဟုတ်ကြောင်း သတင်းများက ဖော်ပြထားသည်။