POST TYPE
ADVERTORIAL
Huawei Product Review
19-Aug-2017
Y5 2017
Huawei ရဲ့ အသစ်ထွက်ရှိတဲ့ Y Family တွေထဲက တစ်ခုဖြစ်တဲ့ Y5 2017 က တန်ဖိုးသင့်ပြီး အရင် Y5 II ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်လာတဲ့ အသစ်ထွက်စမတ်ဖုန်းလေးဖြစ်ပါတယ်။
ပြန်လည်ဆန်းသစ်ထားသောဒီဇိုင်း
လက်ထဲမှာ ကိုင်ဆောင်ရာမှာ ကျစ်လျစ်မှုရှိခြင်း၊ ၅” အရွယ် မျက်နှာပြင်နဲ့ အရောင်စုံ ရရှိနိုင်ခြင်း၊ သေသပ်လှပပြီး အရောင်အသွေးစုံလင်စွာ ရရှိနိုင်ခြင်း၊ Y5 II ထက်စာရင် 2GB RAM နဲ့ 16GB ROM တို့ ပါဝင်သဖြင့် လုပ်ဆောင်ချက်မြန်ဆန်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
စွမ်းအားပြည့်ဝသော ဘက်ထရီ
အရင် Y5II ထက်စာရင် ၃၀၀၀ mAh ဘက်ထရီပါဝင်သဖြင့် ပိုမိုတာရှည်ခံပြီး တစ်နေ့တာလုံးအတွက် ပြည့်ဝသော အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
အသုံးဝင်တဲ့ Easy ခလုတ်
ကျစ်လျစ်သော ဖုန်း
ဖုန်းရဲ့အထူမှာ 8.35mm သာ ရှိတဲ့အတွက် လက်ထဲမှာ ကိုင်ရာ၌ ကျစ်ကျစ်လျစ်လျစ်နဲ့ ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
လှပသောဓါတ်ပုံများရရှိနိုင်ခြင်း
ကင်မရာမီးနှစ်ခုပါတဲ့အတွက် အမှောင်ထဲမှာ ဓါတ်ပုံရိုက်ရင်တောင် ပိုမိုတောက်ပတဲ့ ရုပ်ထွက်ရရှိနိုင်ပြီး လှပတဲ့ပုံတစ်ပုံရအောင် ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။
Selfie ရိုက်ကူးရာမှာလည်း လှပတဲ့ပုံထွက်ဖြစ်အောင် ထောက်ပံ့ပေးမယ့် Beauty Mode ပါဝင်တဲ့အတွက် ရိုက်လိုက်တဲ့ပုံတိုင်းက လှပနေပြီး ဖေ့ဘွတ်ခ်မှာ တင်ဖို့အတွက် ပုံရွေးနေစရာမလိုတော့အောင် ဖြစ်နေမှာပါ။
အသေးစိတ်အချက်အလက်များ
Y5 2017 ကို ၁၇၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အရောင်အနေနှင့် အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်၊ ရွှေရောင်နှင့် မီးခိုးရောင် တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ Y5 2017 ဝယ်ယူသူများအနေဖြင့် Telenor SIM ကတ်အတွင်း လစဉ် ငွေကျပ် သုံးထောင် ဖြည့်ရုံဖြင့် အင်တာနက် 800 MB အခမဲ့ သုံးစွဲခွင့်ကို ခြောက်လဆက်တိုက် ရရှိမည်ဖြစ်ပါသည်။
Y7 Prime
ပြိုင်ဆိုင်မှုတွေ များပြားလှတဲ့ စမတ်ဖုန်းစစ်ပွဲကြီးတွေကြားက ငွေကျပ် ၂သိန်းကျော်နဲ့ ကိုယ့်အတွက် အသင့်တော်ဆုံးဖုန်းတစ်လုံးကို ရွေးချယ်ရတာ တကယ်တော့မလွယ်ကူလှပါဘူး။ အထူးသဖြင့် တစ်စထက်တစ်စ ပိုမိုတိုးတက်လာတဲ့ ၂၀၁၇ ခုနှစ်ထဲမှာဆိုရင် ရွေးချယ်စရာတွေ အလွန်ကိုပဲ များပြားလှပါတယ်။ အဲ့ဒီထဲကမှ ဒီဇိုင်းပိုင်းလဲပိုမိုလှပပြီး စမတ်ဖုန်းတစ်လုံးထက်ကို ပိုမိုတဲ့ Huawei Y7 Prime အသစ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။
ဒီဇိုင်းပိုင်း
ဒီဇိုင်းပိုင်းမှာဆိုရင် ဘော်ဒီတစ်ခုလုံးကို သတ္တုနဲ့ဖုံးအုပ်ထားပြီးတော့ အလွန်သပ်ရပ်ပြီး လက်ရာမြောက်တဲ့ ပုံစံအဖြစ် မြင်တွေ့ရပါတယ်။ ၅.၅လက်မရှိတဲ့ HD မျက်နှာပြင်မှာ 2.5D အဆင့်ရှိတဲ့ မှန်သားနဲ့ လက်ရာမြောက်စွာ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် အထူးခြားဆုံးကတော့ ထောင့်စွန်းလေးဘက်စလုံးကို သဘာဝအတိုင်း လုံးဝန်းနေအောင် ပြုလုပ်ထားတဲ့အတွက် ကိုင်လိုက်တဲ့အခါမှာ ညီညာချောမွေ့နေတာကို တွေ့ရပါတယ်။ အထူကလည်း ၈.၃မီလီမီတာသာရှိတာမို့ ကိုင်ထားမှန်းမသိလောက်အောင်ကို ပါးလွှာပါတယ်။
လုပ်ဆောင်ချက်စနစ်များအပိုင်း
လုပ်ဆောင်ချက်စနစ်များအပိုင်းမှာဆိုရင်လဲ 4000 mAh ရှိတဲ့ဘက်ထရီပါဝင်လို့ သာမန်ဖုန်းတွေထက်ပိုပြီး တာရှည်ခံပါတယ်။ ဖုန်းအသုံးများတဲ့လူတွေအတွက် (၁) ရက်ခွဲခန့်တောက်လျှောက်သုံးနိုင်လို့ အားကုန်မှာ / ပါဝါဘဏ်ဆောင်ထားရမှာတွေ မပူရတော့ဘူးပေါ့ဗျာ။
အကောင်းဆုံးစွမ်းဆောင်ရည်ရရှိဖို့ Qualcomm Snapdragon 435 Octa core CPU အပါအဝင် 3GB RAM , သိမ်းဆည်းဖို့အတွက် 32GB တောင် ပါတဲ့အပြင် SD ကတ် ထပ်တိုးနိုင်သေးတော့ ဘာလာလာ အကုန်သိမ်းနိုင်တာပေါ့ဗျာ။ ဒါ့အပြင် ၀.၃ စက္ကန့်နဲ့ မျက်နှာပြင်ဖွင့်နိုင်တဲ့ လက်ဗွေစနစ်လဲ ပါဝင်တော့ လုပ်ဆောင်ချက်ကတော့ ပြောစရာမလိုတော့ပါဘူး။ Y7 Prime မှာ ပါတဲ့ fingerprint က လော့ခ်ဖွင့်ရုံသာ မဟုတ်ပါဘူး။
၁) ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးရာတွင် shutter ခလုတ်အဖြစ်အသုံးပြုနိုင်ခြင်း၊
၂) ဖုန်းလာလျှင် fingerprint sensor ပေါ်သို့လက်တင်၍ ဖုန်းဖြေကြားနိုင်ခြင်း၊
၃) နှိုးစက်ပိတ်ခြင်း၊
၎) sensor ရဲ့အပေါ်မှအောက်သို့ပွတ်ဆွဲလိုက်လျှင် notification bar ဆွဲချနိုင်ခြင်း၊ ဆွဲချထားချိန်တွင် sensor ပေါ်သို့လက်နှစ်ချက်ပုတ်လိုက်လျှင် notification များကို clear လုပ်ပြီး notification bar ကို အပေါ်တင်နိုင်ခြင်း၊ sensor အောက်မှအပေါ်သို့ ပွတ်ဆွဲလိုက်လျှင် notification bar ကို အပေါ်သို့ပြန်တင်နိုင်ခြင်း၊
၅) ဓါတ်ပုံများကြည့်ရှုရာမှာ ဘယ်၊ညာ ပွတ်ဆွဲလိုက်ရုံနဲ့ ဓါတ်ပုံများကို ပြောင်းလဲဖော်ပြပေးနိုင်ခြင်း အစရှိတဲ့ လုပ်ဆောင်ချက်များလဲ ပါဝင်ပါတယ်။ မိမိလက်ဗွေရာကို register လုပ်ရာမှာ လက်ဗွေဆိုင်ရာ အချက်အလက်များကို chipset တစ်ခုမှာ သီးသန့် encrypt လုပ်ပြီး သိမ်းဆည်းထားတဲ့အတွက် ဖုန်းပျောက်သွားရင်လည်း မိမိလက်ဗွေရာ အချက်အလက်များကို အခြားလူ ခိုးယူလို့ရမှာ မဟုတ်တဲ့အတွက် လွန်စွာမှ စိတ်ချရပါတယ်။
ဓါတ်ပုံရိုက်ကူးခြင်း အရည်အသွေး
12MP wide aperture ပါဝင်တဲ့ အနောက်ကင်မရာတပ်ဆင်ထားတဲ့အပြင် မျက်နှာပြင်ရဲ့ တစ်လက်မ ပါတ်လည်မှာ ပါဝင်တဲ့ အစက်အရွယ်အစား 1.25um ရှိတာကြောင့် ဓါတ်ပုံအရောင်အရည်အသွေး ပိုမိုကောင်းမွန်တဲ့အပြင် အလင်းအားနည်းတဲ့ နေရာတွေမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုလည်း အလင်းပံ့ပိုးနိုင်စွမ်း မြှင့်တင်ပေးပါတယ်။
8MP ရှိတဲ့ အရှေ့ကင်မရာမှာ Beauty Mode ဖြင့်လည်း ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ၀.၃ စက္ကန့်အတွင်း အလိုအလျောက် ဆုံချက် ချိန်နိုင်မှု Phase Detection Autofocus (PDAF) စနစ်လည်း ပါဝင်ပါတယ်။
ထိုကဲ့သို့သော hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းများ အကောင်းဆုံး ပေါင်းစပ်အသုံးပြုထားတာကြောင့် Y7 Prime နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေက အပြင်လောကမှာ မိမိမျက်စိနဲ့ မြင်တွေ့ရသလို သဘာဝအတိုင်း ရိုက်ချက်များကို ပေးစွမ်းနိုင်ပါတယ်။
Huawei ဖုန်းအချင်းချင်း ဓါတ်ပုံများ၊ ဖိုင်လ်များ ဝေမျှနိုင်သော Huawei Share
Huawei Y7 Prime တွင် သာမန် ဘလူးတုဒ် (Bluetooth) ထက် အဆ ၁၀၀ မြန်တဲ့ Huawei Share ပါဝင်ပါတယ်။ Huawei Share ကို Huawei ဖုန်းအချင်းချင်း ဓါတ်ပုံများ ဝေမျှရာ၊ ဖိုင်လ်များ ဝေမျှရာမှာ အသုံးပြုနိုင်ပါတယ်။ လွယ်ကူပြီး မြန်ဆန်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။
မျက်စိမထိခိုက်စေသော လုပ်ဆောင်ချက်
အရောင်ရဲ့ အပူချိန်နဲ့ မျက်စိကို ထိခိုက်စေတဲ့ အပြာရောင်အလင်းတန်းတွေကို စစ်ထုတ်ပေးနိုင်တဲ့အတွက် စမတ်ဖုန်းအသုံးများမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ မျက်စိထိခိုက်မှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။
Huawei Y7 Prime ကို ၂၇၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အရောင်အနေနှင့် ရွှေရောင်၊ မီးခိုရောင်နှင့် ငွေရောင် တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ Huawei Y7 Prime ဝယ်ယူသူများအနေဖြင့် Telenor SIM ကတ်အတွင်း လစဉ် ငါးထောင်ကျပ်ဖြည့်ရုံနှင့် အင်တာနက်အခမဲ့သုံးစွဲခွင့် 1GB နှင့် လစဉ် Telenor အချင်းချင်း မိနစ် ၆၀ အခမဲ့ပြောဆိုခွင့်တို့ကို ခြောက်လဆက်တိုက် ရရှိနိုင်မည်ဖြစ်ပါသည်။
Y3 2017 Product Review
ဟွာဝေ မှ တန်ဖိုးသင့်ပြီးသုံးစွဲရအဆင်ပြေစေမည့် ၂၀၁၇ ခုနှစ်ထုတ် Y3 2017 ဖုန်းအသစ်လေးတစ်မျိုးကိုမိတ်ဆက်လိုက်ပါပြီ။ ယခုထွက် ရှိလာသော Y3 2017 မှာအရင် ထွက်ရှိခဲ့သော Y3 II ထက် ဈေးနှုန်းအားဖြင့်များစွာကွာခြားမှု မရှိဘဲဖုန်း၏ မျက်နှာပြင် အရွယ်အစား၊ ကင်မရာနှင့် ဘက်ထရီပိုင်းတို့ကိုပိုမိုကောင်းမွန်လာအောင် အဆင့်မြင့်တင်ထားပါသည်။ကင်မရာပိုင်းမှာဆိုရင် အနောက်ကင်မရာကို 8MP နှင့်အပါချာ 2.0 ဖြင့်အားဖြည့်ထားပြီးတော့ ဆဲလ်ဖီကင်မရာကို 2MP ရှိသောလှပခြင်းမုဒ်ဖြင့် ပါဝင်အားဖြည့်ထားလို့ ကျေနပ်နှစ်သက်မှုကိုပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် ၅လက်မရှိသော မျက်နှာပြင်နဲ့ အရောင်းမျိုးစုံကိုလဲရွေးချယ်စရာအဖြစ် ရရှိနိုင်သေးတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
ဒါတင်မကသေးပဲ 85.5 dbတောင်ရှိတဲ့ အလွန်ကျယ်လောင်တဲ့စပီကာနဲ့လဲအသံပိုင်းဆိုင်ရာကိုအားဖြည့်ပေးထားသေးတယ်လေ။ chipset ပိုင်းဆိုင်ရာစွမ်းဆောင်ရည်အနေနဲ့ကတော့MTK Quad core 1.3 GHz ရှိတဲ့ ပရော်ဆက်ဆာ , 1GB RAM မှတ်ဥာဏ်နဲ့ 8GB ရှိတဲ့ အချက်အလက်သိမ်းဆည်းနိုင်စွမ်းလဲပါဝင်ပါတယ်။အခြားစိတ်ဝင်စားစရာတစ်ခုအနေနဲ့ကတော့ Android 6.0 နဲ့စတင်လာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဟွာဝေရဲ့ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ မျက်လုံးကိုသက်သာစေသည့်မုဒ် (Eye comfort) ကလဲကူညီအားဖြည့်ပေးထားပါတယ်။
Y6 II Prime
Y6II Prime မှာ ကြီးမားတဲ့ ၅.၅ လက်မ မျက်နှာပြင်ပါရှိပြီး 720p HD resolution ဖြင့် ပုံရိပ်များကို အရောင်တောက်ပစွာဖော်ပြပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာလဲ လက်ထဲမှာ ဆုပ်ကိုင်ထားချိန်မှာ မကြီးနေဘဲ ကျစ်လစ်သိပ်သည်းမှုရှိတဲ့အပြင် အနောက်ဖုံးကာဗာမှာ စွဲမက်ဖွယ်ကောင်းတဲ့ လှိုင်းတွန့်သဏဏ္ဍာန် မျက်နှာပြင်နဲ့ ဖုံးအုပ်ပေးထားတာကြောင့် လက်နဲ့အထိအတွေ့မှာလဲ သက်တောင့်သက်သာရှိလှပါတယ်။
Huawei ကိုယ်ပိုင်ထုတ် Chipset တစ်ခုဖြစ်တဲ့ Kirin 620 processor မှာလဲ အမြန်နှုန်း Octa-core 1.2GHz ရှိတဲ့အပြင် 64bit CPU အမျိုးအစားဖြစ်တာကြောင့် လုပ်ငန်းတာဝန်တွေကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Y6II နဲ့ အဓိက ကွာခြားချက်မှာ RAM ပမာဏ 3GB နဲ့ ဒေတာတွေကို ပိုမိုသိမ်းဆည်းနိုင်ဖို့အတွက် 32GB ROM ကို တိုးမြှင့်အသုံးပြုထားပါတယ်။ ဒါ့အပြင် SD ကတ်ကိုလည်း 128 GB အထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။
ဖုန်းရဲ့ လုပ်ဆောင်ချက်မြန်ဆန်ရုံနဲ့ ကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်တယ်လို့ မပြောနိုင်သေးပါဘူး။ ဖုန်းအသုံးပြုရတာ ကောင်းပေမဲ့ ကြာရှည်အသုံးမခံရင် အချည်းနှီးသာဖြစ်ပါတယ်။ Huawei Y6II Prime မှာ 3000 mAh ပမာဏရှိတဲ့ ဘက်ထရီကို ထည့်သွင်းပေးထားတဲ့အပြင် စွမ်းအင်ချွေတာရေးနည်းပညာကိုလည်း အသုံးပြုထားတာကြောင့် ဖုန်းကို အားအပြည့်သွင်းထားရင် တစ်ရက်ကျော် အသုံးခံပါတယ်။
မြန်မာနိုင်ငံမှာ ဖုန်းအော်ပရေတာ (၃)ခုရှိတဲ့အတူ ဖုန်းအသုံးပြုသူတွေမှာလဲ တစ်ခုထက်ပိုတဲ့ ဖုန်းနံပါတ်တွေကို အသုံးပြုလျက်ရှိပါတယ်။ Huawei Y6II Prime မှာ လက်ရှိအော်ပရေတာတွေမှာ ထုတ်လွှင်ထားတဲ့ 4G ကွန်ယက်တွေကို ထောက်ပံ့ပေးနိုင်တဲ့အပြင် SIM ကတ် ၂ ကတ်ကိုလဲ တပြိုင်နက် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ တစ်ကတ်မှာ 4G၊ 3G အသုံးပြုရင် အခြားတစ်ကတ်မှာ 2G သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Huawei Y6II Prime ရဲ့ ထူးခြားချက်တစ်ခုကတော့ High End ဖုန်းတွေမှာ SIM ကတ် ၂ ကတ် သုံးရင် SD ကတ် အသုံးပြုလို့မရဘဲ SD ကတ် သုံးရင် SIM ကတ် ၁ ကတ်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Huawei Y6II Prime မှာ SIM ကတ် ၂ ကတ် အသုံးပြုနေချိန်မှာ SD ကတ် ထပ်မံစိုက်ပြီး အသုံးပြုနိုင်ပါတယ်။
Huawei Y6 II Prime ကို ၂၂၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကာ အရောင်အနေနှင့် ရွှေရောင်၊ အဖြူရောင်နှင့် အနက်ရောင်တို့ကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ Y6 II Prime ဝယ်ယူသူများအနေဖြင့် Telenor SIM ကတ်အတွင်း လစဉ် ငါးထောင်ကျပ်ဖြည့်ရုံနှင့် အင်တာနက်အခမဲ့သုံးစွဲခွင့် 1GB နှင့် လစဉ် Telenor အချင်းချင်း မိနစ် ၆၀ အခမဲ့ပြောဆိုခွင့်တို့ကို ခြောက်လဆက်တိုက် ရရှိနိုင်မည်ဖြစ်ပါသည်။
- VIA
- Voice Admin
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019